Wednesday, December 11, 2024

ဗန်းမော်မြို့မှာ KIA ရဲ့ထိုးစစ် ဆက်ပြင်းထန်... KNLA အမှတ် (၅) တပ်မဟာက စခ...


ဗန်းမော်မြို့မှာ KIA ရဲ့ထိုးစစ် ဆက်ပြင်းထန်... KNLA အမှတ် (၅) တပ်မဟာက စခန်းတခု ထပ်သိမ်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ....

(၁၂- ၁၂- ၂၀၂၄)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး KIA- ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်တွေ မြို့ထဲအတော်များများရောက်နေပြီဖြစ်တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN ကို ပြောပါတယ်။

ဒါပေမယ့် စကခ ၂၁ (စစ်ဆင်ရေးကွပ်ကဲမှူးဌာနချုပ် ၂၁) ကို တိုက်နေပြီ၊ စကခ ၂၁ မီးလောင်နေပြီဆိုတဲ့ သတင်းတော့ အတည်ပြုချက်ပေးလို့မရသေးဘူးလို့ ဗိုလ်မှူးကြီးက ဆိုပါတယ်။ 

ဒေသတွင်းမီဒီယာတွေမှာတော့ ရဲစခန်း၊ ထွေအုပ်ရုံး၊ နည်းပညာတက္ကသိုလ်နဲ့ အရေးကြီးနေရာအတော်များများကို တော်လှန်ရေးတပ်ပေါင်းစုက ထိန်ချုုပ်ထားပြီး စစ်တပ်စခန်းတွေကို ပိတ်ဆို့ တိုက်ခိုက်နေတယ်၊ စစ်တပ်ဖက်က ကုန်ကြောင်းနဲ့ စစ်ကူပို့မရတော့တဲ့အတွက် လေကြောင်းကနေ ရိက္ခာချ ပေးနေတာ မြင်နေရတယ်လို့ ဖေါ်ပြပါတယ်။

ဗန်းမော်မှာ တိုက်ပွဲပြင်းထန်နေစဉ် တရုတ်အစိုးရရဲ့ဖိတ်ကြားချက်အရ KIO ဥက္ကဌနဲ့အဖွဲ့ တရုတ်နိုင်ငံဆီခရီးထွက်သွားတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး မေးတဲ့အခါမှာတော့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ခရီးထွက်သွားတာဖြစ်ပြီး ဆွေးနွေးပွဲအကြောင်း မသိရသေးဘူးလို့ ဗိုလ်မှူးကြီးက ဆက်ပြောပါတယ်။

ညနေပိုင်းဝင်လာတဲ့ သတင်းတွေအရတော့ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့ကို တရုတ်နိုင်ငံ- နိင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ( CPPCC) အဖွဲ့ က Wu Ken  က ၁၁ ရက်နေ့ နေ့လယ်ပိုင်းမှာ ကူမင်းမြို့မှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖေါ်ပြပါတယ်။

ဒီပုဂ္ဂိုလ်ဟာ အရင်တွေ့ဆုံနေကြ အာရှရေးရာအထူးကိုယ်စားလှယ် တိန်းရှီးကျွင်း ထက် အဆင့်မြင်တဲ့ အရာရှိဖြစ်တယ်လို့ဆိုပါတယ်။ ဘာတွေဆွေးနွေးသလဲဆိုတာ မသိရသေးပေမယ့် မြေရှားသတ္တူ တင်ပို့ရေးအပါဝင် နယ်စပ်ကုန်သွယ်ရေးကိစ္စ ပါနိုင်တယ်လို့ အကဲခတ်တွေက ခန့်မှန်းထားပါတယ်။

KIO ကိုယ်စားလှယ်အဖွဲ့ကို ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်ပြီး အထွေထွေအတွင်းရေးမှူး ဦးကွမ်ထပ်ထိန်နန်၊  KIC ဒု– ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ ထိပ်တန်းအရာရှိတွေပါဝင်တယ်လို့ ကချင် မီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- မုံရွာ နမခ-ကနေ စစ်ကိုင်းဖက် ထွက်လာတဲ့ သံချပ်ကာ စစ်ယာဉ်တန်းကို ဒေသခံတော်လှန်ရေးတပ်တွေက မိုင်းဆွဲ တိုက်ခိုက်ရာမှာ စစ်သား ၈ ဦးသေ...

- လွိုင်ကော်မြို့ပြင်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကို KNDF -B14 က ဝင်တိုက်ရာမှာ စစ်သား ၅ ဦးသေပြီး လက်နက်ငယ် ၄ လက်ရရှိ...

- ဖာပွန် - ကမမောင်း ကားလမ်းပေါ်က ဆင်စွယ်စခန်းနဲ့ တောင်သုံးလုံးစခန်းတွေကို KNLA- အမှတ် (၅) တပ်မဟာနဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်...

- ရေးမြို့နယ်တောင်ပိုင်း၊ ခမရ ၂၉၉ က တပ်သားတဦး လက်နက်ငယ်တလက်နဲ့တူ Ramonya Guerrilla Force - ရာမညပြောက်ကျားတပ်ခွဲထံ အလင်းဝင်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More