Tuesday, December 10, 2024

မောင်တော နခခ ၅ မှာ ရာနဲ့ချီတဲ့စစ်သားတွေ အလံဖြူထောင်... ဗန်းမော်မှာ တိုက်...


မောင်တော နခခ ၅ မှာ ရာနဲ့ချီတဲ့စစ်သားတွေ အလံဖြူထောင်... ဗန်းမော်မှာ တိုက်ပွဲဆက်ပြင်းထန်နေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၁၁- ၁၂- ၂၀၂၄)

ဒီမနက် သတင်း မထုတ်မလွှင့်ခင် နောက်ဆုံးဝင်လာတဲ့ သတင်းတွေအရ ... မောင်တောရှိ နခခ ၅ ကို သိမ်းပိုက်စဉ် ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေ အလံဖြူထောင် လက်နက်ချတာကို AA က ထုတ်ပြန်တဲ့ ဗီဒီယို မှတ်တမ်းမှာ မြင်ရပါတယ်။

ဒါ့အပြင် နခခ ၅ က အောက်ခြေ စစ်သားတွေကို စွန့်ပစ်ထားခဲ့ပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးသွားတဲ့ အမှတ် ၅  စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ စစ်ဖက်အရာရှိတွေကို လက်ရဖမ်းမိထားတဲ့ ပုံကိုလည်း တွေ့ရပါတယ်။

မောင်တောမှာ နောက်ဆုံး ကျန်နေတဲ့ နခခ ၅ ကို ဒီဇင်ဘာ ၈ မှာ လုံးဝ သိမ်းလိုက်ပြီဖြစ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ် နယ်စပ် အပါအဝင် မောင်တောဒေသ တခုလုံး လွတ်မြောက်သွားပြီလို့ AA က ပြောပါတယ်။

နခခ ၅ စခန်းဟာ မောင်တောမြို့ မြို့သူကြီးရပ်ကွက်မှာ အခိုင်အမာ အခြေစိုက်ပြီး အင်အား ၇၀၀ ကျော်နဲ့ အသေအလဲ ခုခံခဲ့တယ် … သံဆူးကြိုး ၂ ထပ် ကာထားတဲ့အပြင် သတ်ကွင်းတွေ၊ ရေမြောင်းတွေ၊ ကတုတ်ကျင်းပေါင်း ၁၀၀ ကျော်၊ အခိုင်မာ အဆောက်ဦ ၃၀ ကျော်ရှိတဲ့ မဆုတ်တမ်း ခံစစ်အဖြစ် စနစ်တကျ ပြင်ဆင်ထားတာမို့ အခုလို အချိန်ယူ တိုက်ခဲ့ရတယ်လို့ AA က ဆိုပါတယ်။

ဗီဒီယိုထဲမှာတော့ အဝေးကနေ လက်နက်ကြီးတွေနဲ့ အဆောက်အဦတွေကို အရင် ပစ်ခတ် ဖြိုခွင်းပြီးနောက် စစ်ကောင်စီဘက်က အတော်များများ သေဆုံးပြီးမှ စစ်သားတွေ အလံဖြူထောင် ထွက်လာတာကို တွေ့ရပါတယ်။

နခခ ၅ စခန်းသိမ်းပွဲမှာ စစ်သားလောင်း ၄၅၀ ကျော်တွေ့ရတယ်လို့  AA ကပြောဆိုပြီး သုံ့ပန်းတွေ ရာနဲ့ချီ၊ လက်နက်မျိုးစုံ ထောင်နဲ့ချီသိမ်းမိတာကို ဗီဒီယိုမှတ်တမ်းမှာ တွေ့ရပါတယ်။

ဒါ့အပြင်...

- AA  ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့ကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် လူနေအိမ် ၈ ဆောင်ထက်မနည်း မီးလောင်ပျက်စီး...

- ဟားခါးမြို့နဲ့  ၁၀ မိုင်ခန့်အကွာ ဟားခါး- ဖလမ်း လမ်းမပေါ်က ချွန်ကျုံး ရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်တဦးအပါအဝင် ၄ ဦး သေဆုံး...

- TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ ဆမ္မဆယ် ကျေးရွာကို စစ်ကောင်စ်ီတပ်က လက်နက်ကြီးနဲ့ ပစ်တဲ့အတွက် အရပ်သား ၃ ဦး ဒဏ်ရာရ...

- ဗန်းမော်မြို့မှာတော့ ၇ ရက် မြောက် မြို့သိမ်းတိုက်ပွဲအဖြစ် KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ထိုးစစ် ဆက်ပြင်းထန်နေပြီး မြို့ခံတွေ စစ်ဘေးရှောင်းနေရ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More