Sunday, November 2, 2025

မင်းလက်ပံတိုက်ပွဲ လက်နက်များစွာသိမ်းမိ... နတ်ရေကန်စခန်းက စစ်သား ၂၀ ကျော်...


မင်းလက်ပံတိုက်ပွဲ လက်နက်များစွာသိမ်းမိ... နတ်ရေကန်စခန်းက စစ်သား ၂၀ ကျော် CDF ဖမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၃ နိုဝင်ဘာ ၂၀၂၅)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွက တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးမှုများပြီး လက်နက်၊ ခဲယမ်းများစွားသိမ်းမိတယ်လို့ ကျားသစ်နက်စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၃၁ မှာ မြဝတီမြို့နယ်တွင်းရှိ ရသေ့ဂူ၊ မင်းလက်ပံ ၊ ဖလူးကျေးရွာတွေဖက် အင်အားအလုံးအရင်းနဲ့ထိုးလာစဉ် တိုက်ခိုက်တာဖြစ်ပြီး ၆၀ စိန်ပြောင်းတွေအပါဝင် လက်နက်တွေ၊ ခဲယမ်းတွေများစွာသိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- နတ်ရေကန်ဗျူဟာကုန်းဆီ စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၂၆ ဦးကို လက်ရဖမ်းမိပြီး လက်နက်တွေလည်း သိမ်းမိ...

- ဆိပ်ဖြူအခြေစိုက် ( ကပစ ) ၂၂ ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက အနီးကပ် စောင့်ကြည့်နေစဉ် ရွာထဲ ပစ္စည်းဝင်ခိုးတဲ့ စစ်သား ၃ ဦးကို လက်ရဖမ်းဆီး၊ သေနတ် ၂ လက်သိမ်းမိ...

- ဆားတောင်မြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၅ ဦးသေ၊ ၁၀ ဦးဒဏ်ရာရကာ လက်နက်ငယ် တလက်နဲ့ ခဲယမ်းတွေ သိမ်းမိ...

- မာင်းမကန်ကမ်းခြေအနီးရှိ ကရင်ကြီးနဲ့ ကမ်းပနီရွာတိုက်ပွဲတွေအတွင်း စစ်တပ်ဖက် ၈ ဦးသေပြီး ဒဏ်ရာရသူများ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More