Sunday, November 23, 2025

ကျားဖြန့်လုံခြုံရေး တပ်သား ၂၀ ကျော်နဲ့ လက်နက် ၂၀၀ နီးပါး ဖမ်းမိ... ခင်ဦး...


ကျားဖြန့်လုံခြုံရေး တပ်သား ၂၀ ကျော်နဲ့ လက်နက် ၂၀၀ နီးပါး ဖမ်းမိ... ခင်ဦးဖက်မှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၄ နိုဝင်ဘာ ၂၀၂၅)

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ မင်းလက်ပံရွာနဲ့ အင်ကြင်းမြိုင်ရွာဘက်မှဖြစ်ပွားတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲအတွင်း DKBA တပ်ဖွဲ့ဝင် ၂၀ေ ကျာ်ကို လက်နက် ၁၀၀ ကျော်နဲ့အတူ ဖမ်းဆီးမိတယ်လို့ Karen Information Center က ဖေါ်ပြပါတယ်။

နိုဝင်ဘာ ၂၁ မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေစဉ် အင်ကြင်းမြိုင်ရွာ အဝင်လမ်းမဘေးရှိ DKBA - ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်က လုံခြုံရေးယူပေးထားတဲ့ (ကျားဖျန့်) ခြံဝင်းဘက်က သေနတ်ပစ်ခတ်မှုလုပ်ဆောင်တဲ့အတွက် အဲဒီနေရာကို KNLA နဲ့ မဟာမိတ်တွေက ဝင်ရောက်စီးနင်း ဖမ်းဆီး သိမ်းပိုက်လိုက်တာလို့ ဆိုပါတယ်။

သိမ်းမိတဲ့ လက်နက်တွေ၊ ဖမ်းထားတဲ့လူတွေရဲ့ မှတ်တမ်းပုံတွေကို ထိုင်းမီဒီယာတွေမှာလည်း ဖေါ်ပြထားတာတွေ့ရပြီး လက်နက်မျိုးစုံ ၁၇၀ အထိရှိတယ်လို့ မီဒီယာတွေက ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- ဇီကုန်းမြို့ပေါ်ရှိ KTV မှာ လာရောက် ပျော်ပါးနေတဲ့ စစ်သားနဲ့ ရဲ ၇ ဦးကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ ၇ ဦးစလုံးသေဆုံးပြီး သေနတ် တလက်နဲ့ ခဲယမ်းတွေ သိမ်းမိ...

- သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ်ကားလမ်းပေါ်ရှိ မင်းဒပ်ရွာက လူနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှိ့နေပြီး နေအိမ်အတော်များများ မီးလောင်နေ...

- ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဝါသဝ‌ ဦးဆောင်တဲ့ ပျုစောထီးတပ် ပူးတွဲစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်ကြောင်းအလိုက် ပြုတ်သွားတဲ့သဘောရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေ...

- ပေါက်မြို့နယ်မှာ စက်တပ်လေထီး ပျက်ကျလို့ လာရှာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးသေ၊ ၃ ဦးက လက်နက်ချ...

- ယင်းမာပင်မြို့နယ် စစ်ကြောင်း ( YMB Column ) စစ်ရေးပြ အခမ်းအနားကို နိုဝင်ဘာ ၂၁ က ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More