Wednesday, November 5, 2025

မြင်းခြံက ပျုစခန်း PDF သိမ်းပိုက်... သရက်ချောင်းတိုက်ပွဲ သေနတ် ၇ လက်ရရှိ...


မြင်းခြံက ပျုစခန်း PDF သိမ်းပိုက်... သရက်ချောင်းတိုက်ပွဲ သေနတ် ၇ လက်ရရှိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၆ နိုဝင်ဘာ ၂၀၂၅)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာရှိ စစ်တပ်နဲ့ ပျုစောထီး အခြေချစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းသိမ်းပိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးသူများတယ်လို့  မြင်းခြံခရိုင်၊ အမှတ်(၇) တပ်ရင်း၊  zero ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၄ ရက်၊ မွန်းလွဲ ၂ နာရီခန့်မှာ ဝင်တိုက်တာဖြစ်ပြီး တိုက်ပွဲအချိန် မိနစ် ၂၀ ခန့်ကြာတယ်၊ ဘန်ကာတွေကို RPG နဲ့ ပစ်ခတ်ဖြိုခွင်းနိုင်တဲ့အတွက် စစ်တပ်နဲ့ ပျုဖက်က သေဆုံးသူများပြီး ကျန်လူတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- အရာတော်မြို့ပေါ်ရှိ စစ်တပ်အထိုင်းစခန်း၊ အမှတ် ၂ ဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သားတွေအားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားပြီး စစ်ပစ္စည်းအချိုု့ သိမ်းမိ...

- တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့် ဗန်မော်တိုက်ပွဲ ငြိမ်သွားတယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ မြေပြင်အခြေအနေနဲ့ကွဲလွဲနေပြီး ဗန်းမော်မှာ တိုက်ပွဲတွေ နေစဉ်ဖြစ်နေဆဲလို့ KIA က ပြော...

- သရက်ချောင်းမြို့နယ်မှာ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်တပ်ဘက်က ၁၃ ဦးသေဆုံး၊ သေနတ် ၇ လက်နဲ့ ခဲယမ်းတွေ သိမ်းမိ...

- ပုလောမြို့မှာ ပြည်သူတွေအပေါ် ငွေညှစ်ခြိမ်းခြောက်နေတဲ့ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ သက်တောင်စောင့် ပြည်သူ့စစ် တဦးကို အသေဖမ်းဆီးမိပြီး သေနတ်တလက်သိမ်းမိ...

- ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ ကနေ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်က စစ်သား ၂ ဦး ထွက်ပြေးလာပြီး RPG တလက်၊  MA4 တလက်တို့ ပါရှိလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More