ကန်ပက်လက်မြို့ကို CB သိမ်းပိုက်... အောင်ဇေယျစစ်ကြောင်းက စစ်သား ၂ ဦးကို PDF က ဖမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂၄- ၁၂- ၂၀၂၄)
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့တွေ ဒီဇင်ဘာ ၂၂ မှာ စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့တွက် တိုက်စရာမလိုပဲ မြို့ကို သိမ်းလိုက်နိုင်တယ်လို့ CB- ချင်းညီနောင် ပြောခွင့်ရတဦးဖြစ်သူ ဆလိုင်းယောမာန်က BNN ကို ပြောပါတယ်။
CDF- ကန်ပက်လက်ကလည်း မြို့တွင်းရှိ ရဲစခန်းအပါဝင် အရေးကြီးနေရာတွေမှာ ချင်းညီနောင်တပ်တွေ နေရာယူထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေ ၂၃ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ထားတာတွေ့ရပါတယ်။
ချင်းညီနောင် ဦးဆောင်တဲ့အဖွဲ့က ချင်းပြည်နယ်တောင်ပိုင်းဒေသရှိ ကျင်ဒွေး၊ မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက်တို့ကို သိမ်းပိုက်ပြီးနောက် ဖလမ်းမြို့ကို အပြီးသိမ်းနိုင်ရေး စစ်ရှိန်မြှင့်နေပါတယ်။
ဒါ့အပြင်...
- စစ်တွေမြို့ ကုလားတန်မြစ်ဝရှိ စစ်သဘောင်္တွကို AA က လက်နက်ကြီးတွေနဲ့စတင်ပစ်ခတ်...
- တောင်ငူမြို့အခြေစိုက် တပခ- တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ရာမှာ စစ်ကောင်စီဖက်က ၁၀ ဦးခန့်အထိ သေဆုံး...
- ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာရွာထိပ်ရှိ စစ်ကောင်စီဂိတ်စခန်းနဲ့ ပျုစောထီး ခေါင်းဆောင်တဦးရဲ့ နေအိမ်တွေကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်ကောင်စီဖက်က ထိခိုက်မှုများပြီး လက်နက်မျိုးစုံ ၅ လက် သိမ်းမိ...
- အောင်ဇေယျစစ်ကြောင်းက စစ်သား ၂ ဦးကို လက်နက်တွေနဲ့အတူ လက်ရဖမ်းဆီးမိတယ်လို့ Justice Soldier PDF အဖွဲ့က သတင်းထုတ်ပြန်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment