အောင်ပွဲခံ ဓာတ်ပုံရိုက်နေတဲ့ စစ်သားတွေ AA ဗုံးစာမိ... ယောချောင်းတိုက်ပွဲ စစ်သား ၂၀ ခန့်သေဆုံး... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၁၇ နိုဝင်ဘာ ၂၀၂၅)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အောင်ပွဲခံ ဓါတ်ပုံရိုက်နေစဉ် AA အာရက္ခတပ်တော်က ဒရုန်းနဲ့ ဗုံးကြဲတဲ့အတွက် စစ်သားတွေ အုပ်စုလိုက်သေဆုံးတဲ့ ဗွီဒီယိုတခု ဆိုရှယ်မီဒီယာမှာ ပြန့်နေပါတယ်။
မင်းပြင်ကျေးရွာက ရေဒါစခန်းကို AA ဖက်က ဆုတ်ပေးလိုက်ပြီးနောက် စစ်ကောင်စီတပ်သားတွေ အနိုင်ရပြီထင်ပြီး စခန်းရှေ့မှာ အုပ်စုလိုက် အောင်ပွဲခံမှတ်တမ်း ရိုက်နေစဉ် ဒရုန်းဗုံးကျလာတာကို အဲဒီ ဗီဒီယိုထဲ တွေ့ရပါတယ်။
ဒါ့အပြင်...
- သဲဖြူရွာကနေ မောတောင်မြို့ဖက် စစ်ကူပို့မယ့် စစ်သား ၁၀၀ ကျော်ထဲက ၄၀ ခန့် လက်နက်ချဟု သတင်းထွက်ပေါ်နေ...
- ဆိပ်ဖြူ ကပစ ၂၂ ကနေ ပေါက်မြို့နယ် တောင်ပိုင်းဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၂၀ နီးပါးသေ၊ လက်နက် ၅ လက်သိမ်းမိ...
- ရေစကြို ခလရ ၂၅၆ က စစ်သားတဦးဟာ သေနတ် ၂ လက်နဲ့အတူ ရေစကြို ပကဖ ထံ ခိုလှုံလာ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment