၀က်လက်တိုက်ပွဲ စစ်ကောင်စီတပ် စစ်ကြောင်းအလိုက် ထပ်ပြုတ်... လေးမျက်နှာဖက်မှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂၇ နိုဝင်ဘာ ၂၀၂၅)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကွေ့ရွာကနေ ပုဏ္ဏားကျေးရွာဖက်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က ၄၀ နီးပါးသေဆုံး၊ လက်နက် ၃၀ ကျော်သိမ်းမိတယ်လို့ ပြည့်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့- ဝက်လက်က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၃၊ မနက် ၈ နာရီခွဲကနေ ညနေ ၆ နာရီခွဲအထိ တနေကုန် တိုက်ပွဲဖြစ်ပြီး ဗိုလ်ကြီး ဆန်းညွန့်ထွန်း- ဦးစီးတဲ့ တပ်မ ၃၃ လက်အောက်ခံ (ခမရ-၁၁)/(ခလရ-၄၂)/ပျူစောထီး ပူးပေါင်းအင်အား ၁၂၀ ခန့်ထဲက ၃၅ ဦးသေဆုံး၊ အများအပြားဒဏ်ရာရကာ စစ်ကြောင်းပျက်ပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
သိမ်းမိလက်နက်တွေထဲမှာတော့ ၆၀ မမ ပြောင်းရှည် ၁ လက်၊ ပြောင်းတို ၃ လက်၊ RPG- ၁ လက်၊ ငါးကြင်းမှီး-စက်လတ် ၂ လက်၊ MA1- ၁၁ လက်၊ MA2- ၃ လက်၊ MA3- ၁၀ လက်၊ စနိုက်ဘာ -၁ လက်၊ ဂျန်ဘာ-၁ လုံးအပါဝင် ခဲယမ်းများစွာ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။
ဒါ့အပြင်...
- ဖားကန့်မြို့နယ်၊ ကုဋေမှော်နဲ့ ဆန်းကြွယ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA ကချင်လွတ်လပ်ရေးတပ်မတော် ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က အနည်းဆုံး ၄ ဦးသေ...
- ဖယ်ခုံ - ပင်လောင်းဖက်ကို စစ်ကောင်စီတပ်နဲ့ PNO ပအိုဝ် ပြည်သူ့စစ်တွေ စစ်ကြောင်းထိုးဝင်လာတဲ့အတွက် ကရင်နီတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေ...
- နတ်တလင်းမြို့နယ်၊ ရှားဖြူကုန်းကျေးရွာရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၂ ဦးသေ၊ ကျန်လူတွေထွက်ပြေး၊ ဆိုင်ကယ်တွေနဲ့ စစ်သုံးပစ္စည်းအချို့ သိမ်းမိ...
- တနင်္သာရီမြို့နယ်၊ သစ်ပင်ခြောက်ရွာအနီး စခန်းချထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၄ ဦးသေဆုံး...
- လေးမျက်နှာမြို့နယ်၊ သဲနုကုန်းရွာ ဝန်းကျင်ရှိ စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းတချို့ကို AA အာရက္ခတပ်တော် ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment