မိုးကုတ်-မိုးမိတ်သို့ PDF စစ်ကူအဖွဲ့တွေ ရောက်ရှိ... ဖာပွန်ဒေသဆီ စစ်တပ်က ထိုးစစ်ဆင်ဖို့ပြင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၅ နိုဝင်ဘာ ၂၀၂၅)
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့အဝင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၄ ဦးသေ၊ ၅ ဦးဒဏ်ရာရတယ်လို့ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
မုံရွာ-မန္တလေးလမ်းနဲ့ ပခုက္ကူလမ်းဆုံရှိ အဲဒီဂိတ်ကို နိုဝင်ဘာ ၂ ရက်၊ မနက် ၆ နာရီခန့်မှာ ဝင်တိုက်တာဖြစ်ပြီး တိုက်ပွဲအချိန် ၁၀ မီခန့်ကြာတယ်၊ တော်လှန်ရေးဖက်ကလည်း ရဲဘော်တဦးကျဆုံး၊ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင်...
- ပခုက္ကူလေယာဉ်ကွင်းအနီး ကုန်တင်ကားတွေကို အဆမတန် ငွေကောက်ခံနေတဲ့ ရဲ တပ်ဖွဲ့ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်ရာ ရဲ ၂ ဦးသေ၊ တဦးကိုဖမ်းမိ၊ သေနတ် တလက်ရရှိ...
- မိုးကုတ်-မိုးမိတ်မြို့ ဆက်လက်ကာကွယ်ရေးအတွက် အညာဒေသက PDF အတော်များများ စစ်ကူအဖြစ်ထပ်ရောက်လာ...
- ဖာပွန်မြို့နယ်တခုလုံးနီးပါးကို KNLA နဲ့ မဟာမိတ်တွေသိမ်းပိုက်ထားပေမယ့် အခု အဲဒီနေရာတွေကို စစ်ကောင်စီတပ်က စတင်ထိုးစစ်ဆင်လာနေ တယ်လို့ Karen Information Center က ဖေါ်ပြ...
- သရက်ချောင်းမြိုန့ယ်၊ ကျောက်လှေကားရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၉ ဦးသေ၊ ၇ ဦးဒဏ်ရာရ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment