Monday, November 3, 2025

“တော်လှန်ရေး ဦးဆောင်မှုအခန်းမှာ တိုင်းရင်းသားတွေ ကိုယ်တိုင် ဝင်ပါဖို့ လိ...


“တော်လှန်ရေး ဦးဆောင်မှုအခန်းမှာ တိုင်းရင်းသားတွေ ကိုယ်တိုင် ဝင်ပါဖို့ လိုပါတယ်”

- ရဲဘော်သံခဲ (ဥက္ကဌ - ABSDF)

(၄ နိုဝင်ဘာ ၂၀၂၅)

“တော်လှန်ရေး ဦးဆောင်မှုအခန်းမှာ တိုင်းရင်းသားတွေကိုယ်တိုင် ထဲထဲဝင်ဝင် ဝင်ပါဖု့ိလိုတယ်၊ ပြည်နယ်ကိစ္စအပြင် တနိုင်ငံလုံးကိစ္စတွေကိုပါ အမြင်သစ်တွေနဲ့ချည်းကပ် ဆောင်ရွက်သွားဖို့လိုအပ်နေတယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး- ABSDF ဥက္ကဌ ရဲဘော်သံခဲက ပြောပါတယ်။

လက်ရှိ ကာလမှာ ERO နဲ့ PDF တွေ ဘယ်လိုဆက်လက်ပူးပေါင်းဆောင်ရွက်မလဲ၊ နိုင်ငံသစ်တည်ဆောက်ရေးအတွက် ၂၀၀၈ ဥပဒေဘောင်ကိုကျော်လွန်ပြီး ဘယ်လို စဉ်းစားဆောင်ရွက်ကြမလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- TNLA က ဆုတ်ပေးလိုက်တဲ့နေရာကို PDF နဲ့ အခြား ERO တွေက ဘယ်လို ဆက်လက်ကာကွယ်ကြမလဲ...

- များပြားလွန်းတဲ့ အဖွဲ့အစည်းတွေကို ဒေါင်လိုက်အုပ်ချုပ်ဖို့မလွယ်တဲ့အတွက် အလျားလိုက် ဆပ်စပ်ဆောင်ရွက်ရေးက ဘယ်လောက်အလုပ်ဖြစ်နေသလဲ...

- နိုင်ငံသစ်တည်ဆောက်ရေးအတွက် စစ်ကောင်စီက ပေးထားတဲ့ဘောင်ကိုကျော်ပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံကိုကျော်ပြီး ဘယ်လိုစဉ်းစားဆောင်ရွက်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More