Thursday, November 6, 2025

တောင်သာ မကျီးရိုးဂိတ်ကို PDF သိမ်းပိုက်... မိုးကုတ် ပြန်ပေးရေး လက်မခံကြေ...


တောင်သာ မကျီးရိုးဂိတ်ကို PDF သိမ်းပိုက်... မိုးကုတ် ပြန်ပေးရေး လက်မခံကြောင်း သံပုံးတီးဆန္ဒပြ...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၇ နိုဝင်ဘာ ၂၀၂၅)

မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်မှာ စစ်ကောင်စီတပ်အထိုင်ချထားတဲ့ မကျီးရိုးဂိတ်အပါဝင် ဂိတ် ၃ ခုကို တော်လှန်ရေးတပ်တွေက တပြိုင်တည်းဝင်တိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးမှုများပြီးနောက် စစ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ မြင်းခြံခရိုင် တပ်ရင်း (၃) က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၅ ရက်၊ မနက် ၆ နာရီမှာ ဝင်တိုက်တာဖြစ်ပြီး မကျီးရိုးဂိတ်ရှိ ဘန်ကာ ၁၃ ခုစလုံးကို သိမ်းနိုင်ခဲ့တယ်၊ စစ်သားတွေအားလုံးထွက်ပြေးသွားပြီး အလောင်း ၃ လောင်း ကျန်နေတာတွေ့ရတယ်၊ စခန်းကိုမီးရှို့ပြီး တော်လှန်ရေးတပ်တွေ ပြန်ခွာခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- တရုတ်ရဲ့ ကြားဝင်စွက်ဖက်မှုကို လက်မခံကြောင်း၊ မိုးကုတ်မြို့ကို TNLA က စစ်အုပ်စု လက်ထဲ ပြန်လွှဲပေးတဲ့အပေါ် မကျေနပ်ကြောင်း မိုးကုတ်မြို့ခံတွေက သံပုံးတီး ဆန္ဒပြ...

- ဖားကန့်ဒေသရှိ ယူမာ၊ ဆိုင်းဖရာနဲ့ ကပ်မှော်ဇွပ် စစ်တပ်စခန်း (၃)ခုကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေက သိမ်းပိုက်...

- ဖြူးမြို့နယ်၊ မန်ကျည်းကုန်းတောင်း‌‌ကျေးရွာကို ဗုံးလာကြဲတဲ့ Gyrocopter ပျက်ကျပြီး စစ်သား ၂ ဦးသေဆုံး...

- ခမောက်ကြီးမြို့နယ်၊ လေးရွာနဲ့ ထူးဇုံဖြတ်လမ်းဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၈ ဦးသေပြီး နောက်ထပ် စစ်သားအလောင်း ၁၈ လောင်း မီးရှို့ ထားတာ တွေ့ရ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More