Monday, November 3, 2025

ကျောက်ဖြူတိုက်ပွဲ စစ်တပ်ဖက်က စစ်ကြောင်းအလိုက်ပြုတ်... မိုးကုတ်- မိုးမိတ်...


ကျောက်ဖြူတိုက်ပွဲ စစ်တပ်ဖက်က စစ်ကြောင်းအလိုက်ပြုတ်... မိုးကုတ်- မိုးမိတ်ကို PDF ဆက်ကာကွယ်မယ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၄ နိုဝင်ဘာ ၂၀၂၅)

တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းဒေသကို စစ်ကောင်စီတပ်က ကြည်း-ရေ-လေ သုံးပြီး ထိုးစစ်ဆင်လာတဲ့အတွက် AA အာရက္ခတပ်တော်နဲ့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။

ဒါဟာ အရင် စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးနေရာကနေ ၂ ကြောင်းပြုတ်ပြီးတဲ့နောက် လက်ကျန်စစ်ကြောင်းကို အင်အားထပ်ဖြည့်ပြီး ထပ်မံထိုးလာတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင်...

- မုံရွာမြို့တဖက်ကမ်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်အတွင်းရှိ တရုတ်ပိုင် မြန်မာဝမ်ဘောင်နဲ့ မြန်မာယန်စီ ကြေးနီစက်ရုံတွေဟာ အမည်မသိအဖွဲ့တွေရဲ့ ၃ ကြိမ်ဆက်တိုက် လက်နက်ကြီးနဲ့အပစ်ခံရပြီးတဲ့နောက် လုပ်ငန်းတွေကို ယာယီ ရပ်ဆိုင်း...

- TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့တွေဟာ မိုးကုတ်ကနေ နိုင်ဝင်ဘာ ၂၅ မတိုင်မီ ထွက်ခွာဖို့ပြင်ဆင်နေတယ်လို့ သတင်းထွက်ပေါ်နေ...

- ဖာပွန်ခရိုင်၊ (မူတြော်ခရိုင်) တပ်မဟာ (၅) ဒေသအတွင်း အောက်တိုဘာလမှာ တိုက်ပွဲပေါင်း ၁၂၀ ကျော်ဖြစ်ခဲ့ပြီး စစ်သား ၃၄ ဦးသေဆုံး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More