Wednesday, November 12, 2025

“ရခိုင်နဲ့ ဆက်စပ်ဒေသကြီးတခုလုံး လွတ်မြောက်ရေး ဦးဆောင်ပေးနိုင်ဖို့ မျှော်...


“ရခိုင်နဲ့ ဆက်စပ်ဒေသကြီးတခုလုံး လွတ်မြောက်ရေး ဦးဆောင်ပေးနိုင်ဖို့ မျှော်လင့်တယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းညီနောင် - CB.)

“ဗိုလ်ချုပ်ထွန်းမြတ်နိုင်အနေနဲ့ ရခိုင်ပြည်နယ်တင်မက ရခိုင်နဲ့ ဆက်စပ်နေတဲ့ ဒေသကြီးတခုလုံး လွတ်မြောက်ရေးအတွက် ဦးဆောင်မှုပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်၊ တနိုင်ငံလုံးဆိုင်ရာကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားနိုင်တာမျိုးတွေ့ရတယ်” လို့ ချင်းညီနောင် CB အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်တဲ့ ULA/AA ခေါင်းဆောင်တွေနဲ့ CB ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှုအတွင်း... ဗီုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အနာဂတ် ရှုမြင်ချက်တွေအပေါ် ဘယ်လိုမြင်မိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောက်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ပထမ ပိုင်းမှာ...

- AA နဲ့ CB ဆွေးနွေးမှု ဘာတွေ ထူးခြားသလဲ...

- AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ စွမ်းဆောင်ရည်အပေါ် လူငယ်တွေက ဘယ်လိုမျှော်လင့်ထားသလဲ...

- ချင်းပြည်နယ်ဖက် စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို CB နဲ့အတူ မဟာမိတ်တွေက ဘယ်လိုကာကွယ်တိုက်ခိုက်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မိုးကုတ်-မိုးမိတ်အခြေအနေကနေ ဖြစ်ပေါ်လာနိုင်တဲ့ စစ်ရေး အခင်းအကျင်းသစ်အပေါ် ရှုမြင်ချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More