Monday, March 31, 2025

''အကူညီပေးတာအပြင် ဖိအားပေးတာကိုပါ တပြိုင်တည်း လုပ်ဖို့လိုအပ်ပါတယ်”


အကူညီပေးတာအပြင် ဖိအားပေးတာကိုပါ တပြိုင်တည်း လုပ်ဖို့လိုအပ်ပါတယ်”

- ဦးကျော်ဇော် (သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်- NUG)

(၁- ၄- ၂၀၂၅)

“နိုင်ငံတကာအစိုးရတွေအနေနဲ့ စစ်ကောင်စီကို အကူအညီပေးတာအပြင် ဖိအားပါပေးဖို့လိုတယ်၊ အကူညီပေးတဲ့အခါမှာလည်း စစ်ကောင်စီထိန်းချုပ်ဒေသအပြင် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ဒေသကိုပါ တပြိုင်တည်းပေးဖို့လိုအပ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောခွင့်ရပိုဂ္ဂိုလ် ဦးကျော်ဇော်က ပြောပါတယ်။

မတ်လ ၂၈ က လှုပ်ခတ်သွားတဲ့ ဖျက်အားပြင်း ငလျင်နောက်ဆက်တွဲအဖြစ် နိုင်ငံတကာက စစ်ကောင်စီကို အကူအညီတွေပေးနေတဲ့အပေါ် NUG က ဘယ်လိုသဘောထားသလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- ငလျင်နဲ့ပတ်သက်ပြီး NUG ထိန်းချုပ်ဒေသမှာ ဘာတွေ ဆောင်ရွက်ပေးနေသလဲ...

- ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် အရေးပေါ်အကူအညီကို စစ်ကောင်စီအား နိုင်ငံတကာက ပေးအပ်နေမှုအပေါ် NUG က ဘယ်လိုသဘောထားသလဲ...

- သဘာဝဘေးဒဏ်ကို ဝိုင်းကူရင်းနဲ့ အပစ်ရပ်ရေး- ဆွေးနွေးရေးတွေ ဖြစ်ပေါ်လာနိုင်သလား...

- ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် အကူအညီတွေကို စစ်ကောင်စီကိုရော- တော်လှန်ရေးအဖွဲ့တွေကိုပါ တပြိုင်တည်း ဘယ်လိုပေးသင့်သလဲ...

- အလှုငွေပေးတာအပြင် ဖိအားပေးဖို့လိုတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ...

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“စစ်တပ်မှာရှိတဲ့ ရဟတ်ယာဉ်တွေ၊ စက်လှေတွေကို ကယ်ဆယ်ရေးမှာ သုံးလို့မရအောင် ...


“စစ်တပ်မှာရှိတဲ့ ရဟတ်ယာဉ်တွေ၊ စက်လှေတွေကို ကယ်ဆယ်ရေးမှာ သုံးလို့မရအောင် လုပ်ထားတာ”
  • လင်းထက်အောင် (CDM - ဗိုလ်ကြီး)
(၃၁- ၃- ၂၀၂၅) “သဘာဝဘေးဒဏ်သင့်သူတွေကို ကူညီကယ်ဆယ်ဖို့ စစ်တပ်မှာ ပြင်ဆင်ထားတာမရှိဘူး၊ စစ်တပ်မှာရှိတဲ့ ရဟတ်ယာဉ်တွေ၊ စက်လှေတွေ၊ အခြား ယန္တယားတွေကိုလည်း ကယ်ဆယ်ရေးမှာ သုံးလို့မရအောင် လုပ်ထားတယ်” လို့ CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။ မတ်လ ၂၈ ကလှုပ်ခတ်သွားတဲ့ အင်အားပြင်းငလျင်ကြောင့် တနိုင်ငံလုံးဒုက္ခရောက်နေစဉ်မှာ စစ်သားတွေက ဘာကြောင့် ထွက်မကူတာလဲ၊ စစ်တပ်ပိုင် ယန္တယားတွေကို ကယ်ဆယ်ရေးမှာ ဘာကြောင့်မသုံးတာလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...
  • ငလျင်ဒဏ်ကို စစ်တပ်ကိုယ်တိုင် ဘယ်လောက်အထိခံနေရသလဲ...
  • အခုချိန်အထိ စစ်သားတွေ ထွက်မကူသေးတာက စစ်ရုံးချုပ် ကယ်ဆယ်ရေးလုပ်နေရလို့လား... ကယ်ဆယ်ရေးတပ်ဖွဲ့ကို မရှိသေးတာလား...
  • စစ်တပ်ပိုင် ယန္တယားတွေကို ကယ်ဆယ်ရေးမှာ အသုံးမပြုသေးတာကကော ဘာကြောင့်လဲ...
  • အခုချိန်အထိ ထိုးစစ်မရပဲ ဗုံးဆက်ကြဲနေတဲ့ စစ်တပ်ကို နိုင်ငံတကာ အစိုးရတွေက ဘယ်လိုများ နားလည်ထားကြသလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

စစ်ကောင်စီက ဗုံးဆက်ကြဲနေ... အလှူရှင်နိုင်ငံတွေက စစ်ကောင်စီကို ဖိအားပေးဖိ...


စစ်ကောင်စီက ဗုံးဆက်ကြဲနေ... အလှူရှင်နိုင်ငံတွေက စစ်ကောင်စီကို ဖိအားပေးဖို့ NUG တောင်းဆို... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁ ဧပြီ ၂၀၂၅

နိုင်ငံတဝန်း ငလျင်ဘေးဒဏ် ကြုံနေရချိန်မှာ အပစ်အခတ် ရပ်စဲထားဖို့ နိုင်ငံတကာက တောင်းဆိုနေပေမယ့် စစ်တပ်က လေကြောင်းအပြင် မြေပြင်ကပါ ထိုးစစ်ဆင်နေတယ်လို့ Kachin News Group KNG က ဖော်ပြပါတယ်။

စစ်ကောင်စီ တပ်ဟာ ဗန်းမော်ကို ဗုံးကြဲတယ်၊ KIA တပ်မဟာ ၉ ဘက်မှာလည်း ဗုံးကြဲတယ်၊ ဝိုင်းမော်မှာဆိုရင် လေကြောင်းရော၊ မြေပြင်ကပါ ထိုးစစ်ဆင်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ ပြောတာကို ကိုးကားဖော်ပြပါတယ်။

KIO ဗဟိုကတော့ သဘာဝဘေးဒဏ် ခံစားနေရတဲ့ ပြည်သူများနဲ့ ထပ်တူ ဝမ်းနည်းကြောင်း၊ မြေငလျင်ဘေးဒဏ်သင့် ဒေသများကို KIO တပ်ဖွဲ့ဝင်များ သွားရောက် အကူအညီပေးဖို့  အခက်အခဲများ ရှိနေသော်လည်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်နေကြတဲ့ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံတကာမှ လာရောက် ကူညီနေကြတဲ့ အဖွဲ့အစည်း အားလုံးကို အထူး လေးစား ကျေးဇူးတင်ပါတယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်...

- TNLA ထိန်းချုပ်ဒေသ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်း ကျေးရွာကို မတ်လ ၃၁၊ မနက် ၁၁ နာရီမှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ထိခိုက်ပျက်စီးမှုရှိ...

- ကျောက်ဖြူမြို့နယ် ကုလဘာကျေးရွာကိုလည်း မတ်လ ၃၀၊ ည ၇ နာရီခန့်မှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲလို့ နေအိမ်အချို့ထိခိုက်ပျက်စီး...

- ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်၊ တော်ခူ ကျေးရွာအုပ်စုနဲ့ ကရင်ပြည်နယ် ကျိုက်ထို မြို့နယ်၊ ခရွဲ ကျေးရွာကိုလည်း စစ်ကောင်စီက ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်တာတွေ ပြုလုပ်နေ...

- စစ်ကောင်စီဘက်က ထိုးစစ်မရပ်ဘဲ ဗုံးကြဲနေမှုအပေါ် အလှူရှင်နိုင်ငံတွေက ဖိအားပေးဖို့လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော်က တိုက်တွန်း...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, March 30, 2025

ဗန်းမော်နဲ့ ပေါက်ကို စစ်ကောင်စီ ဗုံးဆက်ကြဲ... တောင်ခမ်းက စစ်သား ၃ ဦး လက်...


ဗန်းမော်နဲ့ ပေါက်ကို စစ်ကောင်စီ ဗုံးဆက်ကြဲ... တောင်ခမ်းက စစ်သား ၃ ဦး လက်နက်ချ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၃၁ မတ် ၂၀၂၅

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို မတ်လ ၃၀ ရက်၊ မွန်းတည့် ၁၂ နာရီခန့်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာက ဗုံးကြဲသွားတယ်လို့ Kachin News Group - KNG က ဖော်ပြပါတယ်။

မြေပြင်တိုက်ပွဲ ပြင်းပြင်းထန်ထန် မရှိဘဲ လေယာဉ်ပစ်ကူသုံးတာဖြစ်ပြီး ထိခိုက်မှုကို စုံစမ်းနေဆဲလို့ ဆိုပါတယ်။

ဒါ့အပြင်...

- ပေါက်မြို့နယ်၊ အနောက်မြောက်ဘက်ကိုလည်း မတ်လ ၃၀ ရက် မနက် ၁၀ နာရီခွဲခန့်မှာ စစ်ကောင်စီ ရဟတ်ယာဉ်က ဗုံးကြဲသွားတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းက သတင်းထုတ်ပြန်...

- နောင်ချိုမြို့နယ်၊ တောင်ခမ်း ကျေးရွာရှိ အမှတ် ၉၀၂ အမြောက်တပ် ထိန်းချုပ်ရေး စခန်းက စစ်သား ၃ ဦး လက်နက်တွေနဲ့ အတူ TNLA ထံ ခိုလှုံလာ...

- ငလျင်ဒဏ်ခံနေရသူများအား ကူညီရေးအတွက် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့အချို့ နေပြည်တော်နဲ့ မန္တလေးသို့ရောက်ရှိ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, March 29, 2025

ငလျင်ဘေး ကူညီရေးအတွက် သီတင်း ၂ ပတ် အပစ်ရပ်တယ်လို့ NUG ကြေညာ... စစ်တပ်က န...


ငလျင်ဘေး ကူညီရေးအတွက် သီတင်း ၂ ပတ် အပစ်ရပ်တယ်လို့ NUG ကြေညာ... စစ်တပ်က နောင်ချိုကို ဗုံးထပ်ကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၃၀ မတ် ၂၀၂၅

လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်နိုင်ဖို့ ငလျင်ဒဏ် သင့် ဒေသတွေနဲ့ ဆက်စပ် ခရိုင်တွေမှာ ခုခံကာကွယ်စစ်က လွဲလို့ ထိုးစစ်အားလုံးကို ရက်သတ္တ နှစ်ပတ် (မတ် ၃၀ ကနေ ဧပြီ ၁၂ အထိ) ရပ်ထားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ညွန်ကြားချက် ထုတ်ပြန်ပါတယ်။

လူသားချင်း စာနာမှုအတွက်  ပြည်တွင်းပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့တွေအတွက် လိုအပ်တဲ့ အကူအညီနဲ့ ကာကွယ်စောင့်ရှောက်မှု ပေးရမယ်လို့လည်း ဆိုထားပါတယ်။

မတ်လ ၂၉ မှာ ထုတ်ပြန်ထားတဲ့ အထူးညွန်ကြားချက် (၂/၂၀၂၅)ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ ညွန်ကြားထားပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- တော်လှန်ရေးတပ်တွေ ထိန်းချုပ်ဒေသရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကို တော်လှန်ရေးရဲဘော်တွေက ကူညီကယ်ဆယ်ရေးဆောင်ရွက်...

- ငလျင်ဒဏ်ခံရတဲ့ ပြည်သူတွေအတွက် အထူးဝမ်းနည်းကြောင်း၊ လူသားချင်းစာနာမှုကို အတတ်နိုင်ဆုံးကူညီသွားမှာဖြစ်ကြောင်း မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA, TNLA နဲ့ AA တို့က ပြောကြား...

- ငလျင်ဒဏ်သင့် ပြည်သူတွေကို အားလုံးက ဝိုင်းကူနေချိန်မှာ စစ်ကောင်စီ တိုက်လေယာဉ်က နောင်ချိုမြို့နယ်၊  နောင်လင်ကျေးရွာကို ဗုံးကြဲ...

- အရပ်သား ဟန်ဆောင်ပြီး တနင်္သာရီမြို့ကနေ ရန်ကုန်မြို့ဆီ ထွက်ပြေးတဲ့ စစ်ကောင်စီရဲ့ တပ်ရင်းမှူးကို တော်လှန်ရေးတပ်တွက ဖမ်းဆီးမိ...

- ရွှေဘိုမြို့နယ်၊  ဇီးဖြူကုန်း ပျူစောထီးကျေးရွာက ပြည်သူ့စစ်တဦးဟာ ကာဘိုင်တလက်နဲ့ အတူ မတ်လ ၂၇ မှာ တောင်သူဦးကြီးများအဖွဲ့ PDF ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ပျက်စီးမှုက ကြီးလွန်းတော့ နိုင်ငံတကာအကူအညီ လိုအပ်ပါတယ်”


“ပျက်စီးမှုက ကြီးလွန်းတော့ နိုင်ငံတကာအကူအညီ လိုအပ်ပါတယ်”

- ကိုနေလင်း (မန္တလေးမြို့ခံ သတင်းသမား)

(၃၀- ၃- ၂၀၂၅)

“ငလျင်ဒဏ်ကြောင့် ပျက်စီးမှုတွေကကြီးမားလွန်းတဲ့အတွက် ကယ်ဆယ်ရေးအတွက်ရော၊ ပြန်လည်တည်ဆောက်ရေးအတွက်မှာပါ နိုင်ငံတကာအကူအညီ အရေးတကြီး လိုအပ်နေပါတယ်” လို့ ငလျင်ဒဏ်ခံနေရတဲ့ မန္တလေးမြို့က သတင်းသမား ကိုနေလင်းကပြောပါတယ်။

မတ်လ ၂၈ က မန္တလေးအပါဝင် မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ကြုံတွေ့နေရတဲ့ အခဲခက်တွေ၊ ကယ်ဆယ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

မနေ့ည ၉ နာရီက မေးမြန်းထားတဲ့ မေးမြန်းချက်ထဲမှာ...

- ငလျင်ဒဏ်ခံရတဲ့ မန္တလေးမြို့ရဲ့ နောက်ဆုံးအခြေအနေ...

- ကယ်ဆယ်ရေးလုပ်ငန်းတွေ ဘယ်လိုဆောင်ရွက်နေကြသလဲ...

- နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေ မန္တလေးကို ရောက်လာပြီလား...

- လျှပ်စစ်မီးတွေ သောက်သုံးရေတွေ ဘယ်လိုဖြေရှင်းနေကြသလဲ...

- အရေးပေါ်အကူအညီ ဘာတွေလိုအပ်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ငလျင်လှုပ်လည်း စစ်ကောင်စီက ဗုံးကြဲတာ မရပ်ဘူး၊ ရွေးကောက်ပွဲလည်း ဆက်လုပ်ဦ...


“ငလျင်လှုပ်လည်း စစ်ကောင်စီက ဗုံးကြဲတာ မရပ်ဘူး၊ ရွေးကောက်ပွဲလည်း ဆက်လုပ်ဦးမှာပဲ”

-  ဦးအောင်မိုးဇော် (ဥက္ကဌ - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ- DPNS)

(၂၉ -၃-၂၀၂၅)

“ငလျင်လှုပ်လို့ တိုင်းပြည်တခုလုံး ဒုက္ခရောက်နေပေမယ့် စစ်ကောင်စီက ဗုံးဆက်ကြဲနေတယ်၊ စစ်ဆက်တိုက်နေတယ်၊ ရွေးကောက်ပွဲလည်း ဆက်လုပ်ဦးမှာပဲ။ ဒီလို ဆိုးလွန်းတဲ့ စစ်ကောင်စီကို မဖြုတ်ချနိုင်ရင် ငလျင်ထက်ဆိုးတဲ့ ဘေးဒဏ်ကို ဆက်ခံနေရမှာဖြစ်တယ်” လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ- DPNS- ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

မတ်လ ၂၇ မှာ စစ်ကောင်စီဥက္ကဌကပြောသွားတဲ့ စစ်ဆက်တိုက်မယ်၊ ရွေးကောက်ပွဲဆက်လုပ်မယ်ဆိုတဲ့လုပ်ငန်းစဉ်တွေဟာ ငလျင်လှုပ်လို့ တနိုင်ငံလုံးဒုက္ခရောက်နေချိန်မှာ ဆက်လုပ်နိုင်ခြေရှိသေးလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- ငလျင်ဒဏ်ခံနေရချိန်မှာလည်း စစ်တပ်က ဗုံးဆက်ကြဲနေဆဲလား...

- စစ်ကောင်စီရဲ့ စစ်ဆက်တိုက်ရေး- ရွေးကောက်ပွဲဆက်လုပ်ရေးတွေအပေါ် ဒီမိုကရေစီအင်အားစုတွေက ဘယ်လိုတုန့်ပြန်ကြမလဲ...

- နယ်စပ်ကစခန်းတွေသိမ်းတာအပြင် ပဲခူးရိုးမနဲ့ ရန်ကုန်-မန္တလေးကားလမ်းပေါ် ချည်းကပ်လာတဲ့ KNU ရဲ့ ဗျုဟာမှာ ဘယ်လိုထူးခြားချက်တွေ တွေ့ရသလဲ...

- အရင်ခေတ် တပ်ပေါင်းစုနဲ့ အခုခေတ် တပ်ပေါင်းစု ဘယ်လိုကွာခြားသလဲ...

- ငလျင်လှုပ်လို့ တနိုင်ငံလုံံးဒုက္ခရောက်ချိန်မှာတောင် ဗုံးဆက်ကြဲနေတဲ့ စစ်ကောင်စီကို လူထုက ဘယ်လိုတုန့်ပြန်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, March 27, 2025

အင်္ဂပူမြို့နယ်အနီးအထိ AA ရဲ့ ထိုးစစ်ရောက်လာ... ရန်ကုန်-မန္တလေး ကားလမ်းမ...


အင်္ဂပူမြို့နယ်အနီးအထိ AA ရဲ့ ထိုးစစ်ရောက်လာ... ရန်ကုန်-မန္တလေး ကားလမ်းမပေါ် PDF တပ်တွေ လုံခြုံရေးစစ်ဆေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၈ မတ် ၂၀၂၅

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ အနီးအထိ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေရဲ့ထိုးစစ် ရောက်လာပြီး အမှတ် ၅ တပ်မတော် တန်းမြင့် လေ့ကျင်ရေး သင်တန်းကျောင်းအနီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဧရာဝတီတိုင်းမ်က ဖော်ပြပါတယ်။

ဒီသင်တန်းကျောင်းနဲ့ သိပ်မဝေးတဲ့ ပိန္နဲကွင်း ရွာက ဒေသခံတွေ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး စစ်ပွဲတွေက ထင်ထားတာထက် အများကြီးာစောပြီး ရောက်လာတယ်လို့ ပိန္နဲကွင်း ရွာက ဆရာတော်တပါးက လူမှုကွန်ရက်မှာ ရေးပါတယ်။

ကွင်းကောက် မြို့ ဝန်းကျင်ရှိ ပိန္နဲကွင်း၊ ခင်ကိုက်ကွင်း၊ ကြက်ပေါင်ကုန်း၊ သံပုရာကုန်း၊ စာစီကုန်း၊ တောင်ဇင်း စတဲ့ ကျေးရွာတွေမှာ လက်နက်ကြီး လက်နက်ငယ် အသံမျိုးစုံ ကြားနေရတဲ့အတွက် ဒေသခံတွေ စစ်ရှောင်နေရတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- ပေါက်ခေါင်း-အုတ်တွင်း အမြန်လမ်းပိုင်းအတိုင်း မောင်းလာတဲ့ စစ်ကောင်စီ ယာဉ် ၂ စီးကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ရာမှာ စစ်ကားတစီး ချောက်ထဲ ပြုတ်ကျပြီး စစ်သား ၇ ဦးသေ၊ ၁၂ ဦး ဒဏ်ရာရ...

- ရန်ကုန်-မန္တလေး ကားလမ်းပိုင်း တနေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဗျူဟာ ၂၃ တပ်ဖွဲ့ဝင်တွေက လုံခြုံရေးအတွက် လမ်းပိုင်းစစ်ဆေးမှုတွေကို မတ်လ ၂၇ ရက်မှာ ဆောင်ရွက်...

- တန့်ဆည်မြို့ ရှိ ခမရ ၃၆၁ နဲ့ ပျူစောထီး ပူးတွဲစခန်းကို တော်လှန်ရေး တပ်တွေက ဝင်တိုက်ရာမှာ စစ်သားနဲ့ ပျူစောထီး ၂၀ ခန့် သေဆုံး၊ ၄၀ ခန့် ဒဏ်ရာရ၊ အချို့ကိုလက်ရဖမ်းမိ၊ လက်နက်အချို့လည်း သိမ်းမိ...

- နောင်ချိုမြို့နယ်ကို စစ်လေယာဉ်က ဗုံးထပ်ကြဲတဲ့အတွက် အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ...

- စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ဖမ်းဆီးခံရပြီး စစ်တပ်ထဲ ရောက်သွားတဲ့ စစ်သားသစ်တွေအပါအဝင် စစ်သား ၄ ဦး KNDF  အမှတ် ၅ တပ်ရင်းထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“မြေလတ်နဲ့ အညာဒေသမှာ ချေမှုန်းရေးတိုက်ပွဲတွေ မြင်လာရတာက ထူးခြားတဲ့ တိုးတ...


“မြေလတ်နဲ့ အညာဒေသမှာ ချေမှုန်းရေးတိုက်ပွဲတွေ မြင်လာရတာက ထူးခြားတဲ့ တိုးတက်မှုဖြစ်ပါတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၇- ၃- ၂၀၂၅)

“၂၀၂၅ နှစ်ဦးပိုင်းမှာ တော်လှန်ရေးအင်အားစုတွေဖက်က မြို့သိမ်းတိုက်ပွဲနည်းသွားပေမယ့် နွေဦးတော်လှန်ရေးကို အဆုံးအဖြတ်ပေးနိုင်တဲ့ စစ်နယ်မြေ မြေလတ်နဲ့အညာဒေသမှာ ချေမှုန်းရေးတိုက်ပွဲတွေ မြင်လာရတာက ထူးခြားတဲ့ တိုးတက်မှုဖြစ်ပါတယ်”လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

နှစ် ၈၀ ကာလအတွင်း တပ်မတော်ရဲ့ ပြိုကျပျက်စီးမှု၊ နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ တိုးတက်အောင်မြင်မှုတွေအကြောင်း ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင်မယ့် မေးမြန်းချက် ဒုတယိ ပိုင်းမှာ...

- လားရှိုးအနာဂတ်နဲပတ်သက်ပြီး MNDAA နဲ့ စစ်ကောင်စီကြား ဆွေးနွေးမှုအဆင်မပြေရင် UWSA က ကြားဝင်ပေးနိုင်သလား...

- မြေလတ်နဲ့ အညာဒေသဟာ နွေဦးတော်လှန်ရေးအဆုံးအဖြတ်ပေးမယ့် စစ်နယ်မြေလို့ ဘာကြောင့်ပြောတာလဲ...

- AA  က ဧရာဝတီမြစ်အနောက်ဖက်မှာလှုပ်ရှားရင် KNU နဲ့ KNDF တို့က ဧရာဝတီအနောက်ဖက်ကမ်းမှာ လှုပ်ရှားနိုင်သလား...

- လာမယ့်နှစ် ၂၀၂၆ မှာ တပ်မတော်နေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့- နွေဦးတော်လှန်ရေးအောင်ပွဲခံတဲ့နေ့အဖြစ် ကျင်းပနိုင်မယ်လို့ ဘာကြောင့် မျှော်လင့်နိုင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, March 26, 2025

“စစ်တပ်ကို အချိန်သွားပေးလို့မရဘူး။ AA ကတိုက်သလိုမျိုး တချိန်လုံး စစ်ရှိန...


“စစ်တပ်ကို အချိန်သွားပေးလို့မရဘူး။ AA ကတိုက်သလိုမျိုး တချိန်လုံး စစ်ရှိန်တင်ထားဖို့ လိုပါတယ်”

- လင်းထက်အောင် (CDM - ဗိုလ်ကြီး)

(၂၇ - ၃ - ၂၀၂၅)

“စစ်တပ်ကို အချိန်သွားပေးလို့မရဘူး၊ AA ကတိုက်သလိုမျိုး တချိန်လုံး စစ်ရှိန်တင်ထားဖို့ လိုပါတယ်၊ အရေးကြီးနေရာတွေကို သိမ်းပြီးပြီပဲ၊ ကျန်တာနောက်မှသိမ်းမယ်ဆိုပြီး စစ်နားနေလို့မရဘူး” လို့ CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။

ဒီနေ့ ကျရောက်တဲ့ နှစ် ၈၀ ပြည့်မှာ လက်ရှိ မြန်မာစစ်တပ်ရဲ့ အခြေအနေ၊ တောင်ခမ်းဖက်မှာ စစ်တပ်က တန်ပြန်ထိုးစစ်ဆင်လာတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- ဒီညနေကျင်းပမယ့် နှစ် ၈၀ ပြည့် တပ်မတော်နေ့ ဘာတွေ ထူးခြားနိုင်သလဲ...

- တပ်မတော်နေ့ကျင်းပမှုကနေ စစ်ရှုံးစစ်သားတွေကို စိတ်ဓာတ်မြှင့်တင်ပေးနိုင်ခြေရှိသလား...

- လွန်ခဲ့တဲ့ ၄ နှစ်တာအတွင်း စစ်ကောင်စီတပ် ဘယ်လောက်အထိ ပြိုကျပျက်စီးသွားသလဲ...

- အခု ၂၀၂၅ မှာ တော်လှန်ရေးဖက်က မြို့သိမ်းနိုင်မှုနည်းသွားပြီး စစ်ကောင်စီဖက်က အကျအဆုံး နည်းသွားသလား...

- တောင်ခမ်းဖက်မှာ စစ်တပ်က တန်ပြန်ထိုးစစ်လုပ်လာနိုင်တာ ဘာကြောင့်လဲ...

- AA ရဲ့ စစ်ရေးလှုပ်ရှားမှုပုံစံက အားလုံးအတွက် နမူနာယူစရာလို့ ဘာကြောင့်ပြောတာလဲ...

- ၈၁ နှစ်ပြည့် တပ်မတော်နေ့အခြေအနေ ဘယ်လိုဖြစ်လာနိုင်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

ခလယ့်ဒေး စခန်းကို KNLA သိမ်းပိုက်... တောင်ခမ်းဖက်မှာ စစ်ကောင်စီတပ် ရှေ့တ...


ခလယ့်ဒေး စခန်းကို KNLA သိမ်းပိုက်... တောင်ခမ်းဖက်မှာ စစ်ကောင်စီတပ် ရှေ့တိုးလာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၇ မတ် ၂၀၂၅

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးရှိ ခလယ့်ဒေး စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) က မတ်လ ၂၅ မှာ သိမ်းပိုက်လိုက်ပြီး လက်နက်များစွာ ရရှိတယ်လို့ ကရင်အမျိုးသားအသည်းအရုံး (KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ထဲက ဒီစခန်းကို မတ်လ ၂၂ ရက်မှာ စတင်တိုက်ခိုက်ပြီး စစ်တပ်ဘက်က ဂျက်ဖိုက်တာ ၂ စင်းနဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံး၊ Y-12 နဲ့ ဗုံး ၃၆ လုံး ကြဲချနေတဲ့ကြားက သိမ်းလိုက်တာလို့ ဆိုပါတယ်။

နယ်မြေရှင်းတဲ့အခါ စစ်သားအလောင်း အချို့၊ ၆၀ မမ စိန်ပြောင်း ၂ လက်၊ ပွိုင့် ၅ စက်သေနတ်ကြီး တစ်လက်၊ RPG-7 ပခုံးထမါဍ်ူလောင်ချာ တလက် အပါအဝင် လက်နက်မျိုးစုံ ၁၀ လက် နီးပါးနဲ့ ခဲယမ်းများစွာ သိမ်းမိတာကို ဗီဒီယို မှတ်တမ်းထဲ တွေ့ရပါတယ်။

ဒီစခန်းကို ၁၉၈၉၊ စက်တင်ဘာ ၂၂ မှာ စစ်တပ်က စထိုင်တဲ့အတွက် ၃၆ နှစ် ကြာပြီးမှ သိမ်းနိုင်တာဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးကို တပ်မဟာ ၇ တပ်မဟာ လုံခြုံရေး စစ်ကြောင်း၊ တပ်ရင်း ၁၉၊ တပ်ရင်း ၂၁၊ တပ်ရင်း ၂၂ နဲ့ တပ်ရင်း ၂၄  ပူးပေါင်းဆောင်ရွက်တာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- ရုရှား အစိုးရက တာဝန်ယူ ဆောင်ရွက်မယ်လို့ပြောထားတဲ့ ထားဝယ် အထူးစီးပွားရေးဇုန်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ တော်လှန်ရေးတပ်တွေ မတ်လ ၂၆ မှာ တိုက်ပွဲ ထပ်ဖြစ်...

- တရုတ် စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ဟာ အမှတ် ၃၂ ရဲတပ်ရင်းအနီးထိ ရောက်လာ...

- နောင်ချိုမြို့နယ်၊ တောင်ခမ်းဘက်မှာ စစ်ကောင်စီနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အကြား တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေပြီး နောင်ချိုအနီးက တိမ်ပင်လယ်တောင်အထိ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ရောက်လာဟုဆို...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“သမိုင်းတရားခံတွေက သမိုင်းရဲ့အသီးအပွင့်တွေကို ခိုးယူစားသုံးလိုက်တာပဲ”


“သမိုင်းတရားခံတွေက သမိုင်းရဲ့အသီးအပွင့်တွေကို ခိုးယူစားသုံးလိုက်တာပဲ”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၆- ၃- ၂၀၂၅)

“ဆက်ဆစ်တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် အမည်ပြောင်းလိုက်တာဟာ သမိုင်းတရားခံတွေက သမိုင်းရဲ့အသီးအပွင့်တွေကို ခိုးယူစားသုံးလိုက်တာ ဖြစ်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

မနက်ဖန်ကျင်းမယ့် နှစ် ၈၀ ပြည့် တပ်မတော်နေ့ရဲ့ နောက်ခံအချက်အလက်တွေ၊ ရှေ့အလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- ဖက်ဆစ်တော်လှန်းရေးနေ့ကို ဘာကြောင့် တပ်မတော်နေ့အဖြစ် ပြောင်းလိုက်တာလဲ...

- ဒီနှစ် တပ်မတော်နေ့ ဘာတွေထူးခြားနိုင်သလဲ...

- နွေဦးတော်လှန်ရေး ၄ နှစ်တာအတွင်း တပ်မတော် ဘယ်လောက်အထိ ပြိုကျ ပျက်စီးသွားသလဲ...

- တရုတ်ကိုဆရာတင်တဲ့ ရှမ်းမြောက်က ဆွေးနွေးပွဲတွေဟာ စစ်ကောင်စီအလိုတော်အတိုင်း ဖြစ်လာနိုင်ခြေရှိပါ့မလား...

...စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒီနှစ် တပ်မတော်နေ့ဟာ နောက်ဆုံးအကြိမ်ဖြစ်နိုင်တယ်လို့ ဘာကြောင့်ပြောတာလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, March 25, 2025

ထားဝယ် တိုက်ပွဲ စစ်ကောင်စီ အထိနာ... ခလယ်ဒေးစခန်းကို KNLA သိမ်းပိုက်...


ထားဝယ်တိုက်ပွဲ စစ်ကောင်စီ အထိနာ... ခလယ်ဒေးစခန်းကို KNLA သိမ်းပိုက်...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၆ မတ် ၂၀၂၅

တနင်္သာရီတိုင်း၊ ထားဝယ်-ရေဖြူ လမ်းပေါ် ကင်းလှည့်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၂၀ ခန့် သေပြီး လက်နက် ၅ လက် ရရှိတယ်လို့ ဒူရက စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

အဲဒီစစ်ကြောင်း ညင်းထွေးနဲ့ ကျောက်ကညှာရွာအကြား မတ်လ ၂၄၊ မနက် ၉ နာရီခန့်မှာရောက်လာစဉ် အနီးကပ် ချေမှုန်းတာလို့ ဆိုပါတယ်။ အနီးဝန်းကျင်ရှိ စစ်ကောင်စီ တပ်စခန်းတွေကနေ လက်နက်ကြီးပစ်ကူအပြင် Paramotor စက်တပ် လေစီးနဲ့ပါ ပစ်ကူပေးတယ်လို့ ဖော်ပြပါတယ်။

နယ်မြေရှင်းတဲ့အခါ ဗိုလ်မှူးတဦး အပါအဝင် စစ်သား ၂၀ ခန့် သေဆုံး၊ RPG လောင်ချာ အပါအဝင် လက်နက်မျိုးစုံ ၅ လက်နဲ့ ခဲယမ်းတွေသိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒီစစ်ဆင်ရေးကို ဒူရက စစ်ကြောင်းက ဦးဆောင်ပြီး ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) နဲ့ ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- ကျောက်တံခါး မြို့နယ်၊ စဉ့်အိုးလဟာ ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းကို တော်လှန်ရေး တပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၁၂ ဦး သေပြီး သေနတ်နက် တလက် သိမ်းမိ...

- ပခုက္ကူ မြို့ကနေ ပခန်း မြို့ကို ထွက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ရာမှာ စစ်သား ၁၄ ဦး သေဆုံး...

- စဉ့်ကူးမြိုနယ်ရှိ မာလဲနတ်တောင် ဆည်၊ ဇိုက်ချောင်းကျေးရွာ ၊ ထောက်ကြံ့ပင် ကျေးရွာနဲ့ ကံတောင် ကျေးရွာကို စစ်လေယာဉ်က ဗုံးကြဲ တိုက်ခိုက်တဲ့အတွက် ပြည်သူ ၂ ဦးထိခိုက်ပြီး နေအိမ် အဆောက်အဦတွေ ပျက်စီး...

- ထန်တလန် ဒေသခံတဦးဖြစ်တဲ့ စစ်ကောင်စီ အဖွဲ့ဝင် ဒေါက်တာမှုထန်ရဲ့ အိမ်၊ ခြံ ၊ မြေအားလုံးကို သိမ်းဆည်း ချိတ်ပိတ်လိုက်ပြီလို့ CDF – Thantlang က သတင်းထုတ်ပြန်...

- စစ်မှုထမ်းဥပဒေအရ အဓမ္မ ဖမ်းဆီးခံရပြီး ခမရ ၅၅၈ ဆီ ရောက်သွားတဲ့ စစ်သားသစ် ၂ ဦးဟာ လက်နက်တွေနဲ့ အတူ ဒေါ်နစစ်ကြောင်းထံ ခိုလှုံလာ...

- တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေတဲ့ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးက ခလယ့်ဒေး စခန်းကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီလို့ သတင်းထွက်ပေါ်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, March 24, 2025

ခလယ်ဒေးစခန်းကို KNLA ထိုးစစ်ဆင်... ထားဝယ် ရေနက်ဆိပ်ကမ်း ဒေသမှာ တိုက်ပွဲဖ...


ခလယ်ဒေးစခန်းကို KNLA ထိုးစစ်ဆင်... ထားဝယ် ရေနက်ဆိပ်ကမ်း ဒေသမှာ တိုက်ပွဲဖြစ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၅ မတ် ၂၀၂၅

ထိုင်း-မြန်မာနယ်စပ်၊ သောင်ရင်းမြစ် ဘေးရှိ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်က ခလယ်ဒေးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ မဟာမိတ်တွေက ပိတ်ဆို့ထားစဉ် စစ်ကောင်စီက လေကြောင်းပစ်ကူနဲ့ ခုခံနေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ Karen Information Center - KIC က ဖော်ပြပါတယ်။

မတ်လ ၂၄၊ မနက်ပိုင်းမှာ စစ်လေယာဉ်က ဗုံးအလုံး ၂၀ ကျော် ကြဲသွားတဲ့အတွက် သောင်ရင်း မြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံဘက်ထွက်ပြေးတဲ့ ကရင် ရွာသားတွေကို ထိုင်း နယ်ခြားစောင့် တပ်က ကူညီပေးနေတဲ့ သတင်းဓာတ်ပုံတွေ တွေ့ရပါတယ်။

မြန်မာ စစ်တပ်က ဗုံးကြဲတဲ့နေရာဟာ ထိုင်းနယ်စပ်နဲ့ ကပ်နေတဲ့အတွက် စစ်လေယာဉ်တွေ ပိုင်နက် မကျော်အောင်၊ ဗုံးသီးတွေ ထိုင်းဘက် မကျအောင် သတိပေးတဲ့အနေနဲ့ ထိုင်းစစ်လေယာဉ်တွေကလည်း သောင်ရင်းမြစ်ရဲ့ ထိုင်းဘက်ကမ်း လေပိုင်နက်ထဲကနေ သတိပေးပျံသန်းခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

KNLA တပ်မဟာ ၇ နယ်မြေထဲရှိ ပူလူတူ စခန်းကို မတ်လ ၁၄ ရက်မှာ သိမ်းပိုက်ပြီးနောက် အနီးဝန်းကျင်ရှိ ခလယ်ဒေးစခန်းကို ဆက်ပြီး ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

ခလယ်ဒေးစခန်းရဲ့အထက်ဘက်ရှိ KNU ဗဟိုဌာနချုပ်ဟောင်း မာနယ်ပလော စခန်းနေရာကို KNLA နဲ့ မဟာမိတ်တွေက လွန်ခဲ့တဲ့ ဒီဇင်ဘာမှာ သိမ်းပိုက်ပြီးဖြစ်ပါတယ်။

ဒါ့အပြင်...

- ရုရှားအစိုးရကတာဝန်ယူ ဆောင်ရွက်မယ်လို့ပြောထားတဲ့ ထားဝယ် ရေနက်ဆိပ်ကမ်း ဒေသမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ မတ်လ ၂၄ မှာ တိုက်ပွဲဖြစ်...

- လေးမျက်နှာ မြို့နယ်ရှိ တုံးတောရွာက စစ်ကောင်စီစခန်းကို အာရက္ခတပ်တော် (AA) နဲ့ ပူးပါင်းတပ်က မတ်လ ၂၃ မှာ သိမ်းပိုက်...

- မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ရာမှာ စစ်ရဟတ်ယာဉ် ရပ်နားစခန်းကို ထိမှန်တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ကဆို...

- MNDAA ကိုးကန့်တပ် ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ ကူမင်းမြို့မှာ မတ်လ ၂၂ ကတွေ့ဆုံဆွေးနွေးပေမယ့် သဘောတူညီချက် မရဘဲ ဆွေးနွေးပွဲ ပြီးဆုံး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

၃၇ နှစ်ကြာပြီးမှ ခလက်ဒေးက တခါ ပြန်လည်ရှင်သန် လာတာလား...

တပ်မဟာ ၇ ဒေသ၊ ခလယ်ဒေးစခန်းကိုသိမ်းဖို့ KNLA နဲ့ မဟာမိတ်တွေက ထိုးစစ်ဆင်နေတဲ့သတင်း ဒီနေ့ ဖတ်ရပါတယ်။



မာနယ်ပလော ဌာနချုပ်ဟောင်းနေရာကို သိမ်းပြီးတဲ့နောက် တပ်မဟာ ၇ ရဲ့ ရှေ့တဆင့် ထိုးစစ်၊ သောင်ရင်းမြစ်ကမ်းတလျောက် ရှင်းလင်းရေးထိုးစစ်လို့ နားလည်ရပါတယ်။
အစောပိုင်းသတင်းတွေအရ သံလွင်မြစ်ကြောင်းတလျောက်ကို တပ်မဟာ ၅ က ရှင်းထားပြီးပြီဆိုတော့ သောင်ရင်းမြစ်တလျောက်ကိုလည်း ရွှေကုက္ကူဖက်မှာ နယ်ခြားစောင့်တွေရှိတာကလွဲရင် နေရာအားလုံးနီးပါးကို တပ်မဟာ ၇ နဲ့ တပ်မဟာ ၆ က ရှင်းထားပြီးသားလို့ ထင်နေတာ...
အခု ခလယ်ဒေးစခန်းကို ထိုးစစ်ဆင်တယ်ဆိုတာ့ သောင်းရင်းမြစ်ဘေးမှာ သိမ်းစရာစခန်း ဘယ်နှစ်ခု ကျန်သေးလဲ...။ ခလယ်ဒေးအပေါ်နားက မယ်သဝေါတောင်ကိုကော ဘယ်တော့သိမ်းမလဲ...
၁၉၈၈ ဒီဇင်ဘာတုန်းက ခလယ်ဒေးစခန်းကို ပထမ အခေါက်ရောက်စဉ် ရေးထားတဲ့ မှတ်စုကို ပြန်သတိရမိပါတယ်။
ခလက်ဒေးစခန်းဆိုတာ DAB တပ်ပေါင်းစုကို စတင်ဖွဲ့စည်းခဲ့တဲ့နေရာပေါ့...
ကိုထူးအိမ်သင် နှစ်သစ်ကူးပွဲမှာ သီချင်းဆိုခဲ့ဖူးတဲ့ နေရာပေါ့...
အခု ၃၇ နှစ်ကြာပြီးမှ ခလက်ဒေးက တခါ ပြန်လည်ရှင်သန် လာတာလား...။
=====

(၁၉၈၈- ဒီဇင်ဘာ ပထမ သတင်းပတ်...
သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး- အခန်း ၇ မှ)
ကျနော်မှတ်မိသလောက် ဗိုလ်မှူးစိုးစိုးအိမ်မှာ တပတ်လောက်သောင်တင်ပြီး နောက်မှာတော့ ကျနော်တို့ ၆ ဦးကို မယ်သလေ (ခေါ်) ကလက်ဒေး စခန်းဆီ ပို့လိုက်ပါတယ်။
မဲဆောက်ကနေ သောင်းရင်းမြစ်တလျောက် ၃ နာရီလောက် မောင်းရတဲ့ ကားလမ်းကတော့ ကန်ချနပူရီ – တာ့ခ် -မဲဆောက် လမ်းလို မချောမွေ့တော့ပါဘူး။ ကျနော်တို့ ထားဝယ်ဘက်က ကားလမ်းတွေလို ခပ်ကျဉ်းကျဉ်းနဲ့ အကွေ့အကောက်များပြီး တောင်တက်၊ တောင်ဆင်း လမ်းတွေများပါတယ်။
ဒါပေမယ့် သောင်းရင်းမြစ်ကို ကြည့်လိုက်၊ မြစ်ဘေး မြန်မာဖက်အခြမ်းက တောင်ကတုံး တွေကိုငေးလိုက်၊ ထိုင်းဘက်က ကျွန်းသစ်တော စိုက်ခင်းတွေကိုငေးလိုက်၊ လမ်းတလျောက်က ထိုင်း – ကရင်ရွာ ဈေးတန်းမှာရပ်လိုက်နဲ့ အိပ်ငိုက်စပြုချိန်မှာ ကလက်ဒေးစခန်းရဲ့ ထိုင်းဘက်ကမ်း မယ်သရီ ဈေးတန်းကို ရောက်လာပါတယ်။
ကျနော့်စိတ်ထဲ မော်လမြိုင်မြို့ ဒေါင်းမင်းလမ်းထဲက မှောင်ခိုတန်းကို ရောက်သွားသလိုပါပဲ။ အဝတ်အထည်၊ လျှပ်စစ်ပစ္စည်း၊ ရေချိုးခန်းသုံးပစ္စည်း၊ အစားအသောက်အစုံရတဲ့ တကယ့်ဈေးတန်းကြီးဖြစ်ပါတယ်။
ထိုင်းဘက်ကမ်းက ဈေးဆိုပေမယ့် ထိုင်းလို မတတ်လည်း ပြဿနာ မရှိပါဘူး။ အားလုံးက ကရင်နဲ့ ဗမာစကားကို နားလည်ကြပါတယ်။ နောက် မော်လမြိုင် မှောင်ခိုဈေး ဆိုတာကလည်း ဒီဈေးက ပစ္စည်းတွေ ဖြစ်နေပြီး နွားလာရောင်းတဲ့ လူတွေက နည်းမျိုးစုံနဲ့ ရွေဂွန်း – လှိုင်းဘွဲ့အထိသယ်ပြီး ဘားအံ – မော်လမြိုင် အထိ သွားသွင်းကြတယ်လို့ သိရပါတယ်။
အဲဒီဈေးတန်းမှာ သူများတိုက်တဲ့ အအေးတခွက်စီ သောက်ပြီးနောက်မှာတော့ ကလက်ဒေးဘက်ကို ကျနော်တို့ကူးပါတယ်။ ပေ ၅၀ လောက်အကျယ်ရှိတဲ့ သောင်ရင်းမြစ်ထဲမှာတော့ “ဖုတ် – ဖုတ် – ဖုတ်” မြည်နေတဲ့ အင်ဂျင်အား ကောင်းကောင်း စက်လှေ ၃ဝ လောက် ဟိုဘက်ဒီဘက် ခေါက်တုန့် ခေါက်ပြန် ပြေးနေပါတယ်။ ခရီးသည်ဆိုရင် ၅ ဘတ်၊ ကျိုဖိုး (ကျောင်းသား) ဆိုရင်တော့ အလားကား တင်ပေးပါတယ်။
နောက်မှ ကျနော်ပြန်သိရတာက အဲဒီစက်လှေ ၃ဝ ကျော်ဟာ ဟိုဘက်ဒီဘက် ကူးနေတာ မဟုတ်ဘဲ သောင်ရင်းမြစ် တလျောက်ပြေးနေတဲ့ စက်လှေတွေဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ရောက်သွားတဲ့အချိန်မှာ ကလက်ဒေးရဲ့ အပေါ်ဘက် (သောင်းရင်းမြစ်က ပြောင်းပြန်စီးတဲ့အတွက် မြစ်ရေစီး အတိုင်း ခေါ်မယ်ဆိုရင် အောက်ဘက်လို့ ခေါ်သင့်ပါတယ်) ၃၊ ၄ မိုင်လောက် အကွာက မဲသဝေါတောင်မှာ တိုက်ပွဲ ဖြစ်နေတဲ့အတွက် လှေအသွားအလာ ရပ်ပြီး ဒီမှာလာစုပုံ နေတာ ဖြစ်ပါတယ်။ အဲဒီ မဲသဝေါ တောင်ကိုလည်း အခု ကျနော်တို့ ရောက်နေတဲ့ ကလက်ဒေးကနေ ခပ်ဝါးဝါးလေး လှမ်းမြင် နေရပါတယ်။
ကလက်ဒေးဘက်ရောက်တော့ KNU အကောက်ဂိတ်က မေးမြန်းစစ်ဆေးပြီး ကျောင်းသား စခန်းဆီ ကျနော်တို့ကို ပို့လိုက် ပါတယ်။ ကျောင်းသားစခန်းဆိုပေမယ့် ကျနော်တို့ မင်းသမီးစခန်းလို တောကြိုအုံကြားမှာ မဟုတ်ပါဘူး။ နယ်စပ်ဂိတ်နဲ့ ၅ မိနစ်တောင် လမ်းလျောက်စရာမလိုတဲ့ ကလက်ဒေးရွာဘေးက တောင်ကုန်းလေးပေါ်မှာပါ။
ဆောက်ထားတဲ့ အဆောက်အဦ တွေကလည်း ကျနော်တို့စခန်းလို ဝါးတဲစုတ်မဟုတ်ပါဘူး။ တောင်ကုန်းထိပ်က အဆောက် အဦဆိုရင် ရှေမှာကျနော်ပြောခဲ့တဲ့ ထီးထားက KNDO ရုံးထက် ၂ ဆ လောက် သားနားပြီး အထက ကျောင်းတခု ပုံစံလိုမျိုး ဖြစ်နေပါတယ်။
အဲဒီဘေးက ကျောင်းသားတွေနေတဲ့ ဘားတိုက်ကလည်း သစ်သားတွေနဲ့ အသေအချာ ဆောက်ထားလို့ အတော်ကောင်းတဲ့ နေရာတွေပါ။ တကယ်ကတော့ ခုနက အသားနားဆုံးလို့ ကျနော်ပြောလိုက်တဲ့ အဆောက်ဦဟာ မနေ့တနေ့ ကမှ DAB (ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့) ညီလာခံ လုပ်ခဲ့တဲ့နေရာလို့ သိရပါတယ်။
DAB ရဲ့ ထူးခြားချက်ကတော့ အရင်ကရှိပြီးသား တိုင်းရင်းသား လက်နက်ကိုင် ၁ဝ-ဖွဲ့ဖြစ်တဲ့ (ကရင်၊ ကရင်နီ၊ ကချင်၊ မွန်၊ ရခိုင်၊ ပလောင်၊ ပအိုဝ်း အပါဝင်) NDF ခေါ် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစုနဲ့ အသစ်ရောက်လာတဲ့ ၁၂ ဖွဲ့၊ (ABSDF, CRDB, ABYMU, အပါဝင်…) အထူးသဖြင့် ကျောင်းသားအုပ်စုတွေနဲ့ ပူးတွဲဖွဲစည်းလိုက်တဲ့ အသစ်စက်စက် မဟာမိတ် တပ်ပေါင်းစု ဖြစ်ပါတယ်။
ဥက္ကဋ္ဌ ကတော့ အဲဒီကာလရဲ့ ထုံးစံအတိုင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မြ၊ ဒုတိယဥက္ကဋ္ဌ တွေကတော့ KIO ဥက္ကဋ္ဌ ဘရန်ဆိုင်း၊ မွန်ပြည်သစ် ဥက္ကဋ္ဌ နိုင်ရွှေကျင်၊ ပြည်ချစ်ပါတီဥက္ကဋ္ဌ ဦးသွင်နဲ့ အတွင်းရေးမှူး အဖြစ်ကတော့ ကျောင်းသားတွေနဲ့ အတူ အသစ်ပါလာတဲ့ အမေရိကန်ပြန် CRDB အဖွဲ့က ပြည်ချစ် လက်ဟောင်း ဦးတင်မောင်ဝင်းတို့ပါ။ တွဲဘက်အတွင်းရေးမှူး အဖြစ်ကတော့ ကျနော်တို့ ABSDF ရဲ့ အထွေထွေအတွင်းရေးမှူး ကိုသန်းဝင်း ဖြစ်ပါတယ်။
အဲဒီ DAB ညီလာခံ လုပ်ပြီးသွားတဲ့နေရာမှာ ကျနော်တို့အုပ်စုကို နေရာချပေးပါတယ်။ အဲဒီကာလ ABSDF ဗဟိုကော်မတီဝင်တွေကတော့ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်၊ ဒု – ဥက္ကဋ္ဌ ကိုဝင်းမိုး၊ အထွေထွေ အတွင်းရေးမှူး ကိုသန်းဝင်း၊ တွဲဘက် အထွေထွေအတွင်းရေးမှူး ၁ – ကိုအောင်နိုင် (အခု VOA – မြန်မာပိုင်း ဌာနမှူး ကိုသန်းလွင်ထွန်း) တွဲဘက် အတွင်းရေးမှူး ၂ – ဆလိုင်းကိုကိုဦးတို့ ဖြစ်ပါတယ်။
ဗဟိုဦးဆောင် ကော်မတီဝင်တွေ အဖြစ်ကတော့ နိုင်ငံခြားရေး ဌာနအတွက် စိုင်းမျိုးဝင်းထွန်း (အခု ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးတို့နဲ့အတူ နှစ်ရှည် ထောင်ကျခံနေရသူ)၊ စည်းရုံးရေး ဌာနအတွက် ကိုထွန်းဦး (ကျဆုံး) ပြန်ကြားရေး ဌာနအတွက် ကိုကိုလေး၊ ထောက်ပံ့ရေး ဌာနအတွက် ကိုကြည်မိုး၊ လုပ်ငန်းစစ်ဆေးရေး ဌာနအတွက် ကိုမောင်မောင်သိန်း၊ စည်းကမ်း ထိမ်းသိမ်းရေး ဌာနအတွက် ကိုကျော်လင်း၊ ကျန်းမာရေး ဌာနအတွက် ဒေါက်တာသာသာဦး၊ ဘဏ္ဍာရေး ဌာနအတွက် ကိုကျော်ထင် (မင်းသမီးစခန်းက ကိုကျော်ထင်နဲ့ အမည်တူသူ) တို့ ဖြစ်ပါတယ်။
ကလက်ဒေးစခန်းရဲ့ အခြေအနေက ကျနော်တို့ စခန်းနဲ့ တခြားစီပါ။ ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့အပြင် သူပုန်တွေရဲ့ တပ်ပေါင်းစုညီလာခံ ကျင်းပတဲ့နေရာလည်း ဖြစ်နေတဲ့အတွက် ကလက်ဒေးဟာ ကျနော်တို့ ရောက်ခဲ့ဖူးတဲ့ ထီးထာ။ ထီးခီးတွေထက် အဆမတန် စည်ကားဝေဆာ နေပါတယ်။
စခန်းတွင်း အစားအသောက်ကလည်း ကျနော်တို့စခန်းထက် အများကြီး ပိုအဆင်ပြေနေတာကို တွေ့ရပါတယ်။ ညနေပိုင်း ရွာထဲခဏဝင်လည်တော့လည်း အိမ်တွေက ဖြစ်သလိုဆောက်ထားတာ မဟုတ်ဘဲ ရပ်ကွက်ပုံစံ အကွက်ချ ဆောက်ထားတာ ဖြစ်ပြီး လျှပ်စစ်မီးလိုင်းတွေ၊ ရေပိုက်တွေပါ တပ်ပေးထားတာကို တွေ့ရတော့ KNU မှာလည်း မြို့ပြ အုပ်ချုပ်ရေးစနစ် ရှိသားပဲလို့ ကျနော် တွေးလိုက်မိပါတယ်။
ဈေးဆိုင်တန်းတွေ အပါအဝင် ဒီရွာထဲမှာ အိမ်ခြေ ၁၀၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းရပေမယ့် တရွာလုံးအနှံ့တော့ ကျနော် မသွားဖြစ်ခဲ့ပါဘူး။ ကလက်ဒေးစခန်းမှာ ကျောင်းသားဦးရေ ၁၀၀ ကျော်လောက် ရှိပြီး အများစုဟာ ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ့နဲ့ ရွေဂွန်းဘက်က ဖြစ်ကြပါတယ်။
အဲဒီကာလက စခန်းကော်မတီထဲမှာ ကျနော် မှတ်မိနေသူ တချို့ကတော့ ဒေါက်တာ ကျော်သက်ဦး၊ ကိုအာယု၊ ကိုဝေလင်းဇင် (အခုထိ ABSDF ဗဟိုမှာတာဝန်ထမ်းဆဲ)၊ ကိုဝင်းမြင့် (အခု BBC သတင်းဌာနမှာ တာဝန်ထမ်းနေသူ) ကိုအောင်ဟိန်း (နောက်ပိုင်းမှာ ဗဟိုကော်မတီ ဖြစ်လာပြီးမှ ငွေဘုန်းပြီး ပြည်တွင်း
ပြန်ဝင်သွားသူ) နောက် တိုင်းဂါးတို့ညီနောင်ကို ကျနော် သတိထားမိပါတယ်။
ဗဟိုဘက်က ရောက်နေတဲ့ ခေါင်းဆောင်တွေထဲက ကျနော်တို့နဲ့ တွဲရသူတဦးကတော့ ရှေ့နေ ကိုကျော်လင်းဖြစ်ပါတယ်။ ကျနော်တို့လိုပဲ KNU နယ်မြေကော်မတီ အတွက် ရောက်နေတဲ့ တခြားစခန်းက ကိုယ်စားလှယ်တွေ ထဲမှာတော့ သီဘောဘိုးက ကို ခင်မောင်စိုးနဲ့ ကိုတင်ဌေး၊ ဝမ်ခါ (ကော့မူးရာ) စခန်းက ကိုသိန်းထွန်းနဲ့ ကိုသိန်းလွင်၊ သံလွင်စခန်းက ကိုသိန်းဆန်း၊ ကိုမောင်မောင်တိတ်၊ ကိုမျိုးသန့်နဲ့ ကိုအောင်သူ၊ စောထ စခန်းက ကိုမောင်မောင်စိုး၊ ကိုသိန်းထိုက်၊ ကိုတင်ဦးလွင်နဲ့ ကိုဇော်ခင်တို့ ဆိုတာ ကျနော့်စိတ်ထဲ အမှတ်ရနေပါတယ်။
---



နယ်မြေကော်မတီအတွက် ကျနော်တို့ အစည်းအဝေးလုပ်တဲ့ နေရာကတော့ ခုနက DAB အစည်းအဝေး လုပ်ရာ အဆောက်အအုံရဲ့ အနောက်ဘက် ခပ်လှမ်းလှမ်းက မူလတန်း ကျောင်းလေးမှာ ဖြစ်ပါတယ်။ ကျွန်းသစ်တွေနဲ့ အခိုင်အမာ ဆောက်ထားတဲ့ အဲဒီကျောင်းလေးရဲ့ နဘေးမှာ ဆီးပင်တန်းလေး ရှိတဲ့အတွက် ဆီးပင် တန်းကျောင်းလို့ အလွယ် မှတ်ထားပါတယ်။
ဖွင့်ပွဲနေ့မှာ အမှာစကား လာပြောသူတွေကတော့ DAB ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသူ ကချင်လွတ်လပ်ရေး တပ်မတော် (KIO) ဥက္ကဋ္ဌ မရန်ဘရန်ဆိုင်း၊ KNU ဒု ဥက္ကဋ္ဌ ဖဒိုသန်းအောင်နဲ့ ရဟန်းပျိုအဖွဲ့က အရှင် ခေမာစာရတို့ ဖြစ်ပါတယ်။
နောက်တခါ ဒေါက်တာ စင်သီယာမောင်လည်း ကျနော်တို့ အစည်းအဝေးကို တက်တယ်လို့ အမှတ်ရနေပါတယ်။ ဒေါက်တာစင်သီယာမောင်ကို ကျနော်တို့ နယ်မြေကော်မတီမှာ ကျန်းမာရေး တာဝန်ခံအဖြစ် တာဝန်ပေးဖို့ အဆိုပြုခဲ့ပေမယ့် သူက လက်မခံဘဲ တသီးပုဂ္ဂလ အဖြစ်နဲ့သာနေပြီး အတတ်နိုင်ဆုံး ကူပေးမယ်လို့သာ ပြောခဲ့တယ်လို့ ထင်ပါတယ်။
ဧည့်သည်တော် ဥက္ကဋ္ဌ ဘရန်ဆိုင်းနဲ့ ဖဒိုသန်းအောင်တို့ ဘာတွေပြောသွားသလဲ ဆိုတာကို ကျနော် မမှတ်မိတော့ပေမယ့် စတိုင်ကျလှတဲ့ ဘရန်ဆိုင်းရဲ့ ပုံကိုတော့ အခုအချိန်ထိ စိတ်ထဲမြင်ယောင်နေဆဲ ဖြစ်ပါတယ်။
---

Sunday, March 23, 2025

ကပစ ၆ ယာဉ်တန်းကို AA တိုက်ခိုက်... ဗန်းမော်မှာ တိုက်ပွဲပြင်းထန်...


ကပစ ၆ ယာဉ်တန်းကို AA တိုက်ခိုက်... ဗန်းမော်မှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၄ မတ် ၂၀၂၅

ပဲခူးတိုင်း၊ ပန်းတောင်းမြိုနယ်၊ ညောင်ခြေတောက် ဘက်ကို စစ်ကူတက်လာတဲ့ ကပစ ၆ က ယာဉ်တန်းကို အာရက္ခတပ်တော် (AA) ဦးဆောင်တဲ့  တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်ကောင်စီ တပ်ဘက်က အထိနာတယ်လို နိရဉ္စရာက ဖော်ပြပါတယ်။

မတ်လ ၂၂ မနက်ပိုင်းမှာ ကပစ ၆ ကနေ ထွက်လာတဲ့ စစ်ကား ၇ စီးပါ ယာဉ်တန်းကို ကြားဖြတ်တိုက်ရာမှာ စစ်ကား ၂ စီး မီးလောင်ပြီး စစ်သားအချို့ သေဆုံးတယ်လို့ ဒေသခံ တဦးကပြောပါတယ်။

လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ နေရာဟာ ညောင်ကျိုးနဲ့ ညောင်ခြေတောက် ကြားရှိ ချင်းကုန်းရွာမှာလို့ ဆိုပါတယ်။ စစ်ကောင်စီ တပ်ဟာ မြေပြင်စစ်ကူအပြင် လေကြောင်းကနေလည်း ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်သာမက စက်တပ်လေထီးတွေနဲ့ပါ ပစ်ကူပေးနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- ဗန်းမော်မြို့ရှိ စကခ ၂၁ နဲ့ ဗန်းမော်တက္ကသိုလ် ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့  ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေကြား မတ်လ ၂၂ နဲ့ ၂၃ နှစ်ရက် ဆက်တိုက် တိုက်ပွဲပြင်းထန်...

- ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ နှမ်းခါးကျေးရွာ ဆေးပေးခန်းကို စစ်လေယာဉ်က ဗုံးကြဲတဲ့တွက် ဆရာဝန် မိသားစုနဲ့ လူနာ အပါဝင် ၁၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ...

- တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မိုးဗြဲမြို့မှာ ခမရ ၅၀၈ က တပ်သားတဦးဟာ MA 1 သေနတ် တလက်နဲ့အတူ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ထံ ဘက်ပြောင်းခိုလှုံလာ...

- တီးတိန် အခြေစိုက် ခလရ ၂၆၉ က ဒု-တပ်ကြပ် တဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ PDF- Zoland ထံ ဘက်ပြောင်းခိုလှုံလာ...

- မိုးကုတ်ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် “TRI” ဗျူဟာရဲ့ အခြေခံ စစ်ပညာသင်တန်း အမှတ်စဉ် ၁ သင်တန်းဆင်းပွဲ ကျင်းပ...

- ရှမ်းတောင်နဲ့ ရှမ်းမြောက်အစပ် ကျောက်ဂူဒေသ အခြေစိုက် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA/DPLF) ကလည်း ရာနဲ့ချီတဲ့ တပ်သားသစ်တွေကို စစ်သင်တန်းပေးနေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, March 21, 2025

အင်းတော်တိုက်ပွဲ လက်နက် ၅၀ ကျော်သိမ်းမိ... ဘောလခဲတိုက်ပွဲ လက်နက် ၂၀ နီးပ...


အင်းတော်တိုက်ပွဲ လက်နက် ၅၀ ကျော်သိမ်းမိ... ဘောလခဲတိုက်ပွဲ လက်နက် ၂၀ နီးပါးရရှိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၂ မတ် ၂၀၂၅

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်နဲ့ ကသာမြို့နယ်အစပ် တိုက်ပွဲမှာ စစ်ကောင်စီဖက်က ၃၀ ကျော် သေဆုံး၊ ၃၀ ကျော် လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၅၀ ကျော် သိမ်းမိတယ်လို့ PDF အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၁၅ ရက်မှာ ကသာမြို့ အခြေစိုက် ခမရ-၃၀၉ က ထွက်လာတဲ့ ဗိုလ်မှူး လင်းထက် ဦးစီးတဲ့ အင်အား ၁၅၀ ပါ စစ်ကြောင်းကို ပင်လွတ်ရွာအနီး ပန်းတောင်ကြီး-ပန်းတောင်လေး တောင်ကြားမှာ တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်တာလို့ ဆိုပါတယ်။

ဒီစစ်ကြောင်းမှာ ခမရ ၃၀၉ အပြင် ခမရ ၁၀၆ နဲ့ ခလရ ၆ က အင်အားတွေ စုပေါင်းထားတာဖြစ်ပြီး စစ်ကြောင်း တခုလုံးနီးပါး တပ်ပျက်သွားတယ်လို့ ဖေါ်ပြပါတယ်။ 

နယ်မြေရှင်းတဲ့အခါ စစ်သားအလောင်း ၃၃ လောင်း၊ လက်ရဖမ်းမိသူ ၃၁ ဦး၊ ဒဏ်ရာရသူ ၁၀ ဦး၊ စက်လတ် အပါအဝင် လက်နက်မျိုးစုံ ၅၄ လက် သိမ်းမိတယ်။ တော်လှန်ရေးဖက်ကလည်း ရဲဘော် ၂ ဦး ကျဆုံးတယ်လို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို ကချင်လွတ်လပ်ရေးတပ်မတော်  KIA၊  ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် KPDF ၊ ကသာခရိုင် PDF တပ်ရင်း-၁၊ မိုးတား တိုက်နယ် ပကဖ နဲ့ ကသာမြို့နယ် ပကဖ  ပူးပေါင်းဆောင်ရွက်တာလို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ဘောလခဲမြို့နယ် တိုက်ပွဲမှာ  စစ်ကောင်စီဖက်က ဗိုလ်ကြီးအဆင့် အပါအဝင် သေဆုံးသူများပြီး အချီု့ကို လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၂၀ ခန့် သိမ်းမိ...

- ပဲခူးတိုင်း၊ စစ်ကွင်းမြို့၊ အုတ်တွင်း ကျေးရွာ အနီးရှိ ရန်ကုန်-ပြည် လမ်းပေါ်က စစ်ကွင်းတာဆုံဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင် တိုက်ရာမှာ စစ်သား ၈ ဦး သေပြီး လက်နက် တလက် သိမ်းမိ...

- ပန်းတောင်းမြို့နယ်ရှိ ညောင်ကျိုးစခန်းကို အာရက္ခတပ်တော် AA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီးနောက်  ဥသျှစ်ပင်မြို့အနီး တိုက်ပွဲပြင်းထန်နေ...

- တရုတ်အစိုးရက စစ်ကောင်စီကို အကူအညီပေးနေတာတွေကို ဆန့်ကျင်တဲ့  ပြောက်ကြားဆန္ဒပြပွဲတခု လားရှိုးမှာဖြစ်ပွား...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, March 20, 2025

လေးမျက်နှာတိုက်ပွဲ စစ်ကောင်စီ အထိနာ... ထီးလင်းမြို့နယ်ကို စစ်လေယာဉ် ဗုံး...


လေးမျက်နှာတိုက်ပွဲ စစ်ကောင်စီ အထိနာ... ထီးလင်းမြို့နယ်ကို စစ်လေယာဉ် ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၁ မတ် ၂၀၂၅

ဧရာဝတီတိုင်း၊ ရေကြည်၊ ငသိုင်းချောင်းနဲ့ လေးမျက်နှာ စတဲ့ သုံးမြို့နယ်မှာ အာရက္ခတပ်တော် ဦးဆောင်တဲ့ ပူးပေါင်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ် အကြား တိုက်ပွဲပြင်းထန်လာတဲ့အတွက် စစ်ဘေးရှောင်သူ တိုးလာနေတယ်လို့ နိရဉ္စရာက ဖော်ပြပါတယ်။

မတ်လ ၁၉ ရက်မှာ အမှတ် ၃၄၄ အမြောက်တပ် အနီးရှိ တုံးတောကျေးရွာနဲ့ ပန်းတောကြီး ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်တယ်၊ လေးမျက်နှာမြို့နယ်၊ အောင်ဇံကွင်း ကျေးရွာနဲ့ ကျားအောင်း တောင်ပေါ်မှာလည်း တိုက်ပွဲဖြစ်တယ်၊ ဒါကြောင့် အဲဒီရွာတွေက ဒေသခံတွေ စစ်ဘေးရှောင်အဖြစ် ထွက်ပြေးလာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသတွင်း မီဒီယာတခုဖြစ်တဲ့ ဧရာဝတီတိုင်းမ် ကတော့ ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က သေဆုံး၊ ဒဏ်ရာရသူတွေ ရာနဲ့ချီရှိနေပြီး အလောင်းနဲ့ ဒဏ်ရာရသူတွေကို ပုသိမ်ဘက် ပို့နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- ဖလမ်းမြို့ သိမ်းတိုက်ပွဲမှာ ခလရ ၂၆၈ က တပ်ရင်းမှူး သေဆုံးသွားပြီလို့ သတင်းထွက်ပေါ်နေ...

- ထီးလင်းမြိုနယ်၊ အလယ်ဘန်း ကျေးရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ဒေသခံ ၄ ဦးသေ၊ ၃၀ ဦးခန့် ဒဏ်ရာရပြီး နေအိမ် ၄၀ ခန့်ပျက်စီး...

- ချောင်းဦးမြို့နယ်၊ နတ်ရေကန်စစ်စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ရာမှာ စစ်ကောင်စီဘက်က သေဆုံးမှုရှိနိုင်...

- ထားဝယ်မြို့နယ်၊ နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်သားတွေ ဈေးဝယ်ထွက်ချိန်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သား ၃ ဦး သေပြီး လက်နက် ၃ လက် သိမ်းမိ...

- မိုးကုတ်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အပတ်စဉ် ၅ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, March 19, 2025

ကျောက်ဖြူတိုက်ပွဲမှာ စစ်ကောင်စီက တရုတ်ဒရုန်းတွေနဲ့ တိုက်... မန္တလေး အမြန...


ကျောက်ဖြူတိုက်ပွဲမှာ စစ်ကောင်စီက တရုတ်ဒရုန်းတွေနဲ့ တိုက်ခိုက်... မန္တလေး-မိတ္တိလာ အမြန်လမ်းမှာ တိုက်ပွဲဖြစ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

၂၀ မတ် ၂၀၂၅

တရုတ် စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က တရုတ်ရဲ့ နည်းပညာ အကူအညီနဲ့ ဒရုန်းတွေ ပိုမို အသုံးပြု တိုက်ခိုက်လာနေတယ်လို့ နိရဉ္စရာက ဖော်ပြပါတယ်။

အခုရက်ပိုင်း တိုက်ပွဲ ပြင်းထန်နေတဲ့ ဓညဝတီရေတပ် ဌာနချုပ်အနီးက သစ်ပုတ်‌တောင် တိုက်နယ်၊ ရှောက်ချောင်းနဲ့ စည်မော် ဘက်က တိုက်ပွဲမှာ တရုတ် ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

ဒါဟာ ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ တရုတ် စီမံကိန်းတွေ လုံခြုံရေးအတွက် တရုတ် ကြေးစားစစ်သား ၅ဝ ခန့် ဖေဖော်ဝါရီ လကုန်ပိုင်းမှာ ရောက်လာပြီးနောက် အခု တရုတ် နည်းပညာသုံး ဒရုန်းတွေ၊ ဂျန်ဘာတွေ အသုံးပြုလာတာလို့ စစ်ဖက်သတင်းရပ်ကွက်တွေကို ကိုးကား ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး ဗျူဟာ စခန်းဆီ စစ်ကူ တက်လာတဲ့ စစ်ကြောင်းကို AA က ကြားဖြတ် တိုက်ခိုက်တဲ့အတွက် တိုက်ပွဲ ပြင်းထန်နေ...

- နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေ...

- အမြန်လမ်းအတိုင်း မန္တလေးကနေ မိတ္ထီလာဘက် မောင်းလာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ရာမှာ ရဲ ၅ ဦး သေဆုံး...

- ဝေါမြို့နယ်၊ လက်ပံရွာအခြေစိုက် ပျူစောထီး အဖွဲ့ကို တော်လှန်ရေး တပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ရာမှာ ပျူစောထီး ၃ ဦး သေပြီး ၃ ဦး ဒဏ်ရာရ...

- အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်၊ ညောင်ကျိုး စခန်းကနေ ထွက်ပြေးလာတဲ့ စစ်သားသစ်တဦး  မြေအောက် ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“နားထောင်လာတာ ၅၅ နှစ်ရှိနေပြီဆိုတော့ လာရမယ့်အချိန်မှာ မလာရင် တခုခု လိုနေ...


“နားထောင်လာတာ ၅၅ နှစ်ရှိနေပြီဆိုတော့ လာရမယ့်အချိန်မှာ မလာရင် တခုခု လိုနေသလိုဖြစ်နေတယ်”

- ရှေ့နေကြီး ဦးကြီးမြင့် ( VOA အမာခံ ပရိသတ်တဦး)

(၁၉ -၃-၂၀၂၅)

“VOA ကို ၁၉၇၀ ကတည်းက နားထောင်လာတာဆိုတော့ သူလာရမယ့်အချိန်မှာ မလာရင် တခုခုလိုနေသလိုဖြစ်နေတယ်၊ မနက်ခင်းသတင်းနားထောင်ပြီးမှ ကျနော်တို့က လုပ်စရာရှိတာ ဆက်လုပ်ကြတာ” လို့ VOA ရဲ့ အမာခံ ပရိသတ်တဦးဖြစ်သူ ရှေ့နေကြီး ဦးကြီးမြင့်က ပြောပါတယ်။

VOA နဲ့ RFA သတင်းဌာတွေကို ပိတ်ပစ်တော့မယ်၊ အသံလွှင့်မှုရပ်နားလိုက်ပြီဆိုတဲ့အချက်တွေက သန်းနဲ့ချီရှိတဲ့ မြန်မာပရိသတ်တွေကို ဘယ်လိုထိခိုက်စေသလဲ ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- VOA အပါဝင် နိုင်ငံခြား အသံလွှင့်ဌာနတွေကို မြန်မာပရိတ်သတ်တွေ ဘယ်ကတည်းက စနားထောင်သလဲ... ဘာကြောင့် နားထောင်ဖို့ လိုအပ်သလဲ...

- ဒီဂျစ်တယ်ခေတ်- အင်တာနက်ခေတ်မှာ ရေဒီယိုတွေ လိုအပ်သေးလို့လား...

- VOA, RFA က ထုတ်လွှင့်တဲ့သတင်းတွေ- ဆောင်းပါးတွေနဲ့ ဆိုရှယ်မီဒီယာ အခြေခံ သတင်းဌာနတွေရဲ့ သတင်းတွေ-ဆောင်းပါးတွေက ဘာတွေ ကွာသလဲ... 

- သမ္မတထရမ့်အစိုးရက မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ကူညီပေးနေတာကော ဟုတ်ရဲ့လား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, March 18, 2025

ငါ့သရောက်တိုက်ပွဲ စစ်ကောင်စီ အထိနာ... KNU ဌာနချုပ် ဒရုန်းနဲ့အတိုက်ခံရ...


ငါ့သရောက်တိုက်ပွဲ စစ်ကောင်စီ အထိနာ... KNU ဌာနချုပ် ဒရုန်းနဲ့အတိုက်ခံရ...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၉ မတ်၂၀၂၅

ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိန်းချုပ်ထားတဲ့ ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ဒေသခံ ၆ ဦး သေဆုံး၊ တဦး ဒဏ်ရာရတယ်လို့ The 74 Media က ဖော်ပြပါတယ်။

မတ်လ ၁၈၊ မနက် ၅ နာရီခန့်မှာ တိုက်လေယာဉ်က ကျေးရွာ ရဲစခန်းကို ဗုံးကြဲသွားတာဖြစ်ပြီး အမျိုးသမီး ၂ ဦး အပါအဝင် ၆ ဦးသေဆုံးတာလို့ ဒေသခံတွေက ပြောပါတယ်။

စင်းခန်း ရွာဟာ ဗန်းမော်မြို့နဲ့ ၃၆ မိုင်အကွာမှာရှိပြီး ဧရာဝတီမြစ်ကူးတံတား (စင်းခန်း) ကို KIA နဲ့ ပူးပေါင်းအဖွဲ့က မနှစ် မေလ ၇ ရက်မှာ သိမ်းပိုက်ပြီးကတည်းက လွတ်မြောက်ဒေသဖြစ်နေတာပါ။

ဗန်းမော် စကခ ၂၁ နဲ့ လက်ကျန် တပ်ရင်းတွေကို သိမ်းပိုက်နိုင်ဖို့ KIA နဲ့ ပူးပေါင်းတပ်ဘက်က စစ်ရှိန်မြှင့်နေစဉ်မှာ စစ်ကောင်စီက အနီးဝန်းကျင်ရှိ အရပ်သားနေရာတွေကို အခုလို ဗုံးကြဲနေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- ကသာမြို့နယ်တိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၃၀ နီးပါးရဲ့ ဗီဒီယိုဖိုင်တွေ ဆိုရှယ်မီဒီယာမှာ ပြန့်နေ...

- ညောင်ဦးမြို့နယ်၊ ငါ့သရောက် (ငသယောက်) မြို့နယ်ခွဲအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးတွဲစစ်ကြောင်းကို ဒေသခံ တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၇၀ ကျော် သေဆုံး...

- ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ရွာရှိ ပျူစောထီး စခန်းနဲ့ မြစ်သာ ဆည်ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ စစ်သားနဲ့ ပျူစောထီး ၆ ဦး သေဆုံး...

- KNU ဖားအံခရိုင်၊ တပ်မဟာ ၇ ဌာနချုပ်နေရာကို စစ်ကောင်စီက အသေခံ ဒရုန်း ၃ လုံးနဲ့ တိုက်ခိုက်...

- လောင်းလုံးမြို့ အနီးရှိ လက်ခတ်တောင် တာဝါတိုင် စစ်ကောင်စီစခန်းကို တော်လှန်ရေး တပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၁၂ ဦး သေပြီး သေနက်တလက်နဲ့ ခဲယမ်းတွေ သိမ်းမိ...

- ပခုက္ကူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၆ တပ်ရင်း အရာရှိ၊ အရာခံ၊ စစ်သည် အားလုံး ပါဝင်တဲ့ တပ်ရင်း စုဖွဲ့မှုနဲ့ လေ့ကျင့်မှု သင်တန်းဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

ရွှေကုက္ကိုလ်ရဲ့ အသွင်းပြောင်းချိန်...

 ရွှေကုက္ကိုလ်ရဲ့ အသွင်းပြောင်းချိန်...



(Weekend မှာ တွေးတောစရာ... (၄)
အခုတလော နာမည်ကြီးလာနေတဲ့ ရွှေကုက္ကိုလ်အကြောင်း ဘာရေးရင်ကောင်းမလဲ စဉ်းစားနေတုန်း BBC သတင်းထောက်က အဲဒီမြို့ထဲကနေ သတင်းပို့နေတာ ဒီမနက် တွေ့လိုက်ရပါတယ်။
ကိုယ်က သောင်ရင်းမြစ်တဖက်ကမ်း ထိုင်း ကော်ဖီဆိုင်ပေါ်ကနေ ထိုင်ကြည့်တာတောင် ရင်ခုန်နေတာ... ဟိုဖက်က စရဖ များ စနိုက်ပါနဲ့ချောင်းကြည့်နေသလားလို့...
တကယ်ဆို ရွှေကုက္ကိုလ်က မဲဆောက်နဲ့နီးနီးလေး... ကားမောင်းသွားရင် နာရီဝက် ၄၅ မီနစ်လောက်ပဲ ကြာမယ်ထင်ပါတယ်။ စာရေးသူရောက်ခဲ့တာက မနှစ် စက်တင်ဘာ ဆိုတော့ ၅ လလောက်အတွင်း အခြေအနေက အတော့်ကို ပြောင်းလဲသွား...
၅ လတောင် ဒီလောက်ပြောင်းတယ်ဆိုရင် နှစ် ၃၀ ဆို ဘယ်လောက်များပြောင်းလိုက်လေမလဲ...။ ဆိုလိုတာက စာရေးသူတို့ ၈၈ ကျောင်းသားတွေ တောခိုစဉ်က ဒီနေရာမှာ ရွှေကုက္ကိုလ်မရှိသေး...
မှတ်တမ်းမှတ်ရာတွေ- ကိုယ်တိုင်ရောက်ဖူးတာတွေကို ပြန်ပုံဖေါ်တဲ့အခါ ဒီနေရာဟာ အရင်က ကျိုးဖိုးတွေရဲ့ ရေကျော်စခန်းဟောင်းဝန်းကျင်လို့ဆိုပါတယ်။ စာရေးသူ ပထမ အခေါက်ရောက်ဖူးတာက ၁၉၈၉ အစောပိုင်းကာလ... ရေကျော်က တညအိပ်ထက် မပိုဘူး။ ၃ လလောက် နေခဲ့ဖူးတာက အဲဒီရဲ့ အပေါ်ဖက် ဝမ်ခ သို့မဟုတ် ကော်မူးရာ စစ်မြေပြင်...
အဲတုန်းက ထိုင်းဗိုလ်ချုပ်တွေ၊ ထိုင်းနိုင်ငံရေးသမားတွေ ပြောလေ့ရှိတဲ့စကားက စစ်မြေပြင်ကို စီးပွားရေးဇုန်ဖြစ်အောင် လုပ်ရမယ်တဲ့... ဒါပေမယ့် ဒီလို ကျားဖြန့် မြို့သစ် တည်ရောက်ရေးတော့ ဟုတ်ပုံမရဘူး...
ကြားဖူး ဖတ်ဖူးသလောက် မှတ်မိနေတာက... မြန်မာနယ်စပ် သောင်းရင်းမြစ်- သံလွင်မြစ်တဖက်ကမ်းမှာ မြေတွေငှားပြီး စက်ရုံ- အလုပ်ရုံတွေဆောက်မယ်။ မြန်မာနိုင်ငံက ထွက်လာတဲ့ အလုပ်သမားတွေ ထိုင်း- အတွင်းပိုင်းအထိ ဝင်လာစရာမလိုပဲ အဲဒီနယ်စပ်က စက်ရုံ-အလုပ်ရုံတွေမှာပဲ အလုပ်ရစေရမယ်...
ဒါဆိုရင် ထိုင်းလည်း စီးပွားဖြစ်- မြန်မာတွေလည်းအလုပ်ရ... ပြသာနာတွေလည်း ထိုင်းအတွင်းပိုင်းကို သိပ်မရောက်... ဒီလို မှတ်မိနေပါတယ်။
အခု ၃၅ နှစ်လာက်ကြာပြီး ကော်မူးရာနဲ့ ရေကျော်စခန်းဆီပြန်ရောက်တော့ ဧရာမမြို့သစ်ကြီးတွေကို တွေ့လိုက်ရပါတယ်။.. ဒါပေမယ့် မူလ စီမံကိန်းနဲ့အတော်ကွဲလွဲနေပါလား...
ဘာကြောင့်လဲ... ရွှေကုက္ကိုလ်တွေ၊ KK Park တွေက ထိုင်းစီမံကိန်းမဟုတ်ပဲ တရုတ်စီမံကိန်းတွေဖြစ်နေတာကြောင့်လို့ ထင်ပါတယ်။


မနေ့က ထုတ်ပြန်တဲ့ BGF ရဲ့ကြေညာချက်ကိုကြည့်ရင် သူတို့က မြေငှားတဲ့သဘော- မြေငှားခနဲ့ ဝန်ဆောင်ခပဲ ရတဲ့သေဘာမျိုး ရေးထားပါတယ်။ ထိုင်းဖက်ကလည်း လျှပ်စစ်မီးနဲ့ အခြား ဝန်ဆောင်မှုတွေအတွက်ပဲ အခကြေးငွေ ရတဲ့သဘောရှိပါတယ်။
တကယ့် အော်ပရေးရှင်းကို ကိုင်တာက ကိုရွှေတရုတ်တွေ...။ ရှမ်းမြောက် လောက်ကိုင်ဖက်ကို တရုတ်အစိုးရ ရဲ တွေနဲ့ မြောက်ပိုင်းညီနောင်တွေ ဝင်စီးပြီးမှ ဒီဖက်ကို ပြောင်းလာတဲ့ စီမံကိန်းတွေလား... အရင်ကတည်းက ရှိနေပြီးသားဟာက အခုမှ သတင်းကြီးလာတာလား...
အခုတော့... တခါက ရေကျော်စခန်းကနေ ကမ္ဘာကျော်စခန်းဖြစ်လာတဲ့ ရွှေကုက္ကိုလ်ဟာ တခေတ်ပြောင်းရတော့မယ် ထင်ပါတယ်။ တရုတ်နဲ့ ထိုင်းကသာ တကယ်အရေးယူမယ်ဆိုရင် ဒီနေရာမှာ ဒီလိုဆက်လုပ်နေလို့ ဘယ်ဖြစ်မလဲ...
တရုတ်နဲ့ထိုင်းက တကယ်ပဲ လက်ကုန် ဖိအားပေးမယ်ဆိုရင်ပေါ့...
အဲတော့ ရွှေကုက္ကိုလ်က ဘာဆက်ဖြစ်မှာလဲ...။ ဆောင်းပါး အစပိုင်းမှာပြောခဲ့သလို ၉၀ ပြည့်လွန်နှစ်တွေက စဉ်းစားခဲ့ကြသလို လောင်းကစားမြိုံတွေကို အလုပ်သမားမြို့- စက်ရုံ အလုပ်ရုံတွေမြို့အဖြစ် ပြန်ပြောင်းနိုင်မယ်ဆိုရင်တော့...။

ကမ္ဘာလည်သလား ငါလည်သလား မပြောတတ်ပြီ...

 ကမ္ဘာလည်သလား ငါလည်သလား မပြောတတ်ပြီ...



🤔
(Weekend မှာ တွေးတောစရာ... (၅)
တကယ်က ကမ္ဘာလည်သလား... ထရမ့်ကပဲ လည်နေသလား... ဆိုပြီး ခေါင်းစဉ်တပ်မလို့...
ဒါပေမယ့် ထရမ့်ဆိုတာက ရှင်းတယ်၊ သူ့ကို မဲပေးသူနဲ့ သူ့ကို ထောက်ခံသူတွေ...။ ကမ္ဘာဆိုတာက သိပ်မရှင်းလှဘူး။
ယေဘုယျပြောမယ်ဆိုရင်တော့ UN - ကုလသမဂ္ဂ ဆိုတာ ကမ္ဘာကို ကိုယ်စားပြုတဲ့အဖွဲ့အစည်းပဲ။ ကုလသမဂ္ဂက ချမှတ်ထားတဲ့ မူဝါဒတွေကို သွေဖီဆန့်ကျင်ရင် ဒါဟာ ကမ္ဘာကိုဆန့်ကျင်တာပဲလို့ ပြောနိုင်မယ်ထင်ပါတယ်...
ဒါပေမယ့် ဒီနေ့ ကမ္ဘာ့အခင်းအကျင်းက အဲလို အဖြူ-အမဲ ကွဲမနေဘူး။ ကုလသမဂ္ဂမှာလည်း အားနည်းချက်တွေက အများကြီးဆိုတော့ ဘယ်သူမှားပြီး ဘယ်သူမှန်တယ်လို့ အတိအကျ ပြောဖို့ခက်ပါတယ်။
သေချာတာကတော့ ICC က ကုလ ဝန်ထမ်းတွေကို အရေးယူတဲ့အဆင့်အထိရောက်လာတယ်ဆိုတာကတော့ နည်းနည်းများသွားပြီ...
...နည်းနည်းလေးတော့လွဲနေတယ်... လွဲလွဲလေးကိုပဲ ထောက်ခံအားပေးနေသူတွေကလည်း အများကြီးဆိုတော့... ပြောရမှာတောင် အားသိပ်မရှိလှဘူး...။
တနည်းအားဖြင့်ပြောမယ်ဆိုရင် ထရမ့် ဒုတိယအကြိမ်အရွေးခံရတာဟာ အမေရိကန် ဒီမိုကရေစီ၊ ထပ်ဖြည့်ပြောမယ်ဆိုရင် ကမ္ဘာ့ဒီမိုကရေစီ ခိုင်မာမှု- ဒီမိုကရေစီ စံချိန်စံညွန်းတွေကို စမ်းသပ်ခြင်းလို့ ဆိုနိုင်မယ်ထင်ပါတယ်...
ရွေးကောက်ခံ သမ္မတ တဦးရဲ့ လုပ်ပိုင်ခွင့်တွေကို အမေရိကန် ဒီမိုကရေစီ အင်စတိကျုးရှင်းတွေက ဘယ်လို ထိန်းကြောင်းနိုင်မလဲ...။ လောလောဆယ်တော့ သူရဲ့ အမိန့်အချို့ကို တရားရေးဌာနက ဝင်တားတာ တွေ့နေရပါတယ်။
လွတ်တော်အမတ်အချို့လည်း ဆန္ဒပြပွဲတွေကို ဦးဆောင်နေတာတွေ့ရပါတယ်။ ဒါဟာ အမေရိကန်စတိုင်လ် ဒီမိုကရေစီလား...
အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးက သီးခြားစီရှိတယ်- တခုကို တခုက ဝင်စွက်လို့မရဘူး... ဒါဟာ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် အများက နားလည်ထားတဲ့ အဓိကအချက်ပဲ...
ဆိုတော့ အခု တရားရေးက သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းဆိုတော့ သူ့ မူနဲ့ မကိုက်တဲ့၊ သိပ် ရုပ်ပျက်ဆင်းပျက်နိုင်တဲ့ ဟာတွေကို ဝင်တားတာမျိုးတွေ့​ေနရပါတယ်။ ဒါပေမယ့် ဘယ်လောက်အထိ တားနိုင်မှာလဲ...
ဥပဒေပြုအမတ်အချို့ကလည်း ဆန္ဒပြပွဲထဲ ဝင်ပါတာတွေ့ရပါတယ်။ ဒါပေမယ့် လွှတ်တော်မှာကျတော့ ဒီမိုကရက်အမတ်တွေက လူနည်းစု... ဆိုတော့ ဘယ်လောက်အထိ တားဆီးနိုင်မှာလဲ...
တနေ့က USAID ရုံးက ဆိုင်းဘုတ် (သံမှုံနဲ့ရိုက်ထားတဲ့ စာလုံးတွေ) ကို ဖြုတ်ချနေတဲ့ ပုံတွေ တွေ့ရပါတယ်။ တရားသူကြီးက ဟန့်တားလို့ ခနဆိုင်းထားတယ်လို့ ဆိုပါတယ်...
ဒါပေမယ့် အဲဒီ USAID ပေးနေတဲ့ ကျန်းမာရေးအကူအညီပေါ် မီခိုနေရတဲ့ မြန်မာအပါဝင် ဆင်းရဲတဲ့နိုင်ငံတွေက လူနာအချိုု့က ဆိုင်းငံ့ထားလို့မရဘူး... ဆေးမရရင် သေမယ့်သဘောရှိတယ်... အဲဒီလူတွေ သေရင် ဘယ်သူ့မှာ တာဝန်ရှိသလဲ...
ပြသာနာက ဝါရှင်တန်မှာရှိတဲ့ အိမ်ဖြူတော်- လွှတ်တော်-နဲ့ တရားရုံး ၃ ခုတည်းရဲ့ ကိစ္စမဟုတ်ဘူး။ တကမ္ဘာလုံးနဲ့ ဆက်စပ်နေတဲ့ ပြသာနာဖြစ်ပါတယ်။
ဆိုတော့... ၃ လကြာရင် ငြိမ်သွားမှာပါ။ နောက်ထပ် ၃ နှစ်နဲ့ ၉ လကြာရင် ပြီးသွားမှာပါဆိုပြီး ခပ်ပေါ့ပေါ့တွေးထားလို့မဖြစ်ဘူး ထင်ပါတယ်။
ဒါဟာ ကမ္ဘာကြီးကသွားနေတဲ့ ...တနည်းအားဖြင့် ကုလသမဂ္ဂက ချမှတ်ထားတဲ့ စံတန်ဖို့းတွေနဲ့ လွဲချော်နေသလား...
အမေရိကန် ပထမ ဆိုပြီး ဦးစားပေးတာ သူ့နိုင်ငံကိစ္စဖြစ်ပေမယ့် ဒါဟာ ကမ္ဘာကြီးကို လှုပ်ခတ်စေတယ်ဆိုတာကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
တဦးချင်းအကျိုးစီးပွားနဲ့ ပါတီအကျိုးစီးပွားယှဉ်ရင် ပါတီအကျိုးကို ဦးစားပေးရမယ်...
ပါတီအကျိုးစီးပွားနဲ့ တိုင်းပြည်အကျိုးစီးပွားယှဉ်ရင် တိုင်းပြည်အကျိုးကို ဦးစားပေးရမယ်... ဒီလို ဆိုကြပါတယ်။
ဆိုတော့ တိုင်းပြည်အကျိုးစီးပွားနဲ့ ကမ္ဘာကြီးရဲ့အကျိုးစီးပွားကိုယှဉ်ရင် ...ဘာကို ဦးစားပေးမှာလဲ...🤔

Share

Twitter Delicious Facebook Digg Stumbleupon Favorites More