Tuesday, November 4, 2025

“မိုးကုတ်-မိုးမိတ်ကာကွယ်ရေးဟာ အညာဒေသ တော်လှန်ရေးတပ် အားလုံးရဲ့ တာဝန်ဖြစ်...


“မိုးကုတ်-မိုးမိတ်ကာကွယ်ရေးဟာ အညာဒေသ တော်လှန်ရေးတပ် အားလုံးရဲ့ တာဝန်ဖြစ်တယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၄ နိုဝင်ဘာ ၂၀၂၅)

“မိုးကုတ်-မိုးမိတ်ကာကွယ်ရေးဟာ အညာဒေသက တော်လှန်ရေးတပ်တွေအားလုံးရဲ့ တာဝန်ဖြစ်တယ်၊ မန္တလေး PDF နဲ့ ပူးပေါင်းပြီး အားလုံးတိုက်ပွဲဝင်ဖို့လိုတယ်၊ မိုးကုတ်-မိုးမိတ်ကို စစ်ကောင်စီကရသွားရင် အညာဒေသတခုလုံးကို စစ်တပ်က ထိုးစစ်ဆင်မှာမို့ ဒါကို ကာကွယ်ဖို့ အရေးကြီးတယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

တရုတ်ရဲ့ဖိအားပေးမှုအရ မိုးကုတ်-မိုးမိတ်ကနေပြန်ဆုတ်ပြီး စစ်ကောင်စီနဲ့အပစ်ရပ်လိုက်တဲ့ TNLA ရဲ့ လုပ်ရပ်ကြောင့် ဘာတွေဆက်ဖြစ်လာနိုင်သလဲ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- TNLA က အပစ်ရပ်တာ တရုတ်ဖိအားအပြင် အခြားဖိအားတွေရှိသေးလား...

- ဗမာလူမျိုးကြီးဝါဒနဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးရေးဝါဒကို ဘယ်လို တိုက်ဖျက်ကြမလဲ...

- TNLA မပါပဲ PDF တွေချည်း မိုးကုတ်-မိုးမိတ်ကို ဘယ်လိုကာကွယ်မှာလဲ...

- အညာဒေသက PDF တွေအတော်များများ မိုးကုတ်-မိုးမိတ်ဒေသဆီ စစ်ကူရောက်နေကြပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(တရုတ်ဖိအားကြောင့် KIA နဲ့ AA တို့လည်း စစ်ကောင်စီနဲ့စကားပြောရတာမျိုုး ဖြစ်လာနိုင်သလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More