Sunday, December 29, 2024

ဂွမြို့ကို AA သိမ်းပိုက်... ကန့်ဘလူက ပျုစခန်း PDF သိမ်းပိုက်...


ဂွမြို့ကို AA သိမ်းပိုက်... ကန့်ဘလူက ပျုစခန်း PDF သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၃၀- ၁၂- ၂၀၂၄)

မြန်မာနိုင်ငံရဲ့ လက်ရှိ ပြည်တွင်းရေး အခင်းအကျင်း အဖြစ်အပျက်တွေကို စစ်ရေးဖြင့်ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတန်းအသင့်ရှိတယ်လို့ AA- အာရက္ခတပ်တော်၊ ULA- ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံရဲ့ တက်ကြွသော ဦးဆောင်မှုအောက်မှာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ အကြမ်းဖက်မှုပပျောက်ရေး၊ အွန်လိုင်းလောင်းကစားတိုက်ဖျက်ရေး စတဲ့ကိစ္စတွေအတွက်  ကိုးကန့်၊ တအာင်းအဖွဲ့အစည်းတွေနဲ့အတူ “ဟိုင်ဂင် သဘောတူညီချက်” ရတဲ့ အထိ တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်ခဲ့ဖူးတယ်လို့ AA က ဆိုထားပါတယ်။

ဒါ့အပြင် ဒေသအကျိုးဖြစ်ထွန်းစေပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုသည့် မည်သည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမဆို အသိအမှတ်ပြုကြိုဆိုပြီး ရင်းနှီးမြှုပ်နှံသူများရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်အား အထူးဂရု စိုက်ကာကွယ်သွားမည်၊ လာရောက် ရင်းနှီးမြှုပ်နှံထားသော စီမံကိန်းများဆက်လက် လည်ပတ်နိုင်ရေးအတွက် ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အပြင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန်လည်း လို လားတယ်လို့ AA က ပြောပါတယ်။

တရုတ်ရဲ့ ဖိအားပေးမှုကြောင့် ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ MNDAA- ကိုးကန့်တပ်နဲ့TNLA- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့က အပစ်ရပ်ဆွေးနွေးရေး ကြေညာချက်တွေ ထုတ်ပြီးတဲ့နောက်မှာ အခု နောက်ဆုံး AA ဖက်က အလားတူ ထုတ်ပြန်လာတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ်မှာရှိတဲ့ ဂွမြို့ကို သိမ်းပိုက်တဲ့နေ့၊ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် ၃ မြို့မှအပ အခြားမြို့ကြီး ၁၅ မြို့ကို သိမ်းပိုက်ပြီးချိန်မှာ AA ရဲ့ အခုလို ဆွေးနွေးရေး ကြေညာချက် ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

ဒါ့အပြင်...

- ဂွ မြို့အခြေစိုက် ခမရ (၅၆၂) နဲ့ ခမရ (၅၆၃) တပ်ရင်းတို့ကို ဒီဇင်ဘာ ၂၉၊ မွန်းတည့် ၁၂ နာရီခန့်မှာ အလုံးစုံ သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ AA- သတင်းထုတ်ပြန်...

- ကန့်ဘလူမြို့နယ်၊ မြကန်သာရွာမှာ အင်အား ၆၀ ကျော်အခြေစိုက်ထားတဲ့ စစ်တပ်- ပျူစောထီး ပူးတွဲစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ လက်နက် ၅ လက်နဲ့ သုံ့ပန်းတဦး ဖမ်းမိ...

- မုံရွာမြို့ နမခ - ဌာနချုပ်ကနေ ထွက်ပြေးလာတဲ့ စစ်သား ၂ ဦးကို လက်နက်တွေနဲ့အတူ ဖမ်းမိထားတယ်လို့ ချောင်းဦး -  PDF က သတင်းထုတ်ပြန်...

- ဘောလခဲမြို့မရဲစခန်းက ရဲတပ်သား ၂ ဦး လက်နက်နဲ့အတူ CDM လုပ်ပြီး တော်လှန်ရေးတပ်တွေထံ လာရောက်ပူးပေါင်း...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩
မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More