မာနယ်ပလောဌာနချုပ်ဟောင်းကို KNU ပြန်သိမ်းပိုက်... အမ်း နပခ မှာ စစ်သားတွေ နောက်ထပ် ရာချီ အလံဖြူထောင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
(၁၈- ၁၂- ၂၀၂၄)
၁၉၉၅ ကတည်းက လက်လွှတ်လိုက်ရတဲ့ KNU ဌာနချုပ်ဟောင်း မာနယ်ပလော စခန်းကို ပြန်သိမ်းနိုင်တာဟာ ရှေ့တဆင့် တိုးလာတဲ့ အောင်မြင်မှုဖြစ်တယ်လို့ KNU (ကရင့်အမျိုးသားအစည်းအရုံး) ပြောခွင့်ရ ပဒိုစောတောနီးက BNN ကို ပြောပါတယ်။
မာနယ်ပလော ဒေသမှာ နောက်ဆုံး ကျန်နေတဲ့ ခမရ ၉၁၃ စခန်းကုန်းကို KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) အမှတ် ၇ တပ်မဟာနဲ့ KNDO (ကရင်အမျိုးသားများကာကွယ်ရေးတပ်) ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၁၆ မှာ သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒီလို ဖြေကြားတာပါ။
တပ်မဟာ ၇ က ခြေသံလုံလုံနဲ့ လနဲ့ချီဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး ချွေစစ်နဲ့ သိမ်းနိုင်ခဲ့တာဖြစ်တယ်။ ဒါဟာ ခရစ်စမတ်လက်ဆောင်ဖြစ်တယ်။ မာနယ်ပလောဟာ မူလပိုင်ရှင်ထံ ပြန်ရောက်လာတာဖြစ်တယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။
ဒီစခန်းသိမ်းပွဲမှာ စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှု များပြီး လက်နက်တွေလည်း သိမ်းမိတယ်လို့ သတင်းတွေ ထွက်နေပေမယ့် အသေးစိတ် သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ဒါ့အပြင်...
- အမ်းမြို့ နပခ- က စစ်ကောင်စီတပ်သားတွေ ရာနဲ့ချီပြီး နောက်ထပ်အလံဖြူထောင် လက်နက်ချတယ်လို့ AA- က ဗီဒီယို မှတ်တမ်းထုတ်ပြန်...
- ရေး-သံဖြူဇရပ် လမ်းပိုင်း မော့ကနင်ရွာ အနီးရှိ စစ်ကောင်စီတပ်ကို NMSP-AD က ဝင်တိုက်တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိ...
- ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ရွာအနီးရှိ လုံခြုံရေးဂိတ်ကို ဒူရက စစ်ကြောင်းက ဝင်တိုက်ရာမှာ စစ်သားတဦး သေ၊ သေနတ် တလက် သိမ်းမိ...
- ထားဝယ်မြို့ အခြေစိုက်၊ ခလရ ၂၅ တပ်ရင်းက စစ်သားတဦး သေနတ် တလက်နဲ့အတူ DNLA ထံ အလင်းဝင်လာ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment