Wednesday, November 12, 2025

ကန့်ဘလူတိုက်ပွဲ စစ်ကောင်စီတပ် စစ်ကြောင်းအလိုက်ပြုတ်... မောတောင် နယ်စပ် တ...


ကန့်ဘလူတိုက်ပွဲ စစ်ကောင်စီတပ် စစ်ကြောင်းအလိုက်ပြုတ်... မောတောင် နယ်စပ်ကုန်သွယ်ရေးမြို့မှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ....

(၁၃ နိုဝင်ဘာ ၂၀၂၅)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ဘက်ကနေ ခင်ဦးမြို့နယ်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က ၅၀ ခန့်သေဆုံး၊ ၁၅ ဦးဖမ်းမိ၊ လက်နက် ၂၀ နီးပါးရရှိတယ်လို့ ဓူဝံ ပကဖ နဲ့ ခင်ဦးမြို့နယ် သတင်းမှန်အဖွဲ့က  သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၂၊ မနက် ၉ နာရီခန့်မှာ တပ်မ ၃၃ လက်အောက်ခံ အင်အား ၁၀၀ ကျော်ပါ  စစ်ကြောင်းကို ကန့်ဘလူမြို့နယ် ယင်းတိုက်ရွာအနီး တိုက်ခိုက်တာလို့ ဆိုပါတယ်။ 

သိမ်းမိလက်နက်တွေထဲမှာ G3  ၇ လက်၊  ကာဘိုင်  ၅ လက်၊ MA စီးရီး ၇ လက်၊ ဒရုန်း ၁ စင်း၊ ဂျန်ဘာ အကြီး  ၁ လုံးနဲ့ ခဲယမ်းများစွာပါဝင်တာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- မိုးမိတ်မြို့ ကာကွယ်ရေးအတွက် ဆောင်ရွက်နေတဲ့ ABSDF နဲ့  PDF တွေကို KIA -က  ကူညီပေးမယ်...

-  လောင်းလုံးမြို့အနီးက ညင်းမော်ရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်ပြီး ရွာသူ ၂ ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရ...

- မြိတ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပေါ်ရှိ မောတောင်မြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီးနောက် စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် မြို့လယ်က ဈေးကြီး မီးလောင်သွားပြီး ဒေသခံတွေ ထွက်ပြေးနေရ...

- ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်းနဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်းရဲ့ ပဲ့ကိုင်ရှင်  ရှီကျိကျန်း (She Zhijiang) ကို ထိုင်းအာဏာပိုင်တွေက တရုတ်အာဏာပိုင်တွေဆီ လွဲပြောင်းပေး...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More