“အလံဖြူထောင်ပြီး လက်နက်ချရင် အသက်ရှင်ခွင့်ရတယ်ဆိုတာ အောက်ခြေတပ်သားတွေ ပိုသိလာနေပါပြီ”
- ဗိုလ်ကြီးဟောင်း နေမျိုးဇင်
(၂၁- ၁၂- ၂၀၂၄)
“အလံဖြူထောင်ပြီး လက်နချရင် အသက်ရှင်ခွင့်ရတဲ့အပြင် ကောင်းမွန်စွာနေထိုင်ခွင့်ရတယ်ဆိုတာကို ရခိုင်စစ်မြေပြင်က စစ်ကောင်စီ အောက်ခြေတပ်သားတွေ ပိုသဘောပေါက်လာနေပြီ။ ဒီလိုအချိန်ဟာ လက်ရှိ စစ်ဗိုလ်တွေအနေနဲ့ လူထုနဲ့ ပူးပေါင်းဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်” လို့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အရေးတက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောပါတယ်။
နပခ - ရခိုင်စစ်မြေပြင်က စစ်ကောင်စီတပ်သားတွေ ရာနဲ့ချီပြီး အလံဖြူထာာင်
လက်နက်ချတာအပါဝင် လက်ရှိ စစ်တပ်အတွင်းက အခြေအနေ၊ စစ်တပ်အတွင်း အားပြိုင်မှုတွေအကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ်အဆင့်ရှိသူတွေ အရင်က ဆွေးနွေးညှိနိုင်း လက်နက်ချပြီး အခု အရှင်ဖမ်းမိ- အသေဖမ်းမိ ဖြစ်လာနေတာ ဘာကြောင့်လဲ...
- အလံဖြူထောင် လက်နက်ချရင် အသက်ရှင်ခွင့်ရတယ်ဆိုတာကို စစ်ကောင်စီ တပ်သားတွေ တကယ်ယုံကြည်လာနေပြီလား...
- စစ်ကောင်စီ ထိပ်တန်းအရာရှိတွေကြား ရာထူးလုတာ၊ အာဏာအားပြိုင်တာ ဘယ်လိုဖြစ်နေသလဲ...
- ရခိုင်ကမ်းရိုးတန်းနဲ့ တသာၤရီကမ်းရိုးတန်း သိမ်းပိုက်နိုင်ရေးက ဗျုဟာအရ အရေးကြီးတယ်လို့ ဘာကြောင့်ပြောတာလဲ...
- ၂၀၂၅ မှာ နွေဦးတော်လှန်ရေးအရွေ့မှာ အနောက်ဖက် အိမ်နီးချင်းတွေက ပိုအရေးပါလာနိုင်သလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment