Saturday, December 14, 2024

“စစ်ကောင်စီကို ဆက်ပြီးထောက်ခံနေရင် ဆီးရီးယားမှာ ရုရှားကြုံရသလိုမျိုး မြန...


“စစ်ကောင်စီကို ဆက်ပြီးထောက်ခံနေရင် ဆီးရီးယားမှာ ရုရှားကြုံရသလိုမျိုး မြန်မာမှာ တရုတ်ကြုံလာရနိုင်တယ်”

- ဒေါက်တာ မီမီဝင်းဘတ် (လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ)

(၁၅- ၁၂- ၂၀၂၄)

“တရုတ်အစိုးရက စစ်ကောင်စီကိုဆက်ပြီးထောက်ခံအားပေးနေရင် ဆီးရီးယားမှာ ရုရှားကြုံရသလိုမျိုး မြန်မာမှာ တရုတ်က ကြုံရနိုင်တယ်၊ ဒါကြောင့် မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို လက်တွေ့ကျကျ ဆောင်ရွက်ဖို့လိုတယ်” လို့ အမေရိကန်စစ်တပ်ရဲ့ အငြိမ်းစား ဒုဗိုလ်မှူးကြီး- လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာမီမီဝင်းဘတ်က ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ်ဂိတ်တွေအပါဝင်၊ မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နံှမှုနေရာအတော်များများကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာကိုသိရဲ့ မြင်ရဲ့သားနဲ့ တရုတ်အစိုးရက ဘာကြောင့် စစ်အုပ်စုကို တဖက်သတ်သွားထောက်ခံမိတာလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- လက်ရှိ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒ ဘာတွေမှားနေသလဲ...

- နယ်စပ်ဂိတ်တွေ၊ တရုတ်ရင်းနှီးမြှုပ်နံှမှုနေရာတွေကို ထိန်းချုပ်ထားတဲ့ တော်လှန်ရေးတပ်တွေနဲ့ တရုတ်ဖက်က ဆွေးနွေးဖို့ မလိုအပ်ဘူးလား...

- ဆွေးနွေးပွဲ မစတင်ခင် ERO တွေအချင်းချင်းကြား ကြိုတင်ဆွေးနွေးထားရေးက ဘယ်လောက်အရေးကြီးသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More