စကခ ၁၅ မှုးကို AA က လက်ရဖမ်းမိ... တောင်ခမ်းတိုက်ပွဲမှာ သုံ့ပန်းတွေ၊ လက်နက်တွေများစွာရရှိ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ ...
၁၀ ဒီဇင်ဘာ ၂၀၂၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ နခခ ၅- (နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ)ကနေ ထွက်ပြေးသွားတဲ့ စကခ ၁၅ -(စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA- အာရက္ခတပ်တော်က လက်ရဖမ်းဆီးရမိပြီလို့ ဒေသတွင်းမီဒီယာ Western News က ဖေါ်ပြပါတယ်။
နခခ ၅ ကို AA က မသိမ်းခင် တရက်အလိုမှာ အင်အား ၁၀၀ ခန့်နဲ့ အတူ ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ဒီဇင်ဘာ ၈ ရက်၊ ညနေ ၅ နာရီခန့်မှာ နခခ ၅ နဲ့ သိပ်မဝေးတဲ့ သီဟိုဠ်ခြံတခုမှာ တိုက်ပွဲဖြစ်ပြီး ဖမ်းမိကြောင်း စစ်ဖက် သတင်းရပ်ကွက်ကို ကိုးကားဖေါ်ပြပါတယ်။ တပ်အင်အား ၈၀ ခန့်ကိုလည်း ဖမ်းမိထားတယ်လို့လည်း ဆိုပါတယ်။
AA ဘက်ကတော့ စကခ ၁၅ မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ အဖွဲ့ကို လက်ရ ဖမ်းမိတဲ့အကြောင်း တရားဝင် သတင်းမထုတ်ပြန်သေးပါဘူး။
ဒါ့အပြင်...
- AA သိမ်းပိုက်ထားတဲ့ အမ်းမြို့နဲ့ AA ပိတ်ဆို့ထားတဲ့ နပခ- စစ်ဌာနချုပ်ကို စစ်ကောင်စီဖက်က တန်ပြန်ထိုးစစ်ဆင်နေပြီး ထူးခြားတာကတော့ တရုတ် ဓာတ်ငွေ့ပိုက်လိုင်းကို အကာကွယ်အကွယ်ယူပြီး စစ်ကြောင်းထိုးနေတာဖြစ်...
- မင်းတပ်နဲ့ ဖလမ်းမှာ မြို့သိမ်းတိုက်ပွဲတွေ တလပြည့်နေ့အဖြစ် ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီ ကင်းစင်တဲ့အထိ ဆက်လက် ဆောင်ရွက်နေတယ်လို့ မင်းတပ်မြို့နယ် ပအဖ- ပြောခွင့်ရ ဆလိုင်းယောမာန်က ပြောကြား...
- မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းမှာ ခေတ္တ လက်လွှတ်ခဲ့ရတဲ့ ကျေးရွာ ၃ ရွာကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ပြန်လည်သိမ်းပိုက်ပြီး လက်နက်အချို့ ရရှိ...
- နောင်ချိုမြို့နယ်၊ တောင်ခမ်း တပ်စခန်းအနီး ကျောက်ဂူ-ကျောက်ဆုံ တိုက်ပွဲမှာ စစ်သားအလောင်း ၁၅ လောင်း တွေ့ရပြီး သုံ့ပန်း ၁၇ ဦးနဲ့ လက်နက်မျိုးစုံ ၂၈ လက်သိမ်းမိတယ်လို့ TNLA- နဲ့ DPLA - တို့က သတင်းထုတ်ပြန်...
- ကချင်ပြည်နယ်၊ ဗန်းမော်မြို့ မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး မြို့ခံတွေ ဘေးလွတ်ရာကို ဆက်လက် ထွက်ပြေးနေ...
- တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်အရ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံကို ခရီးထွက်ခွာ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment