စစ်သား ၈၀ နီးပါး AA ထံ လက်နက်ချ... စစ်ဆင်ရေးကိစ္စအတွက် AA နှင့် CB ဆွေးနွေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၁၂ နိုဝင်ဘာ ၂၀၂၅)
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ကပစ ၁၆ အနီး၊ လေသာတောင်တိုက်ပွဲ၊ ဧရာဝတီတိုင်း၊ သာပေါင်းတိုက်ပွဲ၊ မကွေးတိုင်း နတ်ရေကန်တိုက်ပွဲတွေအတွင်း လက်နက်ချ၊ အလံဖြူထောင်၊ တိုက်ပွဲအတွင်းဖမ်းမိတဲ့ စစ်သားဦးရေ ၈၀ နီးပါးအထိရှိတယ်လို့ AA အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ (၈/၉/၁၀) ရက်နေ့တွေအတွင်းဖြစ်ပွားတဲ့ ပန်းတောင်းမြို့နယ်၊ ကပစ (၁၆) အနီးတိုက်ပွဲမှာ ခမရ (၃၆၁) နဲ့ ခမရ (၃၆၃) က အလံဖြူထောင်သူ၊ ထွက်ပြေးလာသူ အာလုံး ၁၆ ဦးကို လက်ရဖမ်းမိထားတယ်လို့ ဓာတ်ပုံနဲ့ တကွဖေါ်ပြပါတယ်။ ဒါ့အပြင် အဲဒီတိုက်ပွဲမှာပဲ ခမရ (၃၆၃)က ၄ ဦးကိုလည်း တိုက်ပွဲအတွင်း လက်ရဖမ်းမိတယ်လို့ ဆိုပါတယ်။
တခါ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာ အရှေ့ဘက် လေလာတောင်အနီးဖြစ်ပွားတဲ့ နိုင်ဝင်ဘာ (၈/၉) ရက် တိုက်ပွဲအတွင်း ခမရ (၃၆၈) က အလံဖြူထောင်သူ၊ ထွက်ပြေးသူ (၁၀) ဦးကို ထပ်မံဖမ်းမိထားပါတယ်။
ဒါ့အပြင်...
- AA အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်အပါဝင် ULA/AA ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ CB ချင်းညီနောင်အဖွဲ့ ခေါင်းဆောင်တွေ တွေ့ဆုံပြီး စစ်ရေး၊ နိုင်ငံရေး၊ စိးပွားရေးကိစ္စတွေကို ဆွေေးနွးခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ဆလိုင်းယောမာန်က BNN ကိုပြော...
- လောင်းလုံးမြို့အနီးရှိ ညင်းမော်ရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပြီး ရွာသားတွေ စစ်ရှောင်ထွက်ပြေးရ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment