တောင်ကုတ်က စကခ ၅ ကို AA ထိုးစစ်ဆင်... ပခုက္ကူက ပျုစောထီးစခန်းကို PDF သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ....
(၁၄ ဒီဇင်ဘာ ၂၀၂၄)
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပြင်မှာ ကျန်နေတဲ့ စကခ ၅ နဲ့ ခမရ ၃၃၆ နဲ့ ၅၄၄ တို့ကို ဌာနချုပ်ဝင်းအထဲထိ ဝင်ပြီး AA (အာရက္ခတပ်တော်) က ဝင်ရောက် တိုက်ခိုက်နေပြီလို့ ဒေသတွင်းမီဒီယာ Western News က ဖော်ပြပါတယ်။
စကခ ၅ ခြံဝင်း အပြင်ရှိ ခမရ ၃၃၆ နဲ့ ၅၄၄ ကို ဒီဇင်ဘာ ၁၂ မှာ သိမ်းလိုက်ပြီး စကခ ၅ ကို စတင် တိုက်ခိုက်တယ်လို့ စစ်ဖက် သတင်းရပ်ကွက်တွေက ပြောပါတယ်။
အခုတော့ စကခ ၅ ခြံဝင်းထဲအထိ ဝင်တိုက်နေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ ခုခံနေတယ်လို့ ဆိုပါတယ်။
ခမရ တပ်ရင်း ၂ ခုကို သိမ်းပိုက်စဉ်မှာ စစ်ကောင်စီဘက်က လက်နက်ချသူတွေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် AA က သတင်း မထုတ်ပြန်သေးပါဘူး။
မောင်တောမြို့က နခခ ၅ ဌာနချုပ်ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သိမ်းပိုက်ပြီးနောက် AA ဟာ တောင်ကုတ်ရှိ စကခ ၅ နဲ့ အမ်းရှိ နပခ ဌာနချုပ်ကို အရှိန်မြှင့် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
ဒါ့အပြင်...
- မင်းတပ်နဲ့ ဖလမ်းမြို့မှာလည်း CB (ချင်းညီနောင်အဖွဲ့) ရဲ့ မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး စစ်ရေး လိုအပ်ချက်အရ ဆော-မင်းတပ် ကားလမ်းပိုင်းကို ဒီဇင်ဘာ ၁၂ မှာ တော်လှန်ရေးတပ်တွေက ပိတ်ပင်...
- ပခုက္ကူမြို့နယ်၊ ရေလာလေး ကျေးရွာရှိ စစ်တပ်-ပျူစောထီး ပူးပေါင်း အခြေချ စခန်းကို တော်လှန်ရေး တပ်တွေက ဝင်ရောက် သိမ်းပိုက်ရာမှာ ၆၀ မမ လက်နက်ကြီး အပါအဝင် လက်နက်မျိုးစုံ ၂၀ နီးပါး သိမ်းမိ...
- KIA နဲ့ မဟာမိတ်တွေက ဗန်းမော်မြို့သိမ်းတိုက်ပွဲ အရှိန်မြှင့်နေစဉ်မှာ အင်အား ၃၀၀ ခန့် ပါတဲ့ စစ်တပ်နဲ့ SNA (ရှမ်းနီပြည်သူ့စစ်) ပူးတွဲပြီး မိုးကောင်းဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲပြင်းထန်နေ...
- ကချင်-တရုတ် နယ်စပ် ဂိတ်တွေကို ဒီဇင်ဘာ ၁၃ မနက်ပိုင်းမှာ ပြန်ဖွင့်လိုက်ပေမယ့် ကုန်စည် ဖြတ်သယ်ခွင့်၊ ခရီးသည်တွေ ဝင်ထွက်ခွင့် ကတော့ ချက်ချင်း မရသေး...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment