Friday, December 20, 2024

အမ်းမြို့ နပခ ကို AA သိမ်းပိုက်... မင်းတပ်နဲ့ ဖလမ်းမှာ စစ်သားနဲ့ရဲ ရာနဲ့...


အမ်းမြို့  နပခ ဌာနချုပ်ကို AA သိမ်းပိုက်... မင်းတပ်နဲ့ ဖလမ်းမှာ စစ်သားနဲ့ရဲ ရာနဲ့ချီ CB ထံ လက်နက်ချ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

၂၁ ဒီဇင်ဘာ ၂၀၂၄

ရခိုင်ပြည်နယ်၊ အမ်းမြို့ နပခ (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ကို ဒီဇင်ဘာ ၂၀၊ မွန်းလွဲ ၂ နာရီခန့်မှာ သိမ်းပိုက်လိုက်ပြီး ဒု-တိုင်းမှူး အပါအဝင် သုံ့ပန်းများစွာ ဖမ်းမိတယ်လို့ AA (အာရက္ခတပ်တော်) က သတင်းထုတ်ပြန်ပါတယ်။

ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း နဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း အပါအဝင် အရေးကြီးပုဂ္ဂိုလ်တွေကို ဖမ်းမိထားတယ်၊ စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူ၊ လက်နက်ကြီး ပစ်ကူ အပြင် ရဟတ်ယာဉ်တွေနဲ့ စစ်ကူတွေ ချပေးနေတဲ့ကြားက သိမ်းလိုက်နိုင်တာလို့ ဆိုပါတယ်။

အမ်းဟာ ၁၄ ခုမြောက် သိမ်းပိုက်တဲ့ မြိုဖြစ်ပြီး ဒီ့အရင် ၁၃ မြို့ကတော့ ပလက်ဝ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ၊ တောင်ကုတ်နဲ့ မောင်တော ဖြစ်ပါတယ်။

အာရက္ခတပ်တော်က ရခိုင်နဲ့ ဧရာဝတီအစပ်ရှိ ဂွမြို့နယ်က စစ်ကောင်စီ စခန်းတွေကို ထိုးစစ် ဆင်နေပြီး မြို့သုံးပုံနှစ်ပုံခန့် သိမ်းထားပြီလို့ ဆိုပါတယ်။ ဒါကြောင့် ရခိုင်မှာ နောက်ထပ် သိမ်းဖို့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် ၃ မြို့ပဲ ကျန်တော့တယ်လို့ AA က ပြောပါတယ်။

အမ်း နပခ ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းညီနောင် ၃ ဖွဲ့က သိမ်းလိုက်တဲ့ ဒုတိယမြောက် စစ်ဌာနချုပ်ဖြစ်ပြီး ပထမ စစ်ဌာနချုပ်ကတော့ MNDAA က သိမ်းလိုက်တဲ့ လားရှိုးက အရှေမြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဖြစ်ပါတယ်။

ဒါ့အပြင်...

- မင်းတပ်နဲ့ ဖလမ်းမြို့မှာ ချင်းညီနောင်အဖွဲ့ ရဲ့ မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ၂၀၀ နီးပါး လက်နက်ချ၊ လက်နက်မျိုးစုံ ရာနဲ့ချီ သိမ်းမိထားတယ်လို့ ချင်းညီနောင်အဖွဲ့ က သတင်းထုတ်ပြန်...

- ကန့်ဘလူမြို့နယ်၊ မကျီးကုန်းရွာ အနောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သားနဲ့ ပျူစောထီး ၁၅ ဦးသေ၊ လက်နက် ၁၀ လက် သိမ်းမိ...

- ရေးမြို့နယ်၊ ကွမ်ကျိုက် ကျေးရွာမှာ  စခန်းချထားတဲ့ ခလရ ၁၀၆ နဲ့ ခမရ ၅၈၇ ပူးပေါင်းစခန်းကို မွန် ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ရာ လက်နက်တလက်ရရှိ...

- ရေဖြူမြို့နယ်၊ ကံပေါက်ရွာက ရေကန်တောင်မှာ တပ်စွဲထားတဲ့ Microwave တပ်စခန်းကုန်းကို တော်လှန်ရေး တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ရာ ၆ ဦးသေဆုံး၊ တဦးကို လက်ရဖမ်းမိ၊ ၆၀ မမ စိန်ပြောင်း တလက်၊ MA သေနတ် ၃ လက်ရရှိ...

- ဖားပွန်မြို့မှာ နောက်ဆုံး ကျန်နေတဲ့ စစ်ကောင်စီ ဗျူဟာကုန်းကို KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ အဖွဲ့က သိမ်းပိုက် လိုက်တဲ့ ဗီဒီယို မှတ်တမ်း ဆိုရှယ်မီဒီယာမှာ ပြန့်နေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ် 
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More