Tuesday, November 25, 2025

ကြို့ပင်ကောက်တိုက်ပွဲ စစ်ကောင်စီ အထိနာ... ကျားဖြန့်နှိမ်နှင်းရေး KNU ဆော...


ကြို့ပင်ကောက်တိုက်ပွဲ စစ်ကောင်စီ အထိနာ... ကျားဖြန့်နှိမ်နှင်းရေး KNU ဆောင်ရွက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၆ နိုဝင်ဘာ ၂၀၂၅)

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်တပ်ဖက်က ၅ ဦးသေဆုံး၊ လက်နက် ၃ လက် သိမ်းမိတယ်လို့ PDF အမှတ်(၂)စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ (၂၃)၊ မနက်ပိုင်းမှာ ဝင်တိုက်တာဖြစ်ပြီး ဒုရဲအုပ်ကျော်ဇင်ထွန်းနဲ့ ၅ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ၊ G4 တလက်၊ G3 တလက်၊ အူဇီ တလက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- နတ်မောက်မြို့နယ်၊ ကျောက်တန်းရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၁၀ ဦးသေဆုံး...

- ချောက်မြို့နယ်က စစ်ကောင်စီတပ်သား ၄ ဦး သေနတ်တလက်နဲ့အတူ ချောက်မြို့နယ် (ပကဖ) ထံ ခိုလှုံ...

- ခလရ (၄၁၈) က စစ်မှုထမ်းတပ်သား (ပစ)တဦးဟာလည်း MA 1 တလက်နဲ့အတူ နိုဝင်ဘာ ၂၃ က  အညာမြေတပ်ပေါင်းစုထံ ခိုလှုံ...

- မောတောင်ကို ပြန်တိုက်ခိုက်ဖို့ တနသာင်္ရီဖက်ကနေ စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား သိန်ခွန်းရွာဝန်းကျင်မှာ ၁၀ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဖက်က ထိခိုက်မှုများ...

- ကျားဖြန့်နှိမ်နင်းရေးဆောင်ရွက်ဖို့ နိုင်ငံတကာဖက်က ဝိုင်းကူပေးရန် KNU တိုက်တွန်း...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More