Monday, November 10, 2025

စစ်တပ်ထိုးစစ် ရိုက်ချိုးရေးအတွက် AA နှင့် CB ဆွေးနွေး... ရန်ကုန်-ပဲခူး ပ...


စစ်တပ်ထိုးစစ် ရိုက်ချိုးရေးအတွက် AA နှင့် CB ဆွေးနွေး... ရန်ကုန်-ပဲခူး ပကဖ တွေ လက်နက်တပ်ဆင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၁ နိုဝင်ဘာ ၂၀၂၅)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြို့သာအရှေ့ရွာ စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၄ ဦးသေ၊ ၂ ဦးဒဏ်ရာရတယ်လို့ Special_Task_Force (NGAZUN) က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၀ ရက်၊ မနက် ၅ နာရီခွဲခန့်မှာ မြို့သာစခန်းကနေ ကားလမ်းအတိုင်းထွက်လာတဲ့ ကား ၂ စီးနဲ့ ခြေလျင် အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို မြို့သာစက်မှုဇုံအတွင်း မိုင်းဆွဲတိုက်ခိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- ပေါက်မြို့နယ်တောင်ပိုင်းဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးမှုများပြီး သေနတ် ၅ လက် သိမ်းမိ...

- ဖားကန့်ဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးမှုများ...

- TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီကြားမှာ အပစ်ရပ်မှု သီတင်းတပတ်ကျော်လာပြီးတဲ့နောက် TNLA ထိန်းချုပ်မှုအောက်ရှိ တရုတ်–မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ်၊ နောင်တောင်းနယ်စပ်ဂိတ်ကို တရုတ်ဘက်က ပြန်ဖွင့်ပေး...

- မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ထားကြဖို့ မန္တလေး PDF က နိုးဆော်...

- စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်ကို ဘယ်လိုခုခံကြမလဲ၊ တော်လှန်ရေးတပ်တွေ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲ... ဆိုတာနဲ့ပတ်သက်ပြီး CB ချင်းညီနောင်အဖွဲ့နဲ့ ULA/AA အာရက္ခတပ်တော်တို့အကြား ပြီးခဲတဲ့လကုန်ပိုင်းက တွေ့ဆုံဆွေးနွေး...

- ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ မွန်ပြည်နယ် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းနဲ့ ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းတွေကို အထူးတိုင်းစစ်ဌာနက လက်နက်တပ်ဆင်ပေးအပ်ပွဲအခမ်းနား ပဲခူးတိုင်းမှာ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More