Saturday, November 8, 2025

“အမေရိကားမှာနေရင် အမေရိကန်တယောက်လို စဉ်းစားတွေးခေါ်ဖို့ လိုပါတယ်”


“အမေရိကားမှာနေရင် အမေရိကန်တယောက်လို စဉ်းစားတွေးခေါ်ဖို့ လိုပါတယ်”

- ဦးအောင်မိုးဝင်း (နိုင်ငံရေး လေ့လာသုံးသပ်သူ)

(၈ နိုဝင်ဘာ ၂၀၂၅)

“အမေရိကားမှာနေရင် အမေရိကန်တယောက်လို စဉ်းစားတွေးခေါ်ဖို့ လိုပါတယ်၊ မြန်မာပြည်ကပါလာတဲ့ ခွဲခြားဆက်ဆံမှု အကျင့်ဟောင်းတွေကို ဖျောက်ဖျက်ပြီး လွတ်လပ်စွာတွေးခေါ်စဉ်းစားဖို့လိုတယ်” လို့ နယူးယောက်မြို့မှာ နေထိုင်တဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးအောင်မိုးဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပတဲ့ နယူးယောက်မြို့တော်ဝန်ရွေးပွဲမှာ အသက် ၃၄ နှစ်သာရှိသေးတဲ့ ရွှေ့ပြောင်းအခြေချ လူငယ်တဦးဖြစ်သူ Zohran Mamdani မြို့တော်ဝန်ဖြစ်လာတဲ့ အခြေအနေ၊ ဒီလိုဖြစ်လာတဲ့အပေါ် အမေရိကားရောက် မြန်မာအချို့က မကျေနပ်သလိုလို ပြောဆိုနေတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- နယူးယောက်မြို့တော်ဝန်ရွေးပွဲကို မြန်မာတွေ ဘာကြောင့် စိတ်ဝင်စားနေတာလဲ...

- Zohran Mamdani ရဲ့ ထူးခြားတဲ့အရည်အချင်းတွေက ဘာတွေလဲ...

- ဒီလို လူငယ်တဦး မြို့တော်ဝန်ဖြစ်လာတာကို ဂုဏ်ယူလေးစားရမယ့်အစား မြန်မာအချို့က ဝေဖန်နေတာ ဘာကြောင့်လဲ...

- နိုင်ငံကြီးသားတွေရဲ့ “ခွဲခြားဆက်ဆံမှုမရှိ - တဦးချင်းစီရဲ့ အရည်အချင်းကိုသာကြည့်” တဲ့ စံသတ်မှတ်မှုအသစ်ကို မြန်မာတွေ ဘယ်လိုလေ့လာသင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More