Monday, November 17, 2025

ကပစ တွေအနီး PDF တိုက်ခိုက်... ကျားဖြန့်တွေကို တကယ်အရေးယူမယ်လို့ BGF ပြော..


ကပစ တွေအနီး PDF တိုက်ခိုက်... ကျားဖြန့်တွေကို တကယ်အရေးယူမယ်လို့ BGF ပြော... နောက်ဆုံးရ တိုက်ပွဲသတင်းများ....

(၁၈ နိုဝင်ဘာ ၂၀၂၅)

ချင်းပြည်နယ်မြောက်ပိုင်းရှိ ဝေဘုလမြို့ကနေ ဖလမ်းမြို့ဆီ အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းတခု ထိုးဝင်လာတဲ့အတွက် နိုဝင်ဘာ ၁၇ မနက် ၈ နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ခိုနူမ်းသုန်က ဖေါ်ပြပါတယ်။

“မနက် ၈ နာရီလောက်က စပြီး မဏီပူရ တလျှောက်မှာ ထိတွေ့မှုရှိနေပါတယ်။ မွန်းလွဲ ၂ နာရီနဲ့ ၃ နာရီကြားမှာ Y 12 နဲ့ရော ဂျက်ဖိုက်တာပါ ဗုံးကြဲတယ်၊ တိုက်ပွဲက အတော်ပြင်းထန်နေတယ်” လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့  CNO/ CNDF ပြောခွင့်ရ ဆလိုင်းတင်မီက ပြောပါတယ်။

ဒါ့အပြင်...

- ကျောမြို့  ကပစ (၂၃) လမ်းပေါ်ရှိ အမှတ်(၂) ရွှေပင်ရွာ စစ်ကောင်စီဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်တပ်ဖက်က ထိခိုက်မှုများနိုင်...

- ဆင်ပေါင်ဝဲမြို့နယ် (ကပစ- ၈) ကနေ ထွက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို တော်လှန်ရေးတပ်တွက ကြားဖြတ်တိုက်ခိုက်ရာမှာ ဗိုလ်ကြီးတဦးအပါဝင် စစ်သား ၃ ဦးသေဆုံး၊ သေနတ် ၂ လက်နဲ့ခဲယမ်းတွေ သိမ်းမိ...

-  နွားထိုးကြီးမြို့နယ်အတွင်း တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားသစ်  (ပစ) တဦးဟာ ခဲယမ်းတွေယူလာပြီး နိုဝင်ဘာ ၁၆ ရက်နေ့က နွားထိုးကြီး PDF ထံ ခိုလှုံလာ...

- တနင်္သာရီမြို့အနီး၊ အောက်ကင်းရွာ အခြေအစိုက် ခမရ ၅၅၇ က တပ်သားသစ် (ပစ) တဦးဟာလည်း MA-1 (၁)လက်၊ ခဲယမ်းတွေနဲ့အတူ တနသာၤရီ ပကဖ ထံ ခိုလှုံလာ...

- ရွှေကုက္ကိုလ်မြို့သစ်အပါအဝင် ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက် အခြေစိုက်လုပ်ကိုင်နေတဲ့ ကျားဖြန့်တွေကို ဒီတခါ တကယ်အရေးယူတော့မယ်လို့ ကရင်နယ်ခြားစောင့်တပ်-BGF ကပြော...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More