Sunday, December 8, 2024

မောင်တောမြို့ကို AA သိမ်းပိုက်... ဟားခါးအနီးက နောက်ဆုံးဗျုဟာကုန်းကို ချင...


မောင်တောမြို့ကို AA သိမ်းပိုက်... ဟားခါးအနီးက နောက်ဆုံးဗျုဟာကုန်းကို ချင်းတပ်ပေါင်းစု သိမ်းပိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ ...

၉/၁၂/၂၀၂၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ နောက်ဆုံးကျန်နေတဲ့ နခခ ၅ (အမှတ် ၅ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ) ကို ဒီဇင်ဘာ ၈ ရက် မနက် ၉ နာရီခွဲမှာ သိမ်းပိုက်လိုက်ပြီလို့ AA (အာရက္ခတပ်တော်) က သတင်းထုတ်ပြန်ပါတယ်။

စစ်ရှုံးသွားတဲ့ စစ်ကောင်စီတပ်နဲ့ RSO, ARSA, ARA လက်နက်ကိုင် အချို့ ထွက်ပြေးသွားတဲ့အတွက် လိုက်လံရှင်းလင်းနေပြီး နခခ ၅ ပြင်ပနေရာတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီအဖွဲ့တွေဟာ ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် နတ်မြစ်ထဲကနေ စက်လှေတွေနဲ့ ထွက်ပြေးဖို့ကြိုးစားနေတဲ့အတွက် ဒီဇင်ဘာ ၈ ရက်၊ ညနေ ၃ နာရီက စပြီး နတ်မြစ် အသုံးပြုခွင့်ကို ရက်အကန့်မရှိ ပိတ်ထားမယ်လို့ AA က ကြေညာပါတယ်။

ဒေသတွင်း မီဒီယာတွေမှာတော့  စကခ ၁၅ (အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှူဌာနချုပ်) ရဲ့ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် အင်အား ၁၀၀ ကျော်ဟာ နခခ ၅ ကနေ အောက်ဘက်ရှိ ကျောက်ပန္ဒူဘက် ထွက်ပြေးသွားပြီး … ဒီအဖွဲ့ကို AA က လိုက်လံရှာဖွေ ချေမှုန်းနေတယ်လို့ ဖော်ပြထားပါတယ်။

အစောပိုင်း သတင်းတွေအရတော့ စကခ ၁၅ ကွပ်ကဲရေးမှူးဟာ စခန်းမကျခင် ဒီဇင်ဘာ ၆ ရက်ကတည်းက အောက်ခြေ စစ်သားတွေ၊ ရဲသားတွေကို ချန်ရစ်ထားခဲ့ပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးသွားတာလို့ သိရပါတယ်။

စခန်း မကျခင် ဒီဇင်ဘာ ၇ ရက်စွဲနဲ့ ဆိုရှယ်မီဒီယာမှာ ပြန့်နေတဲ့ နခခ ၅ ထဲက စစ်သားနဲ့ ရဲသားအချို့ကလည်း စကခ ၁၅ မှုးဟာ သူတို့ကို ထားခဲ့ပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးသွားတယ်၊ အခု သူတို့ဟာ ခေါင်းဆောင်မဲ့- ကယ်သူမဲ့ဖြစ်နေတယ်။ စစ်ကောင်စီ လူကြီးတွေ သူတို့အခြေအခြေအနေကို သိစေချင်တယ်လို့ ... ပြောဆိုတင်ပြထားတာကို မြင်ရကြားရပါတယ်။

AA ဟာ မောင်တောကို သိမ်းလိုက်ပြီဖြစ်တဲ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အမ်း၊ တောင်ကုတ်နဲ့ ဂွမြို့ကို ဆက်တိုက် သိမ်းပိုက်ပြီးဖြစ်တာကြောင့် အခုဆိုရင် မြို့တော် စစ်တွေ၊ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေတဲ့ ကျောက်ဖြူနဲ့ မာန်အောင် ၃ မြို့ပဲ သိမ်းဖို့ ကျန်ပါတော့တယ်။

ဒါ့အပြင်...

- ဟားခါးနဲ့ ထန်တလန် ကြားမှာ နောက်ဆုံး ကျန်နေတဲ့၊ ဗျူဟာအရ အရေးပါတဲ့ အော်တိုတောင် စခန်းကို ချင်းပြည် အစိုးရ တပ်က ဒီဇင်ဘာ ၈ ရက်၊ မွန်းလွဲ ၃ နာရီခွဲ ခန့်မှာ သိမ်းပိုက်လိုက်ပြီး လက်နက်တွေ ရရှိ..

- မတ္တရာမြို့နယ်၊ အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးရှိ ဆင်ကုန်းရွာနဲ့ ပိုဝ မြောက်ရွာကို စစ်ကောင်စီ တပ်သားတွေက ဒီဇင်ဘာ ၈ ရက် မနက် ၁၀ နာရီခွဲက စတင်ပြီး မီးရှို့နေ...

- Special Operation Group (S.O.G) စစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More