“စစ်တပ်လည်း ပြိုကျမသွားအောင်၊ နယ်စပ်က EROs တွေလည်း တရားဝင်ဖြစ်လာအောင် ဆောင်ရွက်နေတဲ့သဘောပဲ”
- ဦးဝင်းမျိုးသူ (Visiting scholar - George Washington University)
(၁၆- ၁၂- ၂၀၂၄)
“သေချာတာကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရစီအစိုးရတရပ် တက်လာမှာကို တရုတ်က မလိုလားဘူး။ တချိန်တည်းမှာပဲ မြန်မာစစ်တပ် ပြိုကျသွားတာကိုလည်း မမြင်ချင်ဘူး။ ဒါကြောင့် -စစ်တပ်လည်း ပြိုကျမသွားအောင်၊ နယ်စပ်က EROs တွေလည်း တရားဝင်ဖြစ်လာအောင် နည်းလမ်းတခုရှာပြီး တရုတ်ဖက်က ဆောင်ရွက်နေတဲ့သဘောဖြစ်တယ်” လို့ George Washington တက္ကသိုလ်က ဧည့်ပါမောက္ခ ဦးဝင်းမျိုးသူက ပြောပါတယ်။
လက်ရှိ တရုတ်-မြန်မာ နယ်စပ်အခြေအနေ၊ တရုတ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရတရပ်တက်လာမှာကို တရုတ်က ဘာကြောင့် မလိုလားတာလဲ...
- စစ်ကောင်စီနဲ့ EROs တွေကို နှစ်ဖက်ခွ ကစားပြီး မီးစတဖက်- ရေမှုတ်တဖက် ပေါ်လစီကို ကျင့်သုံးမှာလား...
- တရုတ်ဖက်က EROs တွေနဲ့ ဆွေးနွေးပြီး NUG ကို ဘာကြောင့် မဆွေးနွေးချင်တာလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(တရုတ်ရဲ့ နှစ်ဖက်ခွ မူဝါဒအပေါ် တော်လှန်ရေးအင်အားစုတွေက ဘယ်လို တုန့်ပြန်သင့်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ လာမယ့်ရက်တွေမှာ ထုတ်လွှင့်ပါမယ်)
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment