Thursday, November 13, 2025

“ကျားဖြန့်လုပ်ငန်းက မြန်မာပြည်အတွင်းပိုင်းကိုရောက်သွားနိုင်တယ်”


“ရွှေကုက္ကူက ကျားဖြန့်ဆရာကြီးကိုဖမ်းလိုက်တော့ ကျားဖြန့်လုပ်ငန်းက မြန်မာပြည်အတွင်းပိုင်းကိုရောက်သွားနိုင်တယ်”

- စတီဗင်စန်းယု (ထိုင်းနိုင်ငံအရေး ကျွမ်းကျင်သူ)

(၁၃ နိုဝင်ဘာ ၂၀၂၅)

“ရွှေကုက္ကူက ကျားဖြန့်ဆရာကြီး ရှီကျိကျန်း ကို ထိုင်းကဖမ်းပြီး တရုတ်ကို ပို့လိုက်တဲ့အတွက် ကျားဖြန့်လုပ်ငန်းဟာ နယ်စပ်ကနေ မြန်မာပြည်အတွင်းပိုင်းကိုရောက်သွားနိုင်တယ်” လို့ နိုင်ထိုင်ငံအရေး ကျွမ်းကျင်သူ စတီဗင်စန်းယုက ပြောပါတယ်။

ရွှေကုက္ကူမြို့သစ်ကို စတင်တည်ထောင်သူ ရှီကျိကျန်းကို ထိုင်းကဖမ်းပြီး မနေ့က တရုတ်ကို ပို့လိုက်တဲ့အတွက် ကျားဖြန့်လုပ်ငန်းတွေ ရပ်ဆိုင်းသွားနိုင်သလား၊ စစ်ကောင်စီက KK Park ကို ရှင်းလင်းနေတာဟာ ဒီသတင်းနဲ့အချိန်ကိုက် ဟန်ပြလုပ်ဆောင်နေတာလား... စသဖြင့် BNN သတင်းဌာက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- ရှီကျိကျန်းကို တရုတ်က ဘယ်လိုအရေးယူ ဆောင်ရွက်ဖွယ်ရှိသလဲ...

- ရှီကျိကျန်းကို တရုတ်ပို့ချိန်နဲ့ KK Park ကို စစ်ကောင်စီတပ် ဝင်စီးချိန် ဘာကြောင့် တိုက်ဆိုင်နေတာလဲ...

- စစ်ကောင်စီက KK Park ကို ဝင်စီးဟန်ပြပြီး ရွှေကုက္ကူကိုကျ လက်ဖျားနဲ့တောင် မတို့ပဲ ထားတာ ဘာကြောင့်လဲ...

- နယ်စပ်မှာ ကျားဖြန့်ဖမ်းပွဲတွေတိုးလာတဲ့အတွက် ကျားဖြန့်လုပ်ငန်းတွေ မြန်မာပြည်အတွင်းပိုင်းကို ရောက်သွားနိုင်သလား...

- မင်းအောင်လှိုင်နဲ့ စောချစ်သူက ကျားဖြန်လုပ်ငန်းကို တကယ်စွန့်လွှတ်မှာလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More