ဖာပွန်က တောင်သုံးလုံး စခန်းသိမ်းပွဲမှာ ၁၂၀ မမ အပါဝင် လက်နက်များစွာရရှိ... ဗန်းမော်က စကခ ၂၁ မှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
(၁၃- ၁၂- ၂၀၂၄)
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်ရှိ စစ်ကောင်စီရဲ့ တောင်သုံးလုံး ဗျူဟာ စခန်းကို တော်လှန်ရေး တပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီး ၁၂၀ မမ လက်နက်ကြီး အပါအဝင် လက်နက်အများ သိမ်းမိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၁၊ မနက် ၅ နာရီခန့်မှာ သိမ်းလိုက်တာဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံးများကာ ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ၊ ပိုင့် ၅ စတဲ့ လက်နက်ကြီးတွေ အပါအဝင် လက်နက်မျိုးစုံ ၂၀ ကျော်နဲ့ ခဲယမ်းအမြောက်အမြား သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။
ဒီစစ်ဆင်ရေးကို KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်)၊ BPLA (ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်) နဲ့ FFD (Force For Federal Democracy) ဒရုန်းတပ်ဖွဲ့ ပူးပေါင်း ဆောင်ရွက်တာလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင်...
- တောင်ငူ (ကေတုမတီ) လေတပ် စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ MKCDF (Mountain Knight Civilian Defense Forces) က တိုက်ခိုက်...
- ဗန်းမော် မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး ရဲစခန်းနဲ့ ထွေအုပ်ရုံးအပါအဝင် မြို့ပေါ်ရပ်ကွက် အတော်များများကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ကာ... စကခ ၂၁ (စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) နဲ့ ခလရ ၄၇ ဖက်မှာ တိုက်ပွဲဖြစ်နေ...
- အင်းတော်မြိုမှာ နောက်ဆုံးကျန်နေတဲ့ ဂျပန်လိုဏ်ဂူ ကုန်းကို တော်လှန်ရေး တပ်ပေါင်းစုက ဝင်တိုက်ပြီး တိုက်ပွဲပြင်းထန်နေ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment