“အညာဒေသက PDF တပ်တွေ စနစ်တကျဖြစ်လာရေး၊ လွတ်မြောက်နယ်မြေ ရရှိရေးကို NUG က ဦးစားပေးသင့်တယ်”
- ဆလိုင်းယောမာန် (မင်းတပ်မြို့နယ်- ပအဖ)
(၂၆- ၁၂- ၂၀၂၄)
“စစ်ကောင်စီကို အချိန်ပေးလို့မဖြစ်ဘူး။ စစ်ကိုစစ်နဲ့တူအောင် တိုက်ဖို့ဆိုရင် အညာဒေသက PDF တပ်တွေကို စနစ်တကျ ပြန်စုဖွဲ့ဖို့လိုတယ်။ အညာဒေသမှာ အခြေစိုက်နိုင်ရေးအတွက် NUG က ဦးစားပေး ဆောင်ရွက်သင့်တယ်” လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ချင်းညီနောင်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးလည်းဖြစ်တဲ့ ဆလိုင်းယောမာန်က ပြောပါတယ်။
ချင်းလူငယ်တွေ ဦးဆောင်တဲ့ CB - ချင်းညီနောင်အဖွဲ့အဖွဲ့က မင်းတပ်၊ ကန်ပက်လက်ကို သိမ်းသလိုမျိုး အညာကလူငယ်တွေ မြို့သိမ်းနိုင်ဖို့ ဘာတွေလိုနေသလဲ၊ NUG အနေနဲ့ တနိုင်ငံလုံးကိစ္စပြောတာအပြင် လက်ဆုပ်လက်ကိုင် နေရာတခုခုကို အရင်ရအောင် လုပ်မထားသင့်ဘူးလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- ဒေသအလိုက် စစ်ပွဲကနေ တနိုင်ငံလုံးဟန်ချက်ညီ စစ်ပွဲအဆင့်ကို တက်နိုင်ဖို့ ဘာတွေ လိုအပ်နေသလဲ...
- အညာဒေသက PDF တပ်တွေ မြိုံသိမ်းတိုက်ပွဲဆင်နိုင်ဖို့ ဘာတွေပြင်ဆင်သင့်သလဲ...
- NUG အနေနဲ့ တနိုင်ငံလုံးဆိုင်ရာကိစ္စနဲ့ အညာဒေသအခြေစိုက်ရေး ၂ ခုကို ဘယ်လိုဟန်ချက်ညီ ဆောင်ရွက်သင့်သလဲ...
- မြို့သိမ်းတိုက်ပွဲတခု ဆင်နွဲနေချိန်မှာ ဒေသခံလူထုထောက်ခံမှု၊ လူထုအလှူငွေတွေက ဘယ်လောက်အထိအရေးကြီးသလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment