Thursday, November 20, 2025

မောတောင်ဖက် စစ်ကူလာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်...


မောတောင်ဖက် စစ်ကူလာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်... 

နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၁ နိုဝင်ဘာ ၂၀၂၅)

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ မောတောင်မြို့ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေဟာ တနသာၤရီ-ဘုတ်ပြင်း လမ်းပိုင်းကနေ မောတောင်ဖက် ဦးတည်ပြီး ထပ်ထိုးလာနေတဲ့အတွက် ကားလမ်းမကြီးဘေးနားရှိ သိန်ခွန်းရွာဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ Dawei Watch က ဖေါ်ပြပါတယ်။

နိုဝင်ဘာ ၁၄ မှာ မောတောင်ကို သိမ်းပြီးနောက် ၁၅ ရက်နေ့ကတည်းက စစ်ကောင်စီရဲ့ စစ်ကူတပ်တွေ တနသာင်္ရီဖက်ကနေ သိန်းခွန်းဖက် တက်လာနေတယ်၊ လေကြောင်းကရော၊ ကားတွေနဲ့ပါ စစ်ကူတွေ ပို့နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် သိန်ခွန်းဝန်းကျင်မှာ ၁၅ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေပြီး ၂ ဖက် ထိခိုက်မှုရှိနိုင်တယ်လို့ စစ်ဖက် သတင်းရပ်ကွက်တွေက ပြောပါတယ်။

ဒါ့အပြင်...

- သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့နယ်တွေအတွင်း စစ်ကောင်စီတပ်နဲ့ AA အာရက္ခတပ်တော် ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဖက်က သေဆုံး ဒဏ်ရာရသူများနေ...

- TNLA က ဒီလကုန်ရင် မိုးကုတ်မြို့ကို စစ်ကောင်စီလက်ထဲ ပြန်အပ်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် မိုးကုတ်မြို့ခံ အတော်များများ မြို့ကနေ ထွက်ပြေးနေ...

- မြဝတီမြို့နယ်တွင်းရှိ Vegas မြို့က ကျားဖြန့် စင်တာတွေကို စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ် BGF တို့ ဝင်ရောက်စီးနင်းရာမှာ နိုင်ငံခြားသား ၉၀၀ ကျော်ဖမ်းမိ၊ လက်ကိုင်ဖုန်း ၂ သောင်းကျော် သိမ်းမိ...

- အရပ်သား ကာကွယ်ရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေးအပါဝင် မြန်မာ့နိုင်ငံရေးအခြေအနေတွေကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သြစတေလျ နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More