Tuesday, November 11, 2025

“မြေပြင်မှာ မဲမဆွယ်ရဲလို့ အွန်လိုင်းပေါ်မဲဆွယ်ရာကနေ ဒီဂျီတယ် ဖမ်းဆီးမှုတ...


“မြေပြင်မှာ မဲမဆွယ်ရဲလို့ အွန်လိုင်းပေါ်မဲဆွယ်ရာကနေ ဒီဂျီတယ် ဖမ်းဆီးမှုတိုးလာတာဖြစ်တယ်”

- ဦးတိုးဇော်လတ် (လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ)

(၁၂ နိုဝင်ဘာ ၂၀၂၅)

“မြေပြင်မှာ မဲမဆွယ်ရဲလို့ အွန်လိုင်းပေါ်မဲဆွယ်ရာကနေ ဒီဂျီတယ် ဖမ်းဆီးမှုတိုးလာတာဖြစ်တယ်၊ ပြည်သူတွေအနေနဲ့ ဒီဂျီတယ် လုံခြုံရေးအခြေခံတွေ လေ့လာထားသင့်တယ်” လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောပါတယ်။

ရွေးကောက်ပွဲကို ဝေဖန်လို့ဆိုပြီး လူ ၉၅ ဦးကို တလအတွင်းဖမ်းဆီးလိုက်တာ၊ အွန်လိုင်းစောင့်ရေးအဖွဲ့ကို -ကာလုံ- ကိုယ်တိုင်ဦးစီးဆောင်ရွက်နေတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- ရွေးကောက်ပွဲကို ဝေဖန်လို့ ဖမ်းဆီးခံရသူ ဘယ်လောက်များနေပြီလဲ...

- အွန်လိုင်းစောင့်ကြည့်ရေးအဖွဲ့ကို -ကာလုံ- ကိုယ်တိုင် ဦးစီးဆောင်ရွက်နေတာ ဘာကြောင့်လဲ...

- ဝေဖန်တဲ့ အနုပညာရှင်တွေကိုဖမ်းဆီးပြီး မဝေဖန်ရဲတဲ့ အနုပညာရှင်တွေကို ခြိမ်းခြောက်နေသလား...

- ဒီဂျီတယ် လုံခြုံရေးအတွက် ဘာတွေ ဆောင်ရွက်ထားသင့်သလဲ...

- မပြိုင်ခင်ကတည်းက စစ်ဗိုလ်ဟောင်းတွေအနိုင်ရနေပြီးသား ရွေးကောက်ပွဲမှာ ဘာကြောင့် ပြည်သူတွေကို ထပ်ဖမ်းဖို့ လိုနေသေးတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

 #BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More