တပ်မ ၂၂ က စစ်သား ၂ ဦး လက်နက်ချ... ဝက်လက်တိုက်ပွဲ စစ်သား ၁၀ ကျော်သေဆုံး... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၁၀ နိုဝင်ဘာ ၂၀၂၅)
ကရင်ပြည်နယ်၊ ကော့ကရိတ် မြောက်ပိုင်း နဘူး/ရင်ခွဲတောင်လမ်းခွဲကနေ မြပတိုင်/ ထီးဖိုးစံရွာလမ်းပိုင်းအတွင်း ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ဖက်က အရာရှိ ၂ ဦးအပါအဝင် ၅၀ ကျော် သေဆုံး၊ ၃၀ ကျော်အထိ ဒဏ်ရာရတယ်လို့ Karen Information Center က ဖေါ်ပြပါတယ်။
နိဝင်ဘာ ၁ ရက်နေ့ကစပြီး ခမရ ၅၄၇၊ ၅၄၈၊ ၅၄၉ တပ်ရင်း ၃ ရင်းက အင်အားတွေနဲ့အတူ DKBA ဗိုလ်ဘိတပ်ဖွဲ့၊ BGF နယ်ခြားစောင့်တပ် ဗိုလ်မြလှိုင်တပ်ဖွဲ့တွေ မြပတိုင်၊ ထီးဖိုးစံဖက် စစ်ကြောင်းထိုးဝင်လာစဉ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ကြားဖြတ်တိုက်ခိုက်စဉ် အခုလို သေဆုံးရတာလို့ဆိုပါတယ်။
ဒါ့အပြင်...
- လေးကေကော်ဒေသအတွင်း စစ်ကြောင်းထိုးနေတဲ့ တပ်မ(၂၂)က စစ်သား ၂ ဦး သေနတ် ၂ လက်နဲ့အတူ ဗိုလ်ဒါဘောထံ ခိုလှုံလာ...
- ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA အာရက္ခတပ်တော်ကြား ၂ ရက်ဆိုက် တိုက်ပွဲပြင်းထန်ပြီးနောက် စစ်တပ်ဖက်က သေဆုံးမှုများစွာနဲ့ စစ်ကြောင်း နောက်ပြန်လန်သွား...
- ဝက်လက်မြို့နယ်၊ ရွာသာကြီးစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သား ၁၇ ဦးသေဆုံး ...
- ဆိပ်ဖြူ ကပစ ၂၂ ကနေ ပေါက်မြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ် ခမရ ၁၄ (ကျောက်ဆည်) က စစ်မှုထမ်း (ပစ) တဦးဟာ MA 1 တလက်နဲ့အတူ ပေါက်မြို့နယ် ပကဖ ထံ ခိုလှုံလာ...
- လောင်းလုံးမြို့ပေါ်ရှိ ကြံ့ခိုင်ရေးပါတီရုံးခန်းကို တော်လှန်ရေးတပ်ဖွဲ့တခုက ဝင်ရောက်တိုက်ခိုက်...
- KK Park က အဆောက်ဦ (၁၀၁) လုံးကို ဖြိုဖျက်ရှင်းလင်းပြီးဖြစ်တယ်၊ နောက်ထပ် (၄၇) လုံး ဆက်ဖြိုနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment