Sunday, December 22, 2024

“မာနယ်ပလော ပုံစံမဟုတ်ရင်တောင် ဒီနေ့အချိန်အနေနဲ့ကိုက်ညီတဲ့ အခင်းအကျင်း ဖန...


“မာနယ်ပလော ပုံစံမဟုတ်ရင်တောင် ဒီနေ့အချိန်အနေနဲ့ကိုက်ညီတဲ့ အခင်းအကျင်း ဖန်တီးဖို့လိုပါတယ်”

- ဦးအောင်မိုးဇော် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ- DPNS)

(၂၂- ၁၂- ၂၀၂၄)

“မာနယ်ပလော ပုံစံမဟုတ်ရင်တောင် ဒီနေ့အချိန်အနေနဲ့ကိုက်ညီတဲ့ အင်အားစုအားလုံး ဆွေးနွေးတိုင်ပင်နိုင်တဲ့ အခင်းအကျင်း ဖန်တီးဖို့လိုတယ်၊ အင်အားစုတွေကြားမှာ နိုင်ငံရေးအရ ဒီထက်မက ဆွေးနွေးညှိနိုင်းဖို့ လိုအပ်နေတယ်” လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS- ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

ဒီဇင်ဘာ ၁၆ မှာ KNLA- ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုက သောင်ရင်းမြစ်ဘေးရှိ တချိန်က နာမည်ကြီး မာနယ်ပလောဌာနချုပ်စခန်းဟောင်းနေရာကို ပြန်သိမ်းနိုင်တာ... နိုင်ငံရေးအရ ဘယ်လိုခွန်အားဖြစ်စေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- မာနယ်ပလောစခန်းက ဘာကြောင့် သမိုင်းမှာ ထင်ရှားခဲ့တာလဲ...

- အခုခေတ်သစ်နိုင်ငံရေးမှာ မာနယ်ပလောပုံစံ တပ်ပေါင်းစုရုံးတွေ တနေရာတည်းမှာ စုနေဖို့ လိုအပ်သေးသလား...

- မာနယ်ပလောကိုသိမ်းပိုက်ခြင်း၊ ကရင့်တော်လှန်ရေးအရှိန်တက်လာခြင်းက နွေဦးတော်လှန်ရေးကို ဘယ်လို ခွန်အားဖြစ်စေသလဲ...

- ၂၀၂၅ မှာ နွေဦးတော်လှန်ရေး ဘယ်လောက်အထိ အရှိန်အဟုန်တက်လာနိုင်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း
ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More