Tuesday, December 31, 2024

“ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်ရေး အကုန်ကျဆင်းနေပြီး တက်တာဆိုလို့ စစ်တပ်အသုံး...


“ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်ရေး အကုန်ကျဆင်းနေပြီး တက်တာဆိုလို့ စစ်တပ်အသုံးစရိတ်ပဲရှိတယ်”

- ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၃၁- ၁၂- ၂၀၂၄)

“၂၀၂၄ ခုနှစ် မြန်မာ့စီးပွားရေးညွှန်းကိန်းအရ GDP 1% ကျဆင်းပြီး ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်ရေး၊ ဝန်ဆောင်မှု စတဲ့ကဏ္ဍပေါင်းစုံမှာ ဆုတ်ရုတ်နေပြီး တိုးတက်တာဆိုလို့ စစ်တပ်အသုံးစရိတ်ပဲရှိတယ်” လို့ စီးပွားရေး ဆန်းစစ်ဝေဖန်သူ ဦးစိန်ဌေးက ပြောပါတယ်။

ကုန်ဆုံးတော့မယ့် ၂၀၂၄ အတွင်း မြန်မာ့စီးပါွးအခြေအနေ ဘယ်လောက်အထိ ဆိုးခဲ့သလဲ၊ ၂၀၂၅ မှာကော ဦးမော့လာမလား- ထပ်ဆိုးနိုင်းသလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- ပုံမှန်လေး တိုးတက်နေတဲ့ GDP ညွှန်းကိန်းက ဘာကြောင့် ရုတ်တရက် ထိုးကျသွားတာလဲ...

- နယ်စပ်ဂိတ်တွေ ပိတ်လိုက်ခြင်းက EROs တွေကို မထိပဲ စစ်ကောင်စီကို ထိခိုက်စေသလား...

- တိုင်းပြည်စီးပွားကျနေချိန်မှာ စစ်သုံးစရိတ်က ၁၄% ကနေ ၂၈% အထိ ဘာကြောင့် တိုးယူလိုက်တာလဲ...

- စစ်ဗိုလ်ချုပ်တွေ ကြီးစိုးနေသရွှေ့ စီးပွားရေးပြန်ကောင်းဖို့ မဖြစ်နိုင်တော့ဘူးလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(EROs တွေက နယ်စပ်တလျောက်ကို ထိန်းချုပ်လိုက်တဲ့အတွက် ၂၀၂၅ မှာ နယ်စပ်ကုန်သွယ်ရေး ဒီဇိုင်းအသစ်နဲ့ စီးပွားရေးပုံစံ မိုဒယ်အသစ် ဖြစ်ထွန်းမှုတွေကို မြင်ရလာရတော့မလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩
မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More