“မောတောင်က စစ်ရေးအပြင် ရန်သူရဲ့ ဘဏ္ဍာရေးလမ်းကြောင်းကိုပါ ဖြတ်တောက်နိုင်တာဖြစ်တယ်”
- ဆလိုင်းယောအောင် (စစ်ရေးဆိုင်ရာ ဝေဖန်သုံးသပ်သူ)
(၁၈ နိုဝင်ဘာ ၂၀၂၅)
“မောတောင်မြို့ကို သိမ်းနိုင်ခြင်းက စစ်ရေးအပြင် ရန်သူရဲ့ ဘဏ္ဍာရေးလမ်းကြောင်းကိုပါ ဖြတ်တောက်နိုင်တာဖြစ်တယ်၊ ပြည်သူတွေကို အများကြီးခွန်အားဖြစ်စေတယ်” လို့ စစ်ရေးဆိုင်ရာ ဝေဖန်သုံးသပ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။
နိုဝင်ဘာ ၁၄ ရက်မှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်လိုက်တဲ့ မောတောင်မြို့သိမ်းတိုက်ပွဲ ဘယ်လောက်အထိ အရေးပါသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...
- မောတောင်မြို့ကို ၄ ရက်အတွင်းသိမ်းပိုက်နိုင်တာ ဘာကြောင့်လဲ...
- ထီးခီးကုန်သွယ်ရေးလမ်း၊ မောတောင်ကုန်သွယ်ရေးလမ်းတွေကို သိမ်းနိုင်ခြင်းက စစ်ကောင်စီကို ဘဏ္ဍာရေးအရ ဘယ်လောက်ထိခိုက်နိုင်သလဲ...
- တနသာၤရီတိုင်းမှာ BGF, DKBA, PC တွေမရှိခြင်းက တော်လှန်ရေးကို ပိုအားကောင်းစေသလား...
- မောတောင်ကို ဘယ်လိုဆက်ထိန်းထားမလဲ...ဒီကနေ ရှေ့ဘယ်လို ဆက်ထိုးဖောက်ကြမလဲ...
... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment