“AA က ရခိုင်ပြည်နယ်ထဲမှာပဲ နေမှာလား၊ သူ့ကို ဒုက္ခပေးလာနိုင်တဲ့ နေရာတွေအထိ ဆက်တိုး မှာလား”
- လင်းထက်အောင် (CDM - တပ်မတော်အရာရှိ)
(၃၀- ၁၂ -၂၀၂၄)
“AA လို ERO အဖွဲ့ကြီးက ရခိုင်ပြည်နယ်ထဲမှာပဲ နေမှာလား ဒါမှဟုတ် သူ့ကို အချိန်မရွေး တန်ပြန် ဒုက္ခပေးလာနိုင်တဲ့ နေရာတွေအထိ စစ်ကို ဆက်တိုးမှာလားဆိုတာ စောင့်ကြည့်ရမှာဖြစ်တယ်” လို့ CDM- ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။
၂၀၂၅ အတွင်း တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ် ပိုအရှိန်ကောင်းလာနိုင်သလား၊ စစ်ကောင်စီ ဘယ်လောက်အထိ မြန်မြန် ပြိုကျနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်အောင် ဘယ်လို ဆောင်ရွက်ကြမလဲ...
- အညာဒေသက တော်လှန်ရေးတပ်တွေ ပြောက်ကျားစစ်ကနေ ချေမှုန်းရေးစစ်ပွဲဆီတက်ဖို့ ဘာတွေလိုအပ်နေသလဲ...
- AA လိုအင်အားကြီးတဲ့ ERO တပ်က ရခိုင်ရိုးမဘေးမှာရှိတဲ့ ပကစ စက်ရုံတွေကို အချိန်မီ သိမ်းပိုက်ရေးက ဘယ်လောက်အရေးတကြီးလိုအပ်နေသလဲ...
- ၂၀၂၅ မှာ စစ်ကောင်စီတပ် အရှိန်အဟုန်နဲ့ ဆက်ပြိုကျဖို့ ဘာတွေ ဆောင်ရွက်သင့်သလဲ...
- စစ်တပ်လော်ဘီတွေကိုယ်တိုင် နေပြည်တော်ကနေ ထွက်ပြေးဖို့ပြင်နေကြပြီလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork
မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment