“PDF တွေ စစ်ရေးအရ အောင်မြင်မှုပိုရလာရင် တရုတ်ဖက်က ပေါ်လစီပြောင်းဖို့ ဝန်လေးမှာ မဟုတ်ဘူး”
- ဦးဝင်းမျိုးသူ (Visiting scholar - George Washington University)
(၁၈- ၁၂- ၂၀၂၄)
“လက်ရှိအနေအထားမှာ EROs တွေနဲ့ပဲ စကားပြောမယ်လို့ တရုတ်အစိုးရဖက်က မူဝါဒချထားပေမယ့် NUG, PDF တွေဖက်ကသာ စစ်ရေးအရ ကြီးမားတဲ့အောင်မြင်မှုတွေ ရလာရင် တရုတ်က သူရဲ့မူဝါဒကိုပြောင်းလဲဖို့ ဝန်လေးမှာမဟုတ်ဘူး” လို့ George Washington တက္ကသိုလ်က ဧည့်ပါမောက္ခ ဦးဝင်းမျိုးသူက ပြောပါတယ်။
တရုတ်အစိုးရဟာ စစ်ကောင်စီကိုယ်စားလှယ်တွေ၊ EROs ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစကားပြောနေပေမယ့် မြန်မာလူထုကို ကိုယ်စားပြုတဲ့ NUG နဲ့ PDF ကို ဘာကြောင့် စကားမပြောတာလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- ဓာတ်ငွေ့ပိုက်လိုင်းအပါဝင် တရုတ်စီမံကိန်းတွေအတွက် လုံခြုံရေးအရ ဘယ်လောက်အထိ စိုးရိမ်စရာရှိနေပြီလဲ...
- တရုတ်အစိုးရက စစ်ကောင်စီ၊ EROs တွေနဲ့ပဲစကားပြောပြီး NUG, PDF ကို စကားမပြောတာ ဘာကြောင့်လဲ...
- တရုတ်ဖက်ကနေ တုတ်ယူမလား- မုန့်ယူမလား မူဝါဒကျင့်သုံးသလို မြန်မာဖက်ကလည်း အဲဒီနည်းအတိုင်း ပြန်တုန့်ပြန်သင့်သလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment