မောတောင် ကုန်သွယ်ရေးမြို့ကို KNLA သိမ်းပိုက်... နေပြည်တော်အနီးအထိ တော်လှန်ရေးတပ်တွေ ဝင်တိုက်...နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၁၅ နိုဝင်ဘာ ၂၀၂၅)
တနသာင်္ရီတိုင်း၊ မြိတ်ခရိုင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ မောတောင်ကို KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးဆောင်တဲ့ တော်လှန်ရေး တပ်ပေါင်းစုက နိုဝင်ဘာ ၁၄ မှာ အပြီး သိမ်းပိုက်လိုက်ပြီလို့ KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။
၃ ရက်ဆက် တိုက်ပွဲပြင်းထန်ပြီးနောက် ၁၄ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်သား ၆၀ ခန့် စခန်းစွန့်ခွာပြီး ထိုင်းဖက်ထွက်ပြေးသွားတယ်၊ ၄၀ ကျော်ကို သုံ့ပန်းအဖြစ် ဖမ်းမိတယ်၊ ၁၂၀ မမ ၂ လက်အပါဝင် လက်နက်များစွာ သိမ်းမိတယ်လို့ ပဒိုစောအယ်နားက BNN ကိုပြောပါတယ်။
မောတောင်ကုန်သွယ်ရေးဂိတ်ဟာ မြိတ်ဒေသနဲ့ ထိုင်းနိုင်ငံ ပရာကျွန်ခရိုင်အကြား အရေးအပါဆုံး ကုန်သွယ်ရေးစခန်းကြီးဖြစ်သလို တနသာင်္ရီတိုင်းအတွက် ပထမ ဆုံး မြို့သိမ်းတိုက်ပွဲလည်းဖြစ်ပါတယ်။
ဒါ့အပြင်...
- ရေးမြို့နယ်မြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား တဦသေ၊ ၂ ဦးဒဏ်ရာရ...
- နေပြည်တော်၊ ဥတ္တရသီရိ တပ်ကုန်းမြို့နယ်ရှိ ရတနာမြေအခြေပြု လုံခြုံရေး ကင်းစခန်းကို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဝင်ရောက်တိုက်ခိုက်စီးနင်း...
- လားရှိုး–သီပေါ ပြည်ထောင်စုလမ်းမကြီးကနေ နိုဝင်ဘာ ၂၀ ရက် နောက်ဆုံးထားပြီး MNDAA တပ်တွေ ပြန်ဆုတ်ပေးရမယ်လို့ စစ်ကောင်စီက ဖိအားပေးနေတဲ့အတွက် စစ်ကောင်စီနဲ့ MNDAA ကိုးကန့်တပ်အကြား စစ်ရေး အခြေအနေ တင်းမာနေ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment