အမ်းနဲ့ ဂွမြို့က လက်ကျန်တပ်စခန်းတွေကို AA ရှင်းလင်း... ဗန်းမော်မှာ KIA ထိုးစစ် ပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
(၂၀- ၁၂- ၂၀၂၄)
ရခိုင်ပြည်နယ်၊ မောင်တောနဲ့ တောင်ကုတ်မှာ စစ်ကောင်စီတပ် ကင်းစင်ပြီးတဲ့နောက် အမ်းနဲ့ ဂွမှာ အနည်းငယ် ကျန်နေဆဲဖြစ်တဲ့ စစ်စခန်းတွေကို ရှင်းလင်းနေတယ်လို့ AA (အာရက္ခတပ်တော်) က သတင်းထုတ်ပြန်ပါတယ်။
အမ်းက နပခ (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) မှာ စစ်သားတွေ၊ မိသားစုဝင်တွေ ထောင်နဲ့ချီ အလံဖြူထောင် လက်နက်ချပြီးဖြစ်ပေမယ့် အင်အား ၁၀၀ ကျော်က အသေအလဲ ခုခံနေဆဲလို့ ဆိုပါတယ်။
စစ်ကောင်စီ တပ်က ရခိုင်ရိုးမပေါ်ကနေ လက်နက်ကြီး ပစ်ကူပေးနေပြီး အဲဒီ လက်နက်ကြီး ကျည်တွေက နပခ ထဲက စစ်သားတွေပေါ် ကျရောက် ပေါက်ကွဲနေတဲ့အပြင် လေကြောင်းကနေလည်း အဆက်မပြတ် ဗုံးကြဲနေတယ်လို့ ဖော်ပြပါတယ်။
ဂွမြို့တွင်းမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်သား အလောင်းတွေ၊ လက်နက်ခဲယမ်းတွ များစွာ သိမ်းမိထားတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင်...
- မင်းတပ်မြို့မှာ CB (ချင်းညီနောင်အဖွဲ့) ရဲ့ မြို့သိမ်းတိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း လေယာဉ်နဲ့ အဆက်မပြတ် ဗုံးကြဲနေ...
- ဗန်းမော်နဲ့ မံစီမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး KIA နဲ့ ပူးပေါင်းတပ်က အနီးကပ် ထိုးစစ်ဆင်နေ...
- ညောင်လေးပင်နဲ့ ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီ စခန်းတွေကို ဒေသခံ တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၇ ဦးသေ၊ အချို့ကို လက်ရဖမ်းမိ၊ လက်နက်ငယ်အချို့ ရရှိ...
- မွန်ပြည်နယ်က တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA-AD)၊ မွန်ပြည် ကာကွယ်ရေးတပ် (MSDF) နဲ့ မွန်ပြည် တော်လှန်ရေးတပ် (MSRF) တို့ ၄ ဖွဲ့ ပူးပေါင်းပြီး စစ်ဆင်ရေး ဆောင်ရွက်မယ်လို့ ကြေညာ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment