Friday, November 7, 2025

တီးတိန်တိုက်ပွဲ စစ်သား ၄၀ ခန့်သေဆုံး... ရေနံသာရဲစခန်း PDF သိမ်းပိုက်...


တီးတိန်တိုက်ပွဲ စစ်သား ၄၀ ခန့်သေဆုံး...  ရေနံသာရဲစခန်း PDF သိမ်းပိုက်...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၈ နိုဝင်ဘာ ၂၀၂၅)

ချင်းပြည်နယ်၊ တီးတိန်မြို့ကနေ သိုင်းငင်းဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ချင်း တော်လှန်တပ်ရေးတွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က အနည်းဆုံး ၄၀ ခန့်သေဆုံးပြီး သုံ့ပန်းအချို့ဖမ်းမိ၊ လက်နက်တွေလည်း သိမ်းမိတယ်လို့ ချင်းညီနောင် (CB) က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၉ ကစပြိး အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းတခု တီးတိန်ကနေ သိုင်းငင်းဖက် ထိုးလာတယ်၊ နေ့စဉ်တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၆ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ရွာသား ၁၄ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင်...

- ဘုတလင်မြို့နယ် ဇီးတောရွာက်နေ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၆ ဦးသေပြီး ဒဏ်ရာရသူလည်းများ...

- သရက်ခရိုင် ၊ သရက် - ကံမ လမ်းပိုင်း ၊ ရေနံသာကျေးရွာရှိ စစ်ကောင်စီ အထိုင်ချစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၆ ဦးသေဆုံး...

- ကော့ကရိတ်မြို့မြောက်ပိုင်း ထီဖိုးစံ/မိဖာလဲ ကျေးရွာတွေဖက် စစ်ကြာင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးဆောင်တဲ့ မဟာမိတ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးမှုများပြီး လက်နက်တွ သိမ်းမိ...

- မင်းပြားနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သား သေဆုံးမှုများ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More