ကစပ ၁၆ အနီး တိုက်ပွဲထပ်ဖြစ်... မိုးကုတ်မြို့ထဲ စစ်တပ်ဝင်လာဟုဆို... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂၈ နိုဝင်ဘာ ၂၀၂၅)
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဆင်လန်စခန်းနဲ့ ပွိုင့် ၆၆၆ စခန်းကုန်းဖက် စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်ကို AA အာရက္ခတပ်တော်နဲ့ မဟာမိတ်တွေက ပိတ်ဆို့တိုက်ခိုက်တဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။
ကပစ ၁၆ အနီးရှိ ကာကင်းစခန်း ပွိုင့် ၆၆၆ ဆီ စစ်ကူပို့ရေး အင်အား ၂၀၀ ခန့်ပါတဲ့စစ်ကြောင်းတခု ညောင်ခြေထောက်ဖက်ကနေ တက်လာစဉ် အခုလို တိုက်ခိုက်တာဖြစ်တယ်၊ စစ်တပ်ဖက်က ထိခိုက်မှုများတယ်လို့ ဆိုပါတယ်။
ဒါ့အပြင်...
- တီးတိန်မြို့အဝင်နားရှိ တောင်ကုန်ပေါ်က စစ်ကောင်စီစခန်းကို PDF-Zoland က ဝင်တိုက်ပြီးနောက် ရိဒ်ခေါဒါလမ်းခွဲကနေ မြို့တွင်းလမ်းအားလုံးကို စစ်တပ်က ပိတ်ဆို့ထား...
- ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA ကချင်လွတ်လပ်ရေးတပ်မတော်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဖက်က လက်နက်ကြီးပစ်ကူအပြင် လေကြောင်းပစ်ကူပါ သုံးနေ...
- ဒီလကုန်ရင် စစ်ကောင်စီထံ ပြန်လွဲပေးရမယ်လို့ သတင်းတွေထွက်နေတဲ့ မိုးကုတ်မြို့ကနေ PDF- ပြည်သူ့ကာကွယ်ရေးတပ်တွေ စတင်ဆုတ်ခွာနေ... စစ်တပ်ဝင်လာနေပြီဟု သတင်းထွက်...
- အခုလို အခြေအနေတွေအောက်မှာ အားလုံးပါဝင်ပြီး လိုအပ်တဲ့ ဆွေးနွေးပွဲ မပြုလုပ်နိုင်သေးဘဲ ရွေးကောက်ပွဲ ကျင်းပတော့မယ်ဆိုရင် ASEAN အနေနဲ့ မြန်မာကို ပြန်လည်ချိတ်ဆက်ရတာ ခက်ခဲသွားနိုင်တယ်၊ အခုချိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အချိန်တန်ပြီ- လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွန်းကတ်ကယောက်က ပြောကြား...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment