“ဆီးရီးယားနဲ့ မြန်မာကြားမှာ တော်လှန်ရေးအဖွဲ့တွေ များတာခြင်းကတော့ တူတယ်”
- ဦးအောင်သူငြိမ်း (နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
(၁၁- ၁၂- ၂၀၂၄)
“ဆီးရီးယားနဲ့ မြန်မာကြားမှာ တော်လှန်ရေးအဖွဲ့တွေ များတာခြင်းကတော့ တူတယ်၊ အဖွဲ့အများကြီးက အောင်ပွဲရအောင်ဘယ်လို ဟန်ချက်ညီ တိုက်သွားသလဲ၊ အောင်ပွဲမရခင်မှာ တော်လှန်ရေးအဖွဲ့တွေကြား ကြိုတင် ဆွေးနွေးဖို့လိုအပ်သလား...စတာတွေကို လေ့လာသင့်တယ်” လို့ နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးအောင်သူငြိမ်းကပြောပါတယ်။
ဆီးရီးယားမှာ အာဏာရှင်အာဆတ်အစိုးရကို တော်လှန်ရေးတပ်ပေါင်းစုက လက်နက်ကိုင်နည်းနဲ့ဖြုတ်ချလိုက်တဲ့အပေါ် မြန်မာ့တော်လှန်ရေးအင်အားစုတွေ ဘယ်လိုလေ့လာသင့်သလဲ... စသဖြင့် BNN သတင်းဌာန ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...
- ဆီးရီးယားက လက်နက်ကိုင်တော်လှန်ရေးအောင်ပွဲရဲ့ နောက်ဆုံးအခြေအနေ...
- နွေဦးတော်လှန်ရေးတင်ကာစ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က အောင်မြင်မှုမရပဲ အခုမှ ဘာကြောင့် အောင်မြင်တာလဲ...
- နိုင်ငံတကာအသိအမှတ်ပြုရေး၊ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုက ဘယ်လောက်အရေးပါသလဲ...
- ဆီးရီးယားဖြစ်စဉ်အပေါ် မြန်မာ့တော်လှန်ရေးအင်အားစုတွေက ဘာတွေ လေ့လာသင်ယူသင့်သလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment