မင်းတပ်က ထွက်ပြေးတဲ့ စစ်သား ၁၂ ဦးကို ယောနယ်မှာ ဖမ်းမိ... ကမ္မမြို့ဈေးမှာ ပစ္စည်းခိုးတဲ့ စစ်သားတွေကို ဒရုန်းနဲ့တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂၈- ၁၂- ၂၀၂၄)
ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ခလရ (၂၇၄) ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သား ၁၂ ဦးကို ဖမ်းမိထားတယ်လို့ PDF ယောဗျုဟာ- ဗျုဟာအမှတ် (၈၁) က သတင်းထုတ်ပြန်ပါတယ်။
၁၂ ဦးထဲမှာ တပ်ကြပ်နဲ့ တပ်သားတွေ ပါဝင်ပြီး တယ်လီဖုန်းတွေနဲ့ သက်သေခံ ကတ်တွေကို ဓာတ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။
မင်းတပ်မြို့ကို ဒီဇင်ဘာ ၂၂ မှာ ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်လိုက်တာဖြစ်ပြီး ခလရ (၂၇၄) က တပ်ရင်းမှူးအပါဝင် ၁၀၀ ခန့် လက်နက်ချခဲ့တာကိုလည်း မှတ်တမ်း ဓာတ်ပုံထဲ တွေ့ရပါတယ်။
ဒါ့အပြင်...
- မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှာ မဟာမိတ်အဖြစ်ပါဝင်ခဲ့တဲ့ PDF မုံရွာခရိုင် အမှတ်(၃) တပ်ရင်းက ရဲဘော် ၇ ဦး အသက်စွန့် တိုက်ပွဲဝင်သွား...
- ကမ္မမြို့တွင်းရှိ နေအိမ်တွေနဲ့ဈေးဆိုင်တွေကို ဖောက်ထွင်းပြီး ပစ္စည်း ခိုးယူသွားတဲ့ စစ်သားတွေ ကမ္မရဲစခန်းမှာ စုနေစဉ် ဒေသခံတော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်...
- ထီးလင်း မြို့မရဲစခန်းက ရဲတပ်သားတဦး G-3 (၁)လက်နဲ့အတူ အလင်းဝင်လာတဲ့အတွက် PDF ဗျူဟာအမှတ် - ၈၁၊ ယောဗျူဟာက ဆုငွေ သိန်း ၅၀ ချီးမြှင့်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork
မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment