Monday, December 16, 2024

အမ်း နပခ မှာ စစ်သားတွေ ရာနဲ့ချီပြီး AA ထံ လက်နက်ချ... ခေါင်လန်ဖူးမြို့က...


အမ်း နပခ မှာ စစ်သားတွေ ရာနဲ့ချီပြီး AA ထံ လက်နက်ချ...  ခေါင်လန်ဖူးမြို့က ပြည်သူ့စစ်စခန်း KIA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၇- ၁၂- ၂၀၂၄)

ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ နပခ (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) က စစ်သားတွေ ရာနဲ့ချီ အလံဖြူထောင် လက်နက်ချနေတဲ့ ဗီဒီယို မှတ်တမ်းကို AA (အာရက္ခတပ်တော်) က ဒီဇင်ဘာ ၁၆ ရက် ညမှာ ထုတ်ပြန်ပါတယ်။

“ဒီဇင်ဘာ ၁၆ ရက်နေ့၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ၏ ပကတိ မြေပြင် အခြေအနေများ” လို့ ခေါင်းစဉ်ပေးထားတဲ့ အဲဒီ  ဗီဒီယိုမှာ .. .“စောစော အလံဖြူထောင်ရင် စောစော အသက်ရှင်မယ်၊ မိသားစုနဲ့ စောစောတွေ့ရမယ်” လို့လည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မောင်တောက နခခ ၅ (အမှတ် ၅ နယ်ခြားစောင့်တပ်) နဲ့ တောင်ကုတ်က စကခ ၅ (အမှတ် ၅ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်) ကို သိမ်းပိုက်ပြီးနောက် အခု နောက်ဆုံးကျန်နေတဲ့ အမ်းက နပခ ရဲ့ နောက်ဆုံး အခြေအနေကို AA က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် နပခ တခုလုံးကို သိမ်းပိုက်လိုက်ပြီးလား ... စတဲ့ အသေးစိတ် အချက်လက်တွေကိုတော့ ဗီဒီယိုထဲမှာ ဖော်ပြမထားပါဘူး။

ဒါ့အပြင်...

- ကချင်ပြည်နယ် အထက်ပိုင်း၊ ခေါင်လန်ဖူးမြို့မှာ အင်အား ၁၀၀ ခန့်နဲ့ စခန်းထိုင်နေတဲ့ ဌာနေ ပြည်သူ့စစ် တပ်စခန်း တခုကို ဒီဇင်ဘာ ၁၅ မှာ KIA က သိမ်းပိုက်... 

- ကျောက်ကြီး မြို့နယ်၊ မူးသယ် လမ်းရှိ စစ်ကောင်စီ စခန်းကို ဒီဇင်ဘာ ၆ မှာ KNDO (ကရင်အမျိုးသား ကာကွယ်ရေးတပ်) က ဝင်တိုက်ရာမှာ စစ်ဗိုလ်တဦး အပါအဝင် ၃ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းမိ...

- ရန်ကုန်၊ ရဲတပ်ရင်း ၅ (မှော်ဘီ) က ရဲတပ်သား တဦးဟာ သေနတ် တလက်နဲ့အတူ တောင်သာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ဒီဇင်ဘာ ၁၆ မှာ အလင်းဝင်လာတဲ့အတွက် ကျပ် သိန်း ၅၀ ချီးမြှင့်...

- စစ်ကောင်စီဘက်က ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သားနဲ့ ရဲ ၃၃ ဦး ပြီးခဲ့တဲ့ နိုဝင်ဘာမှာ ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ ပြည်သူ့ရင်ခွင် အကောင်အထည် ဖော်ဆောင်မှု ဗဟိုကော်မတီက သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ် 
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More