“စစ်ကောင်စီတပ်ထက် မာတဲ့ တော်လှန်ရေးတပ်ကို တည်ဆောက်နိုင်မှ မြို့သိမ်းနိုင်မှာဖြစ်တယ်”
- ဆလိုင်းယောမာန် (မင်းတပ်မြို့နယ်- ပအဖ)
(၂၄- ၁၂- ၂၀၂၄)
“စစ်ကိုစစ်နဲ့တူအောင် တိုက်ဖို့လိုတယ်၊ စစ်ကောင်စီတပ်ထက် မာတဲ့ တော်လှန်ရေးတပ်ကို တည်ဆောက်နိုင်မှ မြို့သိမ်းနိုင်မှာဖြစ်တယ်။ တော်လှန်ရေးကို အချိန်ဆွဲနေလို့ မဖြစ်ဘူး” လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ချင်းညီနောင်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးလည်းဖြစ်တဲ့ ဆလိုင်းယောမာန်က ပြောပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးမှ တူမီးသေနတ်ကိုင်ပြီး ပေါ်ပေါက်လာတဲ့ မင်းတပ်မြို့က ချင်းလူငယ်တွေက မြို့သိမ်းတဲ့အထိ ဘယ်လိုအဆင့်ဆင့်ဆောင်ရွက်ခဲ့သလဲ၊ မြိုံသိမ်းနိုင်ခြင်းရဲ့ အဓိကအချက်က ဘာလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- မင်းတပ်၊ ကန်ပက်လက်နဲ့ ချင်းပြည်နယ်တောင်ပိုင်းက မြို့သိမ်းတိုက်ပွဲတွေရဲ့ နောက်ဆုံးအခြေအနေ...
- နှစ် ၇၀ သက်တန်းရှိတဲ့ စစ်ကောင်စီတပ်ကို ၃ နှစ်ကျော်သက်တန်းသာရှိသေးတဲ့ တူမီးကိုင် လူငယ်တွေက ဘယ်လို အနိုင်ယူ တိုက်ခိုက်လိုက်တာလဲ...
- ဒိုမီနို သီအိုရီအရ တမြို့ပြီးတမြို့ ဆက်တိုက်သိမ်းနိုင်အောင် အခြားဒေသက PDF တွေ ဘာတွေ ပြင်ဆင်ဖို့လိုမလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(၂၀၂၅ မှာ တော်လှန်ရေးအရှိန် ဘယ်အဆင့်အထိ တက်လာနိုင်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်)
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment