Tuesday, November 25, 2025

“သမ္မတထရမ့် အစိုးရရဲ့ မူဝါဒက နည်းနည်းတော့ ပြောင်းလာတယ်”


“သမ္မတထရမ့် အစိုးရရဲ့ မူဝါဒက နည်းနည်းတော့ ပြောင်းလာတယ်”

- ဦးရင်အေး (Save Myanmar - USA)

(၂၅ နိုဝင်ဘာ ၂၀၂၅)

“သမ္မတထရမ့် အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒက နည်းနည်းတော့ပြောင်းလာတယ်၊ ကျားဖြန့်ကိစ္စက အမေရိကန်လူထုကို တိုက်ရိုက်ထိခိုက်တာကြောင့် အခုလို ပြောင်းလာတာလို့ ယူဆပါတယ်။ ဒါပေမယ့် သူက တော်ကြာနေ တမျိုးပြောင်းရင် ပြောင်းတတ်တယ်” လို့ ဝါရှင်တန်အခြေစိုက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ Save Myanmar - USA အဖွဲ့က ဦးရင်အေးက ပြောပါတယ်။

ကျားဖြန့်နှိမ်နှင်းရေး အထူးတပ်ဖွဲ့တာ၊ ရွေးကောက်ပွဲဟာ စစ်မှန်မှုမရှိဘူးလို့ လွှတ်တော်အမတ်တချို့ဖက်က ထုတ်ပြောလာတာတွေဟာ ထရမ့်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ပြောင်းလဲလာမှုလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- အိမ်ဖြူတော်ရှေ့ဆန္ဒပြပွဲတွေက ဘယ်လောက် ထိရောက်မှုရှိနိုင်သလဲ...

- အမေရိကန်လွှတ်တော်အတွင်း မြန်မာ့အရေး စတင်ပြောဆိုလာတာဟာ အမေရိကန်ဖက်က သဘောထား ပြောင်းလဲလာမှုလား...

- ကျားဖြန့် နှိမ်နင်းရေး အထူးတပ်ဖွဲ့ ဖွဲ့ခြင်းက မြန်မာအပေါ် အမေရိကန်မူဝါဒ ပြောင်းလဲလာခြင်းလား...

- အမေရိကန် မူဝါဆိုင်ရာစဉ်းစားသူတွေဆီ သတင်းမှန်တွေရောက်ရှိရေးအတွက် ဒီမိုကေရစီအင်အားစုတွေ ဘာဆက်လုပ်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒီမေးမြန်းချက်ဟာ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေကို ယာယီနေထိုင်ခွင့် TPS (Temporary Protected Status) ဖျက်သိမ်းမယ်လို့ မကြေညာခင် တနင်္ဂနွေညပိုင်းက ပြုလုပ်ထားတာဖြစ်ပါတယ်။)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More